အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မုန့်ဖုတ်ဆိုဒါကို မြေချဉ်ငန်တိုင်းဖို့နဲ့ အပင်ရောဂါတွေကာကွယ်ဖို့ အသုံးချခြင်း

မုန့်ဖုတ်ဆိုဒါကို မြေချဉ်ငန်တိုင်းဖို့နဲ့ အပင်ရောဂါတွေကာကွယ်ဖို့ အသုံးချခြင်း

သဘာဝပြုလုပ်နည်းတွေက အိမ်မှာဘဲ အလွယ်ပြုလုပ်နိုင်ကာ ကုန်ကျစရိတ်လည်း သက်သာမှုရှိပါတယ်။ ဒါ့အပြင် အိမ်လုပ်နည်းလမ်းလေးတွေဖြစ်တဲ့အတွက်  လူနဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဖို့ စိတ်ချလက်ချ အသုံးပြုနိုင်တဲ့ နည်းလမ်းလေးအချို့ကို မျှဝေပေးလိုက်ပါတယ် ။

 

pH မီတာအစားအသုံးပြုနိုင်ခြင်း

 

သီးနှံတွေမစိုက်ပျိုးခင်မှာ မြေဆီလွှာ စမ်းသပ်သင့်တာကို သိရှိပြီးသားဖြစ်မှာပါနော်။ ဒါကြောင့် pH မီတာကိုဝယ်လို့ကလည်း မလွယ်လို့ အိမ်မှာအလွယ်တကူ စမ်းသပ်ချင်တဲ့သူတွေအတွက် ရှာလကာရည်၊ မုန့်ဖုတ်ဆိုဒါတေွနဲ့ စမ်းသပ်နည်းလေးကိုပြောပြပေးလိုက်ရပါတယ်။

 

(၁)  စမ်းသပ်ချင်တဲ့ မြေကြီးကို ပုံးထဲထည့်ပြီး ရှာလကာရည်လောင်းထည့်လိုက်ရပါမယ်။ အမြှုပ်တစီစီထပြီး တစီစီအသံကြားပါက မြေငန်အမျိုးအစားလို့ဆိုနိုင်ပါတယ်။ pH က 7 အထက်မှာပါ။

 

(၂) ရှာလကာရည်နဲ့စမ်းလို့ အမြှုပ်မထဘူးဆိုရင်တော့ မြေကြီးနဲ့ရေကို ရွှံ့စေးဖြစ်အောင်ရောပြီး မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်လိုက်ပါ။ အမြှုပ်ထလာပါက မြေချဉ်အမျိုးအစား ဖြစ်တယ်လို့သတ်မှတ်နိုင်ပါတယ်။ pH 7 အောက် ရောက်နေတယ်လို့ ပြောနိုင်ပါတယ်။ 

 

(၃)  ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ ၂ ခုလုံးထည့်ကြည့်ပြီးတော့ အမြှုပ်မထဘူးဆိုရင်တော့ pH 7 ဝန်းကျင်ရှိတဲ့ မြေအမျိုးအစားလို့သတ်မှတ်နိုင်ပါတယ်။

 

မှိုသတ်ဆေးအဖြစ်သုံးနိုင်ခြင်း

 

သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြုချင်ရင်တော့ ရေ ၁ ဂါလံ ၊ မုန့်ဖုတ်ဆိုဒါ ၁ ဇွန်း ၊ castile ဆပ်ပြာ ( ဟင်းသီးဟင်းရွက်ဆီ ပါဝင်သော ဆပ်ပြာ) နဲ့ ဟင်းသီးဟင်းရွက်ဆီ ၁ ဇွန်းကို နှံ့စပ်အောင် ရောမွှေပြီး  မှိုရောဂါကျနေတဲ့ အပင်တွေကို ဖျန်းပေးနိုင်ပါတယ်။ ရောဂါဒဏ်ခံရပြီးသားအရွက်တွေကိုတော့ အရင်ဖယ်ရှား ပစ်ဖို့ လိုပါတယ်။ ဓာတုမပါဝင်တဲ့အတွက် အပင်တွေကို မှိုရောဂါကြိုတင်ကာကွယ်ဖို့လည်း ဖျန်းပက် အသုံးပြုနိုင်ပါတယ်။

 

ရွက်နက်ပြောက်ရောဂါ (black spot disease) အတွက်အသုံးပြုနိုင်ခြင်း

 

နှင်းဆီမှာဆိုးဝါးစွာကျတတ်တဲ့ ရွက်နက်ပြောက်ရောဂါ ကို မုန့်ဖုတ်ဆိုဒါ (၂ ဇွန်း သို့ ၃ ဇွန်း) နဲ့ရေ ၁ ဂါလံကို ရောပြီး ကြိုတင်ကာကွယ်ဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။ horticultural soap ( ရေနံဆီ သို့ အပင်တွေကထုတ်ထားတဲ့ဆီ ) နဲ့ပြုလုပ်ထားတဲ့ ဆပ်ပြာကို ထည့်ချင်လည်းရပါတယ်။ မထည့်ချင်လည်း ဘာမှမဖြစ်ပါ။ ရွက်ပြောက်ရောဂါကို ကာကွယ်ဖို့အတွက်ဆိုရင် အပတ်တိုင်းတော့ မှန်မှန်ဖျန်းပေးဖို့လိုပါမယ်။

 

 ref: HouseHold Hints by Heather Rodino

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 3 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 1 ခု

မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ

Thura Htun • ဖြေကြားချက် 2 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။