မရင့်မှည့်မီခူးဆွတ်ခြင်းနှင့် ခူးဆွတ်ပုံစနစ်မကျခြင်းတို့ကြောင့် ဒေသမျိုးရင်းထောပတ်သီးများ ဈေးကွက်ကျဆင်းခြင်းဖြစ်

25/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဒေသမျိုးရင်းထောပတ်သီးများ ဈေးကွက်ကျဆင်းရခြင်းမှာ ရင့်မှည့်ချိန်မတိုင်မီခူးဆွတ်ခြင်းနှင့် ခူးဆွတ်ပုံ စနစ်မကျခြင်းတို့ကြောင့် အဓိကဖြစ်ကြောင်း ထောပတ်စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။

ဒေသထောပတ်သီးတွေက ကောင်းပါတယ်။ ဒေသထောပတ်သီး ၇၀% လောက်က ကောင်းပါတယ်။ ဒါဆိုစားသုံးသူနဲ့ ဝယ်လက်ပွဲစားတွေက ဘာကြောင့်စိတ်ကျေနပ်မှုမရှိတာလဲဆိုရင် မရင့်မှည့်မီခူးဆွတ်တာက အဓိကအချက်ပါ။ မရင့်မှည့်မီခူးဆွတ်တာဟာ အရသာကိုလည်း မကောင်းသလို အထားလည်းမခံပါဘူး။ ရင့်မှည့်တယ်ဆိုတဲ့နေရာမှာလည်း တစ်လုံးရင့်မှည့်ရင် တစ်ပင်လုံးအသီးတွေရင့်ပြီလို့ ထင်ကြတယ်။ တကယ်တော့ မဟုတ်ဘူးဗျ။ ထောပတ်သီးက တချို့ပဲရင့်မှည့်ပြီး တချို့က အနုပဲရှိပါသေးတယ်။ ထောပတ်တောင်သူတွေက ဒါကိုမသိပဲ ခူးရောင်းမိတာမျိုးဖြစ်တတ်ပါတယ်။ မရင့်မှည်မီခူးဆွတ်တာဟာ စားသုံးသူကိုငြိုငြင်စေပြီး၊ ဝယ်လက်ပွဲစားတွေကိုလည်း ဆုံးရှူံးမှုများစေမှာပါ။ ပြဿနာအများဆုံးတက်တာကတော့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာဖြစ်တတ်ပါတယ်။ ဒီဇင်ဘာလမှာတော့ အသီးတော်တော်များက ရင့်ပါပြီ။

ဟု မြန်မာနိုင်ငံ ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

    အရည်အသွေးထိခိုက်မှုမရှိစေရန် မရင့်မှည့်မီခူးဆွတ်ခြင်းနှင့် ခူးဆွတ်ပုံစနစ်မကျခြင်းတို့အပြင် မှိုနှင့် ပိုးမွှားကျရောက်မှုကိုလည်း အထူးဂရုစိုက်ပေးရန်လိုအပ်ကြောင်း သိရသည်။ 

ခူးဆွတ်ပုံစနစ်မကျတာကတော့ အသီးတွေကို အလွယ်ရိုက်ချတာ၊ အပင်ကိုလှုပ်ခူးတာ စတဲ့နည်းတွေနဲ့ခူးယူရင် တစ်ခြမ်းပုပ်၊ အနာပါခြင်းဖြစ်တတ်တာကြောင့် စနစ်တကျ အညှာပါအောင်ခူးဆွတ်ရမယ်။ မှိုရောဂါကတော့ ထောပတ်ပင်ရဲ့ အဓိကရန်သူပါ။ အပင်မှာမှိုစွဲရင် မကောင်းသလို၊ အသီးမှာမှိုစွဲရင်လည်း ထောပတ်အခွံမျက်နှာပြင် ထိခိုက်ပြီး ထောပတ်သီးအခွံက သူ့ တာဝန်တွေကို ကောင်းစွာမထမ်းဆောင်နိုင်တဲ့အတွက် အတွင်းသားအရသာပါ ပျက်စေနိုင်တယ်။ ပိုးမွှားကိုက်ရင်လည်း ထိုနည်းတူပါပဲ။ ဒါကြောင့် organic နဲ့ဖြစ်ဖြစ် chemical နဲ့ဖြစ်ဖြစ် ကြိုတင်ကာကွယ်ဖို့အရေးကြီးပါတယ်။ အခုလို လိုက်နာရမယ့်အချက်တွေကိုလိုက်နာပြီး၊ ရှောင်သင့်တဲ့အချက်ကို ရှောင်မယ်ဆိုရင် စားသုံးတွေကို စိတ်ကျေနပ်မှုပေးနိုင်မှာပါ။

ဟု ဦးကျော်စိုးမင်းက ဆက်လက်ပြောသည်။

    ဈေးကွက်အတွင်းသို့ ထောပတ်သီးများ တင်ပို့ရောင်းချရာတွင် ပီနံအိတ်ခွံ/ဆာလာအိတ်ခွံတို့ဖြင့် ထုတ်ပိုးတင်ပို့ခြင်းသည် အသီးထိခိုက်မှုများတတ်ခြင်းကြောင့် ဂရုတစိုက်ဆောင်ရွက်သင့်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်