အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို နိုဝင်ဘာလ (၂၃)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်ကြောင်းကြေညာခြင်း
အခြေခံမွေးမြူရေးတိရစ္ဆာန်အာဟာရဗေဒသင်တန်း (အဆင့် - ၁)သင်တန်းကို ယခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် စတင်ဖွင့်လှစ်ပါမည်။
သင်တန်းအား တစ်ပတ်လျှင် ဗုဒ္ဓဟူး၊သောကြာ (၂)ရက်ဖြင့် စုစုပေါင်း (၂)လကြာမြင့်မည်ဖြစ်ပါသည်။
သင်တန်းအချိန်မှာ ည(၇:၀၀) နာရီ မှ (၈:၃၀) နာရီအထိ ဖြစ်ပါသည်။
သင်တန်းမှတ်ပုံတင်ကြေး (၃၀,၀၀၀)ကျပ်အား Kpay account ( 09663638279 - May Oo Khine) သို့ ပေးသွင်းနိုင်ပါသည်။
သင်တန်းမှတ်ပုံတင်ကြေးပေးသွင်းပြီးကြောင်းကို Screenshotနှင့်တကွ အမည်၊ဖုန်းနံပါတ်၊ Email addressတို့ဖြင့် Shwe Yaung So Pyay facebook page messenger သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မှတ်ချက် ။ ။ Kpay မှ ငွေလွှဲသည့်အခါတွင် Kpay မှတ်ချက်တွင် အမည်နှင့်သင်တန်းအမည်အတိုကောက် BANC ဟုရေးသားဖော်ပြပေးရန်လိုအပ်ပါသည်။
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက 09785117126 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်း၏ရည်ရွယ်ချက်မှာ -
၁။ အစာတွင်ပါဝင်သည့်အာဟာရများနှင့် ၄င်းတို့၏အစာချေဖျက်မှုဖြစ်စဉ်များကို နားလည်စေရန်။
၂။ အစာအမျိုးမျိုး၏ အာဟာရတန်ဖိုးများကို လေ့လာအကဲဖြတ်နိုင်ရန်။
၃။ မွေးမြူရေးတိရစ္ဆာန်များ၏ အာဟာရလိုအပ်ချက်များကို နားလည်သဘောပေါက်လာစေရန်တို့ဖြစ်ပါသည်။

ထိုရည်ရွယ်ချက်များနှင့်အတူ မွေးမြူရေးဆိုင်ရာကျွမ်းကျင် ဆရာကြီး ၊ ဆရာမကြီးများမှ အောက်ဖော်ပြပါ သက်ဆိုင်ရာဘာသာရပ်အလိုက်ပို့ချမည်ဖြစ်ပါသည်။
(က) တိရစ္ဆာန်နှင့် တိရစ္ဆာန်အစာမိတ်ဆက် (ဒေါက်တာတင်ငွေ နှင့် ဒေါက်တာမျိုးကြွယ်)
(ခ) ကာဗွန်ဟိုက်ဒြိတ်များ (Carbohydrates) (ဒေါက်တာအေးစန္ဒာချို)
(ဂ) အဆီများ (Lipids) (ဒေါက်တာအေးစန္ဒာချို)
(ဃ) ပရိုတိန်းများ (Proteins) (ဒေါက်တာအေးစန္ဒာချို)
(င) ဗီတာမင်များ ( Vitamins) (ဒေါက်တာနွဲ့နွဲ့ထင်)
(စ) သတ္တုဓါတ်များ (Minerals) (ဒေါက်တာနှင်းရီစိုး)
(ဆ) အင်ဇိုင်းနှင့်အစာချေဖျက်ခြင်း (Enzymes and Digestions) (ဒေါက်တာတင်ငွေ)
(ဇ) မြက် ၊ မြက်ချဉ်ဖတ်နှင့်တိရစ္ဆာန်အစာပင်များ (ဒေါက်တာနေနိုင်ထူး)
(ဈ) နွားမွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာတင်ငွေ)
(ည) ဆိတ်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနေနိုင်ထူး)
(ဋ) ကြက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနွဲ့နွဲ့ထင်)
(ဌ) ဝက်မွေးမြူရေးအာဟာရနှင့်အစာကျွေးခြင်း (ဒေါက်တာနှင်းရီစိုး)တို့ဖြစ်ပါသည်။
သင်တန်းတက် ရောက်ရန် စိတ်ဝင်စားမည့်သူများ အောက်ဖော်ပြပါ Google Link တွင်စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/aqxKoRjpiWGatJQ5A
#Crd_to_Shwe Yaung So Pyay Fb page
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
ပဲပုပ်နှင့် ပဲငပိကတူတူပဲလားဗျ ဒီဆေးတေသုံးလို့ရလားဗျ
ဇင်ကိုလတ် • ဖြေကြားချက် 0 ခု
နှိမ်နင်းရခက်တဲ့ဗီဇပြောင်းတက်ပွတ် တက်ကားကိုထိထိရောက်ရောက်နှိမ်နင်းနိုင်တဲ့ဆေးပေါ်ပြီလားဗျ
မျိုးဇော် • ဖြေကြားချက် 0 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 0 ခု
ပုံပါအတိုင်းရွက်ဖျားလေးတွေချောက်နေလို့ဘက်တီးရီးယားရွက်ခြောက်ကျတာလားခဗျ၅၈ရက်သားရှိပါပြီအခင်းက၄၅ကပဲ၁၅ပတ်လည်ကျွေးထားတာပါ
kyaw zin • ဖြေကြားချက် 0 ခု
ကွမ်းသီးပင်ကို ဖွဲ ပြာ အုံတယ် ၁၅ ပတ်လည် ကြွေးတယ် နွားသေးဖျန်းတယ် ၅ ရက်မြောက်မှာ အပင်တေက ဝါလာပီး တချို့ပင်တေက အရွက်ဖျားတေ ခြောက်လာလို့ ဘာလို့ပါလဲ ခင်ဗျ ဘာဖြစ်နိုင်လည်းခင်ဗျ ဘာလုပ်သင့်လည်းခင်ဗျ အပင်သေသွားနိုင်လားခင်ဗျ
Aung Ko Htwe • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....