မောင်နီပြောတဲ့ ဘူးသီးစိုက်ပျိုးနည်း

10/01/2025 13:00 PM တွင် မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

“ကိုမောင်နီ ကိုမောင်နီ”

“ဟေ.. အေးအေး လာ လာ မင်းတို့က ငါတောင် ခုမှထ တုန်းရှိသေး ဘာလုပ်ကြတာတုန်း”

“ကျုပ်တို့ ဘူးစိုက်မလို့ ကိုမောင်နီရ”

“အေးတော့် သူများ သားသမီးတွေများ ၁၄-၅ နှစ်နဲ့ စိုက်ရေးပျိုးရေးစိတ်ဝင်စားပြီး မိဘများ ကူသတဲ့၊ ငနီတို့များ ခုမှ ထသာပါတော်”

“ရော် အမ တို့ကလည်း၊ ကျုပ်လုပ်နေတာပဲ၊ ခုဆို တစ်ရွာလုံးက ကျုပ်အားကိုးနေရတာ မဟုတ်လား မင်းတို့ ဖြေလိုက်ကြ”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ကိုမောင်နီရယ် အဲ့ဒါကြောင့်လာခဲ့တာပဲ”

“ ဟုတ်ပါပြီ ငနီရယ် နင် စောစောလုပ်ခဲ့ရင် ကျုပ်တို့ သဌေးဖြစ်စောမှာ ဟီးဟီး ပြောကြ ပြောကြ အရွက်ကလေးများ သွားခူးလိုက်ဦးမယ်”

“ ကဲ မင်းတို့ ဘာပြော”

“ ဘူးပျိုးနည်း ပြောပြဦးလို့ မေးမလို့”

“ ဘူးသီး... ဟလား မင်းက အသီးစားမှာလား အညွှန့်ယူမှာလား”

“ အသီးဗျ အသီးမှ ကြီးကြီး ကြီးကြီး”

“ ဖြည်းဖြည်းလုပ်ပါဟ ငါခုနကမှ မျက်နှာသစ်ထားပါတယ်၊ အေး ပျိုးပြီးမှ စိုက်မယ်ဆိုရင် ပျိုးတာ အရင်ပြောတာပေါ့

  • မြေကြီးက တစ်ခွက်ကွာ
  • နွားချေး ဆွေးတို့ မြေဆွေးတို့က တစ်ခွက်
  • ပြီး မင့် ဖွဲပြာတစ်ခွက်ထည့်ပြီး မီးအေးအေးမွေးပြီး လှော်ချေ

အရမ်းမခြောက်စေနဲ့၊ အစိုဓာတ်လေး ရအောင် ရေလေး လောင်းလောင်းပေးရမယ်။ ရေနွေးငွေ့နဲ့ ပိုးသတ်တာပေါ့၊ (၁၀) မိနစ်လောက်ဆိုရပြီ၊ အအေးခံပြီးတော့ ပျိုးထုတ်ထဲထည့်တာဖြစ်ဖြစ်၊ ပျိုးဗန်းထဲ ထည့်တာဖြစ်ဖြစ် လုပ်မယ်ဆို မြေစပ်တာ ပြီးရော”

“ပြီးတော့ မျိုးစေ့တိုင်းလိုလိုကို သူတို့ မျိုးစေ့ရဲ့ (၂) ဆလောက်ထိပဲ ကျင်းအနက်မှာစိုက်ရမယ်။ ပိုနက်ရင်လည်းမကောင်းဘူး၊ မြေပေါ်နီးနေရင်လည်း မကောင်းဘူး။ အထုပ်နဲ့ဆို ပျိုးထုပ် တစ်ထုပ်ကိုတစ်စေ့ပဲထည့်”

“အဲ ပြီးတော့ ရေ၊ ရေကို မနက်ခင်းပိုင်းလောင်း၊ အပင်ကို မညှိုးစေနဲ့၊ နေပူထဲမထားနဲ့ အရိပ်ချည်းပဲလည်း အဆင်မပြေဘူး၊ အရိပ်တစ်ပိုင်း မနက်ကို နေတစ်ပိုင်းလောက်ရရင် အဆင်ပြေတယ်ဟ”

“ အယ်လို ထားလိုက်ရော မင့် ပြောင်းရွှေ့စိုက်တော့မယ်ဆိုရင် (၂) ရက် (၃)ရက်လောက် လိုသေးတဲ့အချိန်ကျ ရေဖြတ်တာ၊ နေရောင်ပိုပြတာမျိုးလုပ်ပေး၊ အာ့ဆို ပြောင်းစိုက်ရင် အရမ်းကြီး အားမနည်းတော့ဘူး၊ ရပလား”

“ရပြီ ရပြီ ကိုမောင်ကြီး ခုတောင်မေ့ချင်ချင်ဖြစ်နေပြီ အဲ့လောက်ဆိုရပြီ၊ ပျိုးပြီးမှ တစ်ခါလာမေးဦးမယ်”

“အေး နေပါဦး မင့်က ဗြုန်းစားကြီး ဘူးပင်တွေ ဘာတွေပြောလို့ ဘာဖြစ်လာတာလဲ”

“ကျုပ်ပြောပြမယ် ကိုမောင်နီ”

“ဟျောင့် မင်း…”

“ပြော ထက်ကိုရေ မင်းကောင်အကြောင်းမင်းဖော်မလား ငါဘာသာစုံစမ်းရမလား”

“ကျွန်တော် ပြောမှာ ပြောချင်လွန်းလို့ကိုစောင့်နေတာ၊ မနေ့ကရယ် ဒီကောင်လေ ရွာလယ်မှာမှ အိရွေဇင်ကို ရည်းစားစကားပြောတာ၊ ဟိုက နင်က ဘူးသီးတစ်လုံးတောင် ဖြစ်အောင်မစိုက်နိုင်ရင် မစဉ်းစားဘူးဆိုလို့ ဒီကောင်ကြီး ဘူပြီး ဘူးသီးသီးအောင် ကြံတာဗျို့”

“အော် အချစ်ဘူးလေးပါလား အောင်မင်းရယ် နင့်ဟာက”

“ ဟာ အမကလည်း ဘယ်ချိန်ကတည်းက ပြန်ရောက်နေတာတုန်း”

“ ခြံနောက်တင်ခူးတာကို နင်တို့သာ မကြား မမြင်တာပါတော်၊ ကျုပ်က အကုန်ကြား”

“ ဟျောင့် ထက်ကို ပြန်မယ် ပြန်မယ် ”

“ရှက်ရမ်းတွေ လုပ်မနေပါနဲ့ အေး ထ ထ ပြန်မယ်။

“အေးအေး ကြိုးစား ကြိုးစား ဘူးသီးရရင်လည်း အမတို့ လာပို့လှည့်ဦးနော့”

“အမကလည်း….ဗျာ”

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်