မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးလ်နိုင်ငံ သံအမတ်ကြီး MFVP သို့ လာရောက်တွေ့ဆုံ

16/06/2021 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၄) ရက်က မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) သို့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးလ်နိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မနေ့ကညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးလ်နိုင်ငံသံအမတ်ကြီး HE.Ronen Gilor နဲ့အဖွဲ့ဦးဆောင်ပြီး ကျွန်တော်တို့ MFVP အသင်းကြီးနဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆုံတွေ့ပြီး အပူပိုင်းဒေသမှာရှိတဲ့ စိုက်ပျိုးရေးကဏ္ဍတွေ တိုးတက်စေဖို့အတွက် ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက်ပါ။ ခေတ်မီစိုက်ပျိုးရေးနည်းပညာတွေကို စနစ်တကျသိရှိအောင် ဖြန့်ဝေပေးချင်တဲ့ရည်ရွယ်ချက်နဲ့ လာရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP)၏ ဗဟိုအလုပ်အမှုဆောင် ဦးတင်အောင်က ပြောသည်။

    မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများအတွင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စိုက်ပျိုးရေးနည်းပညာဖွံ့ဖြိုးရေးသင်တန်းများ ပို့ချနိုင်စေရေး၊ ကျွမ်းကျင်သင်တန်းသားများစေလွှတ်ရေး စသည့်ကိစ္စရပ်များကို MFVP ဥက္ကဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ကနဦးအနေနဲ့တော့ စိုက်ပျိုးရေးနည်းပညာတွေကို Zoom ကို အသုံးပြုပြီး အွန်လိုင်းပို့ချသင်ကြားရေးအနေနဲ့ အရင်ဆုံး သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။ အွန်လိုင်းပြင်ပ သင်ကြားရေးအနေနဲ့ဆိုရင်လည်း သက်ဆိုင်ရာသီးနှံအလိုက် သင်ကြားမှုအဆင့်တွေခွဲခြားပြီး ဆက်လက်သင်ကြားပေးမှာပါ။ စိုက်ပျိုးရေးတက္ကသိုလ်က ကျောင်းသားတွေသာမက စိုက်ပျိုးရေးအခြေခံကိုနားလည်ပြီး စိတ်ပါဝင်စား ဝါသနာပါသူတွေလည်း သင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့ MFVP အသင်းကြီးကတော့ အဓိက ဦးဆောင်သူတွေအဖြစ်နဲ့ ပါဝင်ဆောင်ရွက်ပေးသွားမှာပါ။ သင်ကြားမှုမှာ သီအိုရီပိုင်းအပြင် ခြံတွေမှာလက်တွေ့ ပြသမှုတွေလည်းပါဝင်ပါမယ်။

ဟု ဦးတင်အောင်က ဆက်လက်ပြောကြားသည်။

    မြန်မာနိုင်ငံနှင့် အစ္စရေးနိုင်ငံတို့သည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နှစ်ပေါင်း(၆၀)ကျော်သက်တမ်းကြာ ပူးပေါင်းလုပ်ဆောင်မှုများ ရှိခဲ့ကြပြီဖြစ်သည်။

    ယခုသင်တန်းပို့ချမှုတွင် အဓိကအားဖြင့် အပူပိုင်းဒေသအတွင်း စိုက်ပျိုးထုတ်လုပ်နေသည့် သီးနှံအမျိုးအစားများအတွက် ကာလတိုသင်ရိုးများစီစဉ်ထားပြီး၊ သင်တန်းစတင်ပို့ချမှု လုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် ဇွန်လတတိယပတ်မှစတင်၍ စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်