ကွမ်းဈေးတက်လာသော်လည်း ယခင်နှစ်များကလောက် ဈေးကွက်အားရမှုမရှိ
ကွမ်းဈေးတက်လာသော်လည်း ယခင်နှစ်များကလောက် ဈေးကွက်အားရမှုမရှိကြောင်း မြန်မာပြည်အောက်ပိုင်း ကွမ်းဈေးကွက်မှ သိရသည်။
ကိုဗစ်နှိပ်စက်တာ အောက်ခြေကလူတွေနဲ့ စိုက်ပျိုးရေးသမားတွေကို အဓိကထိနေတယ်။ ကွမ်းစျေးက မှန်းလို့ကိုမရတော့ဘူး။ သီရိမင်္ဂလာဈေးမှာ အရင် ကိုဗစ်မဖြစ်ခင်တုန်းက စျေးကွက်က မနက်စျေးနဲ့ညစျေးဆိုပြီး နှစ်ခုခွဲထားတာ။ အခုက ညစျေးမရှိတော့ဘူး။ မနက်စျေးမှာပဲ နယ်စုံကကွမ်းတွေကို စုရောင်းနေရတယ်။ ဝယ်လက်က ပစ္စည်းများတော့ ကွမ်းကိုရွေးယူတာပေါ့။
ဟု ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မှော်သေးကျေးရွာမှ ကွမ်းစိုက်တောင်သူ ကိုထွန်းထွန်းက ပြောသည်။
ယခင်က သီရိမင်္ဂလာဈေးသို့ ဧရာဝတီတိုင်း ညောင်တုန်း၊ ပန်းတနော်၊ ကျောင်းကုန်းဒေသများမှ ရောက်ရှိလာသည့်ကွမ်းများကို ည(၈) နာရီဝန်းကျင်မှ မနက်(၄)နာရီခန့်အထိ ညဘက်စျေး၌ ရောင်းချပြီး၊ ရန်ကုန်တိုင်း ကော့မှူး၊ ကွမ်းခြံကုန်း၊ မြစ်တန်းသင်္ဘောဖြင့် ရောက်ရှိလာသည့် ကွမ်းများကို မနက်စျေး (၈)နာရီဝန်းကျင်မှစ၍ မွန့်တည်ပြီးချိန်အထိ ရောင်းချခဲ့ခြင်း ဖြစ်သည်။
အရင်က ကွမ်းမျိုးချင်းအတူတူကို တစ်နေရာထဲ နှစ်ချိန်ခွဲရောင်းတော့ ဝယ်လက်က လုဝယ်ရတဲ့သဘောမို့ စျေးခေါ်လို့ ကောင်းခဲ့တာပေါ့။ အခုကျတော့ ဒိုင်တွေကလည်း ကျလာသမျှ ခြံသမားကွမ်းကို မြန်မြန်ကုန်ရေး ဦးစားပေးရောင်းနေရတော့ သိပ်အိုက်တင်မခံရဲကြဖူးလေ။ အိုက်တင်ခံလိုက်ရင်လည်း နောက်တစ်နေ့မှ ကွမ်းကပြန်ရောင်းရမှာနဲ့ အပင်က ခူးထားတာနဲ့ဆို သုံးရက်ဖြစ်သွားမှာနဲ့ဆိုတော့လည်း အတင်းထိုးရောင်းရတဲ့ အနေအထားတွေ ဖြစ်နေတယ်။ အဓိကကတော့ ကိုဗစ်နှိပ်စက်ထားတာပဲ။
ဟု ကိုထွန်းထွန်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မိုးရာသီဖြစ်သဖြင့် ကွမ်းခြံတချို့ ရေနစ်မြှုပ်မှုများ ကြုံတွေ့ရခြင်းကြောင့် ကွမ်းဈေးကွက်မှာ အတက်ဘက်သို့ဦးတည်နေသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ချောင်းဘေးသဲမြေမှာဘာစိုက်ရင် အဆင်ပြေမလဲလူမကြည့်ရတာ
hlaing • ဖြေကြားချက် 1 ခု
ဆီးပင် စိပွားဖြစ်စိုက်ပျိုးနည်းမျှဝေပေးကြပါဗျာ
စောလှထွန်း • ဖြေကြားချက် 0 ခု
15ရက်သားပါမှိုဆေးနှင့်ဂျာပေါင်းသတ်ဆေးဘာအရင်ဖြန်းသင့်လဲး
ဝင်းဇော် • ဖြေကြားချက် 0 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
Ye Soe • ဖြေကြားချက် 1 ခု
ပဲတောင့်ရှည်အရွက်တွေဝါပြိးအဆစ်လိုက်ပျက်ကျဘာဆေးသုံးရမလဲ
Maung Maung Htay • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022