ကျိုက်လတ်မြို့နယ် လှိုင်းတာရွာမှာ ထောပတ်ခြံတည်ထားခြင်းမရှိဘဲ စပါးနဲ့ ပဲကိုသာ အဓိက စိုက်ပျိုးလျှက်ရှိ

19/09/2021 17:30 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

    ကျိုက်လတ်မြို့နယ်မှာ ထောပတ်ပင်များ စိုက်ပျိုးနိုင်ခြင်းမရှိသေးပဲ စပါးနဲ့ ပဲကိုသာ အဓိကထားပြီး စိုက်ပျိုးလျှက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ လှိုင်းတာကျေးရွာ နယ်မြေတာဝန်ခံ ဦးဌေးသန်းက Green Way ကို ပြောသည်။ ကျိုက်လတ်မြို့နယ်  လှိုင်းတာကျေးရွာမှာ ထောပတ်ပင်များ စီးပွားဖြစ်စိုက်ပျိုးကာ အသီးထွက်ရှိနေပြီး ထောပတ်ဈေးကွက်ဖြစ်ပေါ်လျှက်ရှိကြောင်း ရတနာပုံသတင်းစာက ကုန်ခဲ့တဲ့ လဆန်းပိုင်းက ရေးသားခဲ့ပေမယ့် သတင်းစာပါအချက်အလက်တွေက လွဲမှားနေတယ်လို့ လှိုင်းတာကျေးရွာမှ စိုက်ပျိုးရေးဌာန တာဝန်ခံ ဦးဌေးသန်းက ဖြေရှင်းပြောဆိုလိုက်တာပါ။

ကျွန်တော်ဆိုလိုချင်တာက တောဓလေ့ဆိုတော့ စီးပွားဖြစ် ခြံကြီးနဲ့စိုက်တယ်ဆိုရင် ဒီရွာကတော့မသိဘဲမနေဘူး။ နောက်ပြီးတော့ ရွာကလည်း ရွာကြီးဆိုတော့ ဈေးလေးတွေ ဘာလေးတွေလည်းရှိရမယ်လေ။ သတင်းစာထဲကပါတဲ့အတိုင်းဆိုရင် ကျိုက်လတ်မှာ ထောပတ်သီးအဝယ်ဒိုင် တစ်ဦးမှ မရှိဘူးခင်ဗျ။ အချက်အလက်တွေကတော် တော်လွဲနေတယ်။

    ကျိုက်လတ်မြို့နယ်လှိုင်းတာကျေးရွာမှာ လယ်ဧကက နှစ်ထောင်ကျော်ရှိပြီး မိုးရာသီမှာတော့ စပါးကိုအဓိကစိုက်ပျိုးပြီး ဆောင်းမှာတော့ စပါးနဲ့ မတ်ပဲကို အဓိကထားစိုက်ပျိုးပါတယ်။ ဧရာဝတီမြစ်ရင်းဒေသဖြစ်တဲ့ လှိုင်းတာရွာက မြေဆီသြဇာကောင်းမွန်ပြီး သရက်၊ သင်္ဘောနဲ့ငှက်ပျောပင်တွေကိုလည်း စိုက်ပျိုးကြပါတယ်။ ယခင်က မြေပဲ၊ နှမ်းနဲ့ နေကြာတို့ကိုလည်း စိုက်ပျိုးခဲ့တာတွေရှိခဲ့ပါတယ်။ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအပြင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာအုပ်စုရှိ နာမည်တူ လှိုင်းတာကျေးရွာမှာလည်း ထောပတ်စိုက်ခင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက Green Way ကိုအတည်ပြု ပြောကြားပါတယ်။

ထောပတ်နဲ့ပတ်သက်လို့ မကြားမိပါဘူး။ ကျွန်တော် မသိပါဘူး။ ထောပတ်က ကျွန်တော်တို့ဆီမှာထောပတ်စိုက်တာမရှိခဲ့ဘူး

    Mexican, Guatemalan နဲ့ West Indian တို့က ထောပတ်သီးရဲ့ အဓိက မျိုးအုပ်စုတွေ  အဖြစ်ခွဲခြားထားပြီး အဲ့ဒီထဲက West Indian မျိုးကတော့ မြေနိမ့်ဒေသမှာပေါက်ရောက်နိုင်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ ကျိုက်လတ်ဒေသမှာ ထောပတ်ခင်းမရှိပေမယ့် West Indian မျိုးရင်းဝင်ထောပတ်ပင်မျိုးက ရန်ကုန်မြို့မှာလည်းပေါက်ရောက်ပြီး နှစ်ပေါင်း ၃၀ နီးပါးအသီးသီးနေခဲ့ပါတယ်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်