ပြည်ပသို့ စပါးတင်ပို့ရောင်းချရာတွင် သေချာစွာ စာချုပ်ချုပ်ဆိုရောင်းဝယ်ရန် ဆန်စပါးအသင်းချုပ် အသိပေး

25/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ အောင်တိုဘာ ၂၄ ရက်။ 

   ပြည်ပသို့ စပါးတင်ပို့ရောင်းချရာတွင် ဝယ်သူနှင့် သေချာစွာစာချုပ်ချုပ်ဆိုရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးထုတ်ပြန်ထားသည်။

   အောက်တိုဘာလ ၂၂ ရက်က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့၏ ပူးတွဲအစည်းအဝေး ဆုံးဖြတ်ချက်များအနက်မှ ကောက်နုတ်ချက်များကို ယခုလ ၂၃ ရက်က ထုတ်ပြန်သည့် အသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

   နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ စပါးတင်ပို့ရောင်းချလိုသူများနှင့် ပင်လယ်ရေကြောင်းမှ အခြားနိုင်ငံများထံသို့ စပါးရောင်းချလိုသူများအနေဖြင့် ဝယ်သူနှင့် သေချာစွာ စာချုပ်ချုပ်ဆို ရောင်းဝယ်ရန်နှင့် ပို့ကုန်လိုင်စင်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများထံ တင်ပြညှိနှိုင်းဆောင်ရွက်ရန် အသိပေးထုတ်ပြန် ထားသည်။

   လာမည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း ပြည်ပနိုင်ငံများသို့ ဆန်ဈေးကွက် ရှာဖွေရေးအတွက် တရုတ်၊ ဖိလစ်ပိုင်နှင့် အာဖရိကနိုင်ငံများသို့ အဖွဲ့များခွဲ၍ သွားရောက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။

   အဆိုပါ အစည်းအဝေးတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကိစ္စရပ်၊ အသင်းချုပ်၏ ဒေသကော်မတီများ ဖွဲ့စည်းရေးကိစ္စရပ်၊ ပြည်ပဈေးကွက်မြှင့်တင်ရေးခရီးစဉ်များ သွားရောက်ရေးကိစ္စ၊ စပါးပြည်ပတင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင် ကုမ္ပဏီလီမိတက် (MAPCO)နှင့် (CITIC) တို့အကြား Cooperation Agreement ရေးထိုးရေးအား မှတ်တမ်းတင်ရန် စသည့် ကိစ္စရပ်များအပေါ်  ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရသည်။

   အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာခြင်းသည် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ က ထုတ်ပြန်ခြင်းဖြစ်သဖြင့် ဆန်စက်လုပ်ငန်းရှင်များအပါအဝင် နိုင်ငံအတွင်းရှိ စပါးဝယ်ယူသူအားလုံးသည် အဆိုပါထုတ်ပြန်ချက်တွင်ပါဝင်သည့် အခြေခံရည်ညွန်းစပါးစျေးနှုန်း/ စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ပြီး ဝယ်ယူခြင်းပြုလုပ်ပေးရေးရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

   ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဒေသကော်မတီများဖွဲ့စည်းရေးကို ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် လာမည့် နို၀င်ဘာလ၊ ဒီဇင်ဘာလများအတွင်း ပြီးပြတ်အောင်ဆောင်ရွက်ရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်ဆောင်ရွက်နိုင်ရေးကို ဦးစားပေး စီစဉ်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်