စပါးဈေး ၆၀၀၀၀၀ ကျပ်ထိ တက်လာပေမယ့် စိုက်ပျိုးစရိတ်မကာမိသေး

05/10/2021 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ယခုကာလသည် စပါးစိုက်တောင်သူများ စပါးရိတ်သိမ်းခြွေလှေ့ရောင်းချသည့် ရာသီတစ်ခုဖြစ်ပြီး လက်ရှိအနေအထားတွင် စပါးဈေးအနည်းငယ်တက်နေသော်လည်း စိုက်ပျိုးကုန်ကျစရိတ် မပြည့်မီသေးကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။

မနှစ်ကဈေးနဲ့ ယှဉ်ရင်တော့ စပါးဈေးတက်တယ်လို့တော့ ပြောလို့ရပေမယ့်လည်း စိုက်ပျိုးစရိတ်နဲ့မကာမိဘူး။ ဒီနှစ်က သွင်းအားစုစရိတ်တွေ သုံးဆလောက်ကို တက်တဲ့ နှစ်လေ။ မနှစ်ကစပါးဈေးက ငါးသိန်းနှစ်သောင်းကျပ် ဝန်းကျင်ဆိုတော့လေ။ အခုက ခြောက်သိန်းဆိုတော့ မနှစ်ကဈေးထက်စာရင် တက်တယ်။ သွင်းအားစုစရိတ်နဲ့တွက်ရင်တော့ မကိုက်ဘူး။ မနှစ်က ပုလဲဓာတ်မြေဩဇာတစ်အိတ်ကို နှစ်သောင်းနှစ်ထောင်ကျပ်၊ ဒီနှစ်မှာ တစ်အိတ်ကို ခြောက်သောင်းကျပ်ဆိုတော့ စိုက်ပျိုးစရိတ်က သုံးဆလောက်တိုးပြီးကုန်ကျတယ်လေ။ ဒါ့ကြောင့် အခုစပါးဈေးက သိပ်ပြီး ဈေးတက်တယ်လို့ ပြောလို့မရပါဘူး။

ဟု ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ ဂဏိန်းကျေးရွာမှ စပါးနှင့်သီးနှံစုံ စိုက်ပျိုးထုတ်လုပ်သူ ဦးထွန်းထွန်းဝေက ပြောသည်။

    လက်ရှိဈေးကွက်အတွင်း ဆင်းသုခစပါး (၅၅) ပေါင်အပြည့် တင်း ၁၀၀ လျှင် ငွေကျပ် (၆၀၀၀၀၀) နှုန်းဖြင့် တောင်သူများမှ ကုန်သည်များထံသို့ ရောင်းချနေကြောင်း သိရသည်။

ဒီနှစ် စပါးအထွက်နှုန်းကတော့ အခြောက်ကြဲစနစ်နဲ့ စိုက်ပျိုးတာမှာ တစ်ဧကကို တင်းရှစ်ဆယ်လောက်တော့ ထွက်နှုန်းရှိပါတယ်။ သို့သော် အခုချိန်မှာ မိုးနဲ့လေနဲ့ဆိုတော့ ကိုယ်တိုင်နေလှမ်းအခြောက်ခံလို့က အဆင်မပြေဘူးလေ။ ဒီတော့ ရိတ်သိမ်းခြွေလှေ့ပြီး စက်ကျအတိုင်းပဲကို ဆယ်တင်းကို တစ်တင်းနှုန်းနဲ့ ကုန်သည်ဆီတန်းပေးလိုက်တာပေါ့။ ဆယ်တင်းတစ်တင်းနှုန်းဆိုတာကတော့ ကုန်သည်က သူ့ဘာသာပြန်အခြောက်ခံပြီးမှ ရောင်းချရမှာဖြစ်လို့ အလေအလွင့်ရှိနိုင်လို့ ထည့်တွက်ပေးလိုက်တာပါ။

ဟု မိုးစပါးစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။

    ယခင်နှစ်များက စပါးတစ်ဧက စိုက်ပျိုးပါက တစ်ဧကစိုက်ပျိုးစရိတ်စုစုပေါင်း ငွေကျပ် (၂၅၀၀၀၀)ဝန်းကျင် ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်မှာ (၃)ဆဝန်းကျင် ပိုမိုကုန်ကျခဲ့ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများက ဆိုသည်။

    ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တင်ပို့မှုစာရင်းအရ ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁)ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ (၁၅)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ပေါင်း ၇၂၇၈၀၃.၉၁၈ တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၂၇၅.၀၇၈) ရရှိထားကြောင်း သိရသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်