ဒုတိယအကြိမ်လာပြီ အွန်လိုင်း ဘိုကာရှီ ထရိန်နင်!

29/03/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကိုယ့်အိမ်က မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းတွေ၊ စားကြွင်းစားကျန်တွေကို စီမံဖို့ နည်းလမ်းရှာနေတဲ့သူတွေအတွက်~

“ရာသီဥတုကလဲပူ၊ အပြင်တောင်ထွက်လို့ မနိုင်ပါဘူး။ 

ဒါပေမဲ့လဲ ထိရောက်တဲ့သင်တန်းတော့တတ်ချင်သား” လို့ တွေးနေပြီဆိုရင်တော့ ကျွန်တော်တို့ CPM အဖွဲ့မှ Bokashi Composting Virtual Training ကို ထပ်မံဖွင့်လှစ်ပေးလိုက်ပြီမို့  ဒီအခွင့်အ‌ရေးက သင့်အတွက်ပါပဲ။ 🎉

ပြန်လည်မိတ်ဆက်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ Compost Point Myanmar သည် ရပ်ရွာလူထုအဖွဲ့အစည်းမှ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ သုံးစွဲထုတ်လုပ်မှုပုံစံကို ဦးဆောင်ပြောင်းလဲစေရန် ရည်ရွယ်၍ အကျိုးရှိစေမဲ့ မြေဆွေးမြေသြဇာ လုပ်နည်း သင်တန်းများနှင့် သက်ဆိုင်ရာ အော်ဂဲနစ် ဗဟုသုတ၊ အတွေ့အကြုံများကို ဝေမျှပေးနေတဲ့ လူငယ်ဦးဆောင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

📌ဒီသင်တန်းမှာတော့ မီးဖိုချောင်သုံးစွန့်ပစ်ပစ္စည်းများနှင့် အပင်အကြွင်းအကျန်များကို အဖိုးတန်မြေဆွေးဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ သေချာစွာသိနိုင်မဲ့ အပြင်

Bokashi နည်းနဲ့ မြေဆွေးလုပ်နည်းကို သေသေချာချာနားလည်သဘောပေါက်သွားစေမှာပါ။ 

📌ဒါ့အပြင် မိမိကိုယ်တိုင်အိမ်မှာ လက်တွေ့အသုံးချနိုင်တဲ့အထိ လေ့ကျင့်ချင်သူများအတွက် CPM ရဲ့ Bokashi Bran အမှုန့်ထုပ်များကို စီစစ်ရွေးချယ်ကာ လက်ဆောင်ပေးအပ်သွားမှာဖြစ်ပြီး လေ့ကျင့်နေစဥ်တစ်လျှောက်လဲ အောင်မြင်စွာပြီးဆုံးတဲ့အထိ ​​ကူညီအကြံပေးသွားမှာဖြစ်ပါတယ်။

📌Training အချက်အလက်အသေးစိတ်များ

  • နေ့ရက် - ၆ရက်၊ ဧပြီလ၊၊ ၂၀၂၃ (ကြာသပတေးနေ့)
  • အချိန် - ည ၇:၀၀ နာရီမှ ၈:၃၀ အထိ
  • ပလက်ဖောင်း - Zoom 
  • နောက်ဆုံး စာရင်းပိတ်မည့်နေ့- ၃ရက်၊ ဧပြီလ၊ ၂၀၂၃။ ည ၇:၀၀ နာရီ

ဒီတော့ ဘိုကာရှီနည်းလမ်းနဲ့ မြေဆွေးလုပ်ဖို့ စိတ်ဝင်စားတဲ့ မည်သူမဆို အောက်ပါ linkလေးထဲဝင်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

📌စာရင်းပေးသွင်းရန် link

https://forms.gle/Cf6gdkTxV7XGc4W78 

ကဲ ကိုယ့်နီးစပ်ရာက စိတ်ဝင်စားတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို လက်တို့ပေးလိုက်ပါဦးနော်။ 

Crd#Compost Point Myanmar

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်