အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို နိုဝင်ဘာလ (၂၃)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာခြင်း

03/11/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို ယခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။

သင်တန်းအား တစ်ပတ်လျှင် ဗုဒ္ဓဟူး၊သောကြာ (၂)ရက်ဖြင့် စုစုပေါင်း (၂)လကြာမြင့်မည်ဖြစ်ပါသည်။ 

သင်တန်းအချိန်မှာ ည(၇:၀၀) နာရီ မှ (၈:၃၀) နာရီအထိ ဖြစ်ပါသည်။

သင်တန်းမှတ်ပုံတင်ကြေး (၃၀,၀၀၀)ကျပ်အား Kpay account ( 09663638279 - May Oo Khine) သို့ ပေးသွင်းနိုင်ပါသည်။

သင်တန်းမှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်းကို Screenshotနှင့်တကွ အမည်၊ဖုန်းနံပါတ်၊ Email addressတို့ဖြင့် Shwe Yaung So Pyay facebook page messenger သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

မှတ်ချက် ။   ။ Kpay မှ ငွေလွှဲသည့်အခါတွင် Kpay မှတ်ချက်တွင် အမည်နှင့်သင်တန်းအမည်အတိုကောက် BANC ဟုရေးသားဖော်ပြပေးရန်လိုအပ်ပါသည်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 09785117126 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

သင်တန်း၏ရည်ရွယ်ချက်မှာ -

၁။ အစာတွင်ပါဝင်သည့်အာဟာရများနှင့် ၄င်းတို့၏အစာချေဖျက်မှုဖြစ်စဉ်များကို နားလည်စေရန်။

၂။  အစာအမျိုးမျိုး၏ အာဟာရတန်ဖိုးများကို လေ့လာအကဲဖြတ်နိုင်ရန်။

၃။  မွေးမြူရေးတိရစ္ဆာန်များ၏ အာဟာရလိုအပ်ချက်များကို နားလည်သဘောပေါက်လာစေရန်တို့ဖြစ်ပါသည်။

      ထိုရည်ရွယ်ချက်များနှင့်အတူ မွေးမြူရေးဆိုင်ရာကျွမ်းကျင် ဆရာကြီး ၊ ဆရာမကြီးများမှ အောက်ဖော်ပြပါ သက်ဆိုင်ရာဘာသာရပ်အလိုက်ပို့ချမည်ဖြစ်ပါသည်။ 

(က)  တိရစ္ဆာန်နှင့် တိရစ္ဆာန်အစာမိတ်ဆက် (ဒေါက်တာတင်ငွေ နှင့် ဒေါက်တာမျိုးကြွယ်)

(ခ)  ကာဗွန်ဟိုက်ဒြိတ်များ (Carbohydrates) (ဒေါက်တာအေးစန္ဒာချို)

(ဂ)  အဆီများ (Lipids)  (ဒေါက်တာအေးစန္ဒာချို)

(ဃ)  ပရိုတိန်းများ (Proteins) (ဒေါက်တာအေးစန္ဒာချို) 

(င)  ဗီတာမင်များ ( Vitamins) (ဒေါက်တာနွဲ့နွဲ့ထင်)

(စ)  သတ္တုဓါတ်များ (Minerals) (ဒေါက်တာနှင်းရီစိုး)

(ဆ)  အင်ဇိုင်းနှင့်အစာချေဖျက်ခြင်း (Enzymes and Digestions) (ဒေါက်တာတင်ငွေ)

(ဇ)  မြက် ၊ မြက်ချဉ်ဖတ်နှင့်တိရစ္ဆာန်အစာပင်များ (ဒေါက်တာနေနိုင်ထူး)

(ဈ)  နွားမွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာတင်ငွေ)

(ည)  ဆိတ်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနေနိုင်ထူး)

(ဋ) ကြက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း   (ဒေါက်တာနွဲ့နွဲ့ထင်)

(ဌ)  ဝက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနှင်းရီစိုး)တို့ဖြစ်ပါသည်။

 သင်တန်းတက် ရောက်ရန် စိတ်ဝင်စားမည့်သူများ အောက်ဖော်ပြပါ Google Link တွင်စာရင်းပေးသွင်းနိုင်ပါသည်။

https://forms.gle/aqxKoRjpiWGatJQ5A

#Crd_to_Shwe Yaung So Pyay Fb page


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်