ကျွဲကောသီးဇုန်ဖော်ဆောင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြေဧက ၃၀၀ ထပ်မံတင်ပြ
ရန်ကုန်၊ ဇူလိုင်၂၂ ရက်။
ကရင်ပြည်နယ်တွင် ကျွဲကောသီးစိုက်ပျိုးရေးဇုန် အကောင် အထည်ဖော်ဆောင်ရန်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြေဧက ၃၀၀ ခွင့်ပြုပေးရန် ထပ်မံတင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ကျွဲကောသီးဇုန် ဖော်ဆောင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ သို့ ၂၀၁၇ ခုနှစ်က မြေနေရာတောင်းဆိုခဲ့ခြင်းဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုပေးနိုင်ခြင်းမရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာအတွက် ထပ်မံတင်ပြရန် အသိပေးခြင်းကြောင့် ဇွန်လက ဒုတိယအကြိမ် တင်ပြထားကြောင်းသိရသည်။
“ပြည်ပက ကျွဲကောကို အလုံးအရင်းနဲ့ ဝယ်ချင်တယ်။ ဒါပေမယ့် ဦးတို့ဆီကထွက်တဲ့ ကျွဲကောသီးပမာဏက ပို့နိုင်တဲ့ပမာဏမရှိဘူး။ အဲ့ဒါကြောင့် ပြည်ပတင်ပို့နိုင်တဲ့ ပမာဏရဖို့အတွက် ဇုန်ကြီးတွေလုပ်ပြီးတော့မှ အလုံးအရင်းနဲ့ထုတ်ပြီးတော့ စျေးကွက်ကို သွားမှရမယ်။ အဲ့ဒါကြောင့် ဦးတို့က မွန်ပြည်နယ်အစိုးရနဲ့ သွားပြောတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း ညှိနှိုင်းတယ်။ ဒါပေမယ့် မြေကတော့ သိတဲ့အတိုင်း အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့လည်း ခွင့်ပြုမပေးနိုင်ဘူး။ ဒါက ဦးတို့အနေနဲ့ လုပ်မှာမဟုတ် ဘူး။ ကျွဲကောစိုက်တဲ့ တောင်သူတွေ ဝင်ရောက်လုပ်ကိုင်မှာဖြစ်တယ်။” မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်က ပြောသည်။
လက်ရှိတွင် မြန်မာ့ကျွဲကောအား ဝယ်ယူရန် တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်း မှုများရှိသော် လည်း ပြည်တွင်း၌ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်နိုင်မှုအားနည်းခြင်းကြောင့် ပြည်ပစျေးကွက်လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကျွဲကောသီးစိုက်ပျိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတောင်းဆိုထားသော်လည်း မြေယာအခက်အခဲများကြောင့် မြေနေရာပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အခု ကရင်ပြည်ကို နောက်ထပ် တင်ပြပါလို့ ပြောလာတဲ့အတွက် ဧက ၃၀၀ လောက် ဦးတို့ထပ်တင်တယ်။ အဲ့ဒါတင်ပြထားတာ တစ်လလောက်ပဲ ရှိသေးတယ်။ ပထမအကြိမ်တင်ပြတာက တစ်နှစ်ကျော်လောက်ရှိပြီ။ ကရင်ပြည်နယ် သစ်သီးဝလံအသင်းစဖွဲ့ကတည်းက တင်ပြတော့ ဝန်ကြီးချုပ်ကလည်း စိတ်ဝင်စားတယ်။ တကယ်တမ်းတော့ မြေနေရာကို မပေးနိုင်ကြဘူး။ ဦးတို့ကတော့ ကရင်ပြည်နယ်ထဲက အဆင်ပြေတဲ့နေရာပေးဖို့ တောင်းထားတယ်။” ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။
ပြည်တွင်း၌ ကျွဲကောသီးမျိုးစိတ်ပေါင်း ၂၀ ကျော်ရှိသော်လည်း ပန်းတစ်ကျွဲကောနှင့် ပျားကျွဲကောမျိုးစိတ်သာ ပြည်ပစျေးကွက်အများဆုံးရှိပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ကျွဲကောစိုက်ဧက ၅၀၀၀ ကျော်ရှိကြောင်း သိရသည်။
ကျွဲကောကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
အပင်အားဆေးလောင်တာမျိုးက ပြန်ဖြေလို့ရလားဗျ တကယ်လို့ပြန်ဖြေလို့ရရင် ဆေးလေးညွန်းပေးပါအုံး
nay • ဖြေကြားချက် 3 ခု
ဒီလိုဖြစ်နေတာ ဘာရောဂါလဲဗျာ လိုလိုဆေးတွေနဲ့ကုသရမလဲဆိုတာ ပြောပေးပါအုံး ဆရာတို့ (ခရမ်းကအခုမှစိုက်ဖူးတာပါ)
ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု
ကျွန်တော့်မတ်ပဲခင်းမှာအလိုအကောင်လေးတွေ့ရလို့ဘာဆေးသုံးရမလည်း ပြောပြကြပါအုံးဆရာတို့ရေ
zin min htet • ဖြေကြားချက် 1 ခု
ခရမ်းချဥ်ပင်မှာဖြစ်တဲ့ နှောင်းပင်နာကျရောဂါ ၊ ခါးရိရောဂါ ၊ဒေါင်းနီးရွက်ခြောက် ၊ပင်စည်နက်ရောဂါ အတွက် ( Metalaxyl )မက်တယ်လက်စီ ကိုအခြားမည်သည့်ဆေးနဲ့မှ မရောစပ်ဘဲ တစ်မျိုးထဲ အသုံးပြုမယ်ဆိုရင် ဖြစ်လာမယ့်ရောဂါတွေကို ကာကွယ်ကုသနိုင်စွမ်းရှိမရှိသိချင်ပါတယ်ဗျာ။ နားလည်သိကျွမ်းတဲ့ ဆရာကြီးများ ကျေးဇူးပြုပြီး ကျနော့ကိုပြောပြပေးကြပါဗျာ ။
Kyaw Soe Naing • ဖြေကြားချက် 2 ခု
ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
htike thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026