“အခြောက်ခံစက်နှင့် အသေးစား သိုလှောင်ရုံတည်ထောင်ရန် စိတ်ဝင်စားမှုရှိပါက တင်ပြအဆိုပြုနိုင်ကြောင်း ဖိတ်ခေါ်ခြင်း"
၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်စပါးသီးနှံ၏ ရိတ်သိမ်းပြီးနောက်ပိုင်း အရည်အသွေးမကျဆင်းစေရန်နှင့် ဆုံးရှုံးလျော့နည်းမှု သက်သာစေရန်ကိုလည်းကောင်း၊ စပါးများ စုပြုံပေါ်ချိန်တွင် အစိုဓာတ်မြင့်မားလေ့ရှိသော စပါးများအား စနစ်တကျ ဝယ်ယူအခြောက်ခံ သိုလှောင်ခြင်းဖြင့် ဝယ်လိုအားမြှင့်တင်နိုင်ကာ စပါးပေါ်ချိန် ဈေးကျဆင်းမှုအား ထိန်းသိမ်းနိုင်ရန်အတွက်လည်းကောင်း၊ ဈေးကွက်တည်ငြိမ်စေရန်အတွက် ကွင်းဆင်းဝယ်ယူရေး ဆောင်ရွက်သည့်အခါ စနစ်တကျအခြောက်ခံ၊ သိုလှောင်၊ ဝယ်ယူနိုင်ရေးအတွက်လည်းကောင်း၊ ကျေးလက်ဒေသတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့် အသေးစား အလတ်စားလုပ်ငန်းများကို အားပေးနိုင်ရန်အတွက်လည်းကောင်း အဓိကရည်ရွယ်၍ အခြောက်ခံစက်နှင့် အသေးစားသိုလှောင်ရုံ ပူးတွဲပါဝင်သည့် ရပ်ရွာအခြေပြု Drying & Storage Project (DSP) ကို အကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
၂။ ဤစီမံကိန်းကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အချက်အချာကျသော မိုးစပါး၊ နွေစပါး စိုက်ပျိုးမှုရှိသည့် ကျေးရွာ၊ ရပ်ကွက်များတွင် ဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ပြီး၊ ဒေသခံတောင်သူများ၊ ဒေသခံအသေးစားလုပ်ငန်းရှင်များ၏ စုပေါင်းပါဝင်ထည့်ဝင်မှုဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။ ခန့်မှန်းတွက်ချက်မှုအရ စီမံကိန်းတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ်သိန်း (၁၇၀၀) ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ်၏ အနည်းဆုံးသုံးပုံတစ်ပုံကို ဒေသခံများမှ ထည့်ဝင်ရန်နှင့် ကျန်လိုအပ်မှုကို သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရရှိစေရန်ကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရအပါအဝင် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများထံမှ အထောက်အပံ့ရရှိစေရန်ကိုလည်းကောင်း အသင်းချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။
၃။ အောက်ခြေအဆင့်၊ ကျေးရွာအဆင့်တွင် စုဖွဲ့ဆောင်ရွက်မှု အလေ့အထကို အားပေးအားမြှောက်ပြုရန်ရည်ရွယ်ပြီး ဒေသခံများ၊ တောင်သူလယ်သမားကြီးများ၏ ပါဝင်မှုကို ဦးစားပေးမည့်အစီအစဉ် ဖြစ်ပါသဖြင့် စိတ်ဝင်စား၍ လျောက်ထားအဆိုပြုရာတွင် အနည်းဆုံး (၅) ဦး စုဖွဲ့ဆောင်ရွက်သည့် အစုအဖွဲ့ဖြစ်ရန် လိုအပ်ပါသည်။ အသင်းချုပ်အနေဖြင့် ရမည်/ မရမည်ကို အာမခံမည်မဟုတ်ပဲ အသင်းချုပ်နှင့်အတူ ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်လိုသူများကိုသာ ဖိတ်ခေါ်ခြင်းဖြစ်သည်။ သို့ပါ၍ ပူးပေါင်းပါဝင်ရန် စိတ်ဝင်စားမှုရှိပါက အသင်းချုပ်ရုံးဖုန်း ၀၁ – ၂၁၈၂၆၆၊ ၂၁၈၂၆၇၊ ၂၃၀၁၁၂၈၊ ၂၃၀၁၁၂၉ တို့သို့ဖြစ်စေ၊ Email : [email protected] နှင့် Facebook Messenger တို့မှဖြစ်စေ ဆက်သွယ်အဆိုပြု တင်ပြနိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 0 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 1 ခု
GW11စပါးအနှံမှာအမဲရစ်ပါလာတာဘာလိုအပ်လို့ပါလဲေြဖေပးအုန်းပါဗျ
မင်မင်း • ဖြေကြားချက် 1 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
yan Naing Htwe • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026