ပဉ္စမအကြိမ်မြောက်မြန်မာနိုင်ငံအတွက်စိုက်ပျိုးရေး ဓာတုဆေးဝါးများ ၊ ဓာတ်မြေသြဇာ နှင့်စက်ပစ္စည်းများဆိုင်ရာ နိုင်ငံတကာ ကုန်စည်ပြပွဲ နှင့်ဟောပြောပွဲ အခမ်းအနား
နေ့ရက်- ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၆ ~ ၇ ရက်နေ့အထိ။
နေရာ - ရို့စ်ဂါးဒင်းဟိုတယ်၊ အထက်ပန်းဆိုးတန်းလမ်း၊ ရန်ကုန်၊ မြန်မာ။
Agro Myanmar 2018 ပြပွဲ၏ ပြပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင်ရန်ကုန်မြို့ ၊ အထက် ပန်းဆိုးတန်းလမ်းရှိ ၊ရို့စ်ဂါးဒင်းဟိုတယ်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ Agro Myanmar နှင့် Agro Chemex သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံအများအပြား အတွက် နှစ်စဉ် ကျင်းပပြုလုပ်ပေးနေသော နိုင်ငံတကာ စိုက်ပျိုးရေးဆိုင်ရာ ကုန်စည်ပြပွဲ ဖြစ်ပြီး စိုက်ပျိုးရေး ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ဓာတုဆေးများ နှင့် စက်ပစ္စည်းများအကြောင်း အရှေ့တောင်အာရှတွင် ပြပွဲများ၏ ဦးဆောင် ကျင်းပနေသူ ဖြစ်သည်။ ထိုပြပွဲသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာ စေရန်၊ သင်ယူနိုင်ရန် နှင့်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် ၊ ကုန်သွယ်ရေး ဆက်ဆံမှုမြှင့်တင်နိုင်ရန် အကောင်းဆုံး ပြပွဲဖြစ်ပါသည်။ ပြပွဲဖွင့်ပွဲ အခမ်းအနား တွင် အစိုးရအရာရှိကြီးများ ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ ကိုယ်စားလှယ်များ၊ စက်မှုကျွမ်းကျင်သူများ နှင့် သတင်းမီဒီယာ များမှလည်း တက်ရောက်မည် ဖြစ်ပါသည်။
တရုတ်ကောက်ပဲသီးနှံ ကာကွယ်စောင့်ရှောက်ရေး စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (CCPIA)၊ တရုတ်အမျိုးသား ဓာတုသတင်းအချက်အလက် စင်တာ(CNCIC) နှင့် Minh Vi Exhibition & Advertisement Services Co., Ltd. (VEAS) တို့က ပူးပေါင်း စီစဉ်ကျင်းပသော Agro Myanmar 2018 ပြပွဲတွင် စိုက်ပျိုးရေး ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများ၊ စိုက်ပျိုးဓာတုဆေးဝါးများ စသော နယ်ပယ်များတွင် ဦးဆောင် နေသော နိုင်ငံတကာ ကုမ္ပဏီများမှ ကုန်ပစ္စည်း အမျိုးပေါင်း (၂၀၀) ကျော်ပါဝင်ပြသမည် ဖြစ်ပြီး အမျိုးမျိုး ဆန်းသစ်သော ထုတ်ကုန် ပစ္စည်းသစ်များ နှင့် စက်ပစ္စည်းများကို စူးစမ်းလေ့လာရန် ပြည်တွင်းမှသာမက ကမ္ဘာ့တဝှမ်း နှင့် အရှေ့တောင်အာရှမှလာရောက်လေ့လာသူပေါင်း (၂၀၀၀) ကျော်လိမ့်မည်ဟု ခန့်မှန်းထား ပါသည်။
ဒီပွဲကို လာရောက်ခြင်းအားဖြင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှု အစီအစဉ်မှတဆင့် ပစ္စည်းတင်သွင်းသူ အသစ်များ၊ ဖောက်သည်အသစ်များ၊ စီးပွားရေး မိတ်ဖက်အသစ်များ နှင့်လည်း ချိတ်ဆက်နိုင်သလို၊ ပညာရှင်များရဲ့ ဟောပြောပွဲ နှင့် ဆွေးနွေးပွဲများကို နားထောင်ရင်း အသိအမြင်များကို အပြန်အလှန် ဖလှယ်နိုင်မှာ ဖြစ်ပါတယ်။
B2B စီးပွားရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှု အစီအစဉ်တွင် ပါဝင်ဖို့ နှင့် ပြပွဲကို “အခမဲ့” လာရောက်လေ့လာဖို့ ဒီနေရာလေးတွင် https://docs.google.com/forms/d/e/1FAIpQLSesy84n-JPXJp7d94x35Ei6p-z5PuMjb2pF4q8_4dZf6cMNSA/viewformကြိုတင်စာရင်း ပေးသွင်းခြင်းဖြင့် လက်ဆောင်များလည်း ရယူလိုက်ပါ။
အသေးစိတ်သိရှိလိုပါက အောက်ပါ ဝက်ဆိုဒ် နှင့် ဖေ့စ်ဘုတ်ပေ့ချ် များတွင်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။
Website: http://bit.ly/AgroMyanmar2018
Facebook: www.facebook.com/ AgroInternationalExhibition
Email: [email protected]
Tel: 09 9420 025 684(Myanmar), +84 28 3848 8561 (International)
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 0 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 0 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
စပါးဘေးရွက်တွေ နီနေပါတယ်
Nay • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026