အသားတိုးကြက်ရုံ အမျိုးအစားများ (အလုံပိတ်စနစ် နှင့် အဖွင့်စနစ်)

21/12/2022 15:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် အသားတိုးကြက်ခြံများတွင် အသုံးပြုသည့် ကြက်ရုံများကို အဓိက အားဖြင့် အမျိုးအစား ၂ မျိုးခွဲခြားနိုင်သည်။ ပထမတစ်မျိုးမှာ ကြက်များအတွက် လိုအပ်သည့် ပတ်ဝန်းကျင် အခြေအနေ (အပူချိန်၊ စိုထိုင်းဆ၊ လေ ဝင်လေထွက်၊ အလင်းရောင် အစရှိသည်) ကို ထိန်းချုပ်ပေးနိုင်သည့် အအေးပေးအလုံပိတ်စနစ် ကြက်ရုံများ (Closed house) ဖြစ်သည်။ ဒုတိယတစ်မျိုးမှာ ပတ်ဝန်းကျင်အခြေ အနေများကို ထိန်းချုပ်မထားဘဲ သဘာဝကပေးသည့် ပတ်ဝန်းကျင်အနေအထားအတိုင်းနီးပါး ထားရှိကာ မွေး မြူသည့် အဖွင့်ကြက်ရုံ များ (Open house) များဖြစ်သည်။ 

ယင်းကြက်ရုံအမျိုးအစား နှစ်မျိုးစလုံးတွင် ကောင်းကျိုးနှင့် ဆိုးကျိုးများ ရှိနေပါသည်။ မိမိ၏ ငွေကြေး ရင်းနှီးမြှုပ်နှံနိုင်မှု မည်မျှမြင့်မားသည်၊ ကြက်မွေးမြူရေးအား မည်မျှကြာအောင်ဆောင်ရွက်နိုင်မည်၊ အခြားအ ရင်းအမြစ်များ မည်မျှကြွယ်ဝသည်၊ ကြက်ကောင်ရေ မည်မျှမွေးမြူမည် စသည်တို့ပေါ် မူတည်၍ မည်သည့် ကြက်ရုံ အမျိုးအစားကို ရွေးချယ်မည်ကို စဉ်းစားရန် လိုအပ်သည်။ 

အလုံပိတ်စနစ်၏ အားသာချက်များ

• ကြက်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်သဖြင့် ကြက်များ၏ ထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေသည်။ ကြက်ကြီးထွားနှုန်း၊ အစာမှ အသားအဖြစ် ပြောင်းလဲနှုန်း တို့ ပိုမိုကောင်းမွန်စေသည်။ ရာသီဥတုနှင့် အခြား ပတ်ဝန်းကျင်အခြေအနေများကြောင့် ကြက် များတွင် ဒဏ်ဖြစ်ပေါ်မှု (stress) သည် အလုံပိတ်စနစ်တွင် များစွာ လျော့နည်းသက်သာသည်။

• အလုံပိတ်စနစ်ဖြစ်သဖြင့် ကြက်ရုံအတွင်းသို့ ပြင်ပမှလူနှင့် တိရစ္ဆာန်များ လွယ်ကူစွာ ဝင်ရောက်၍ မရပါ။ ထို့ ကြောင့် ဇီဝလုံခြုံရေး ပိုမိုကောင်းမွန်ပြီး ရောဂါကျရောက်မှုကို လျော့နည်းသက်သာစေ သည်။ ရောဂါကျရောက်မှု လျော့နည်းသဖြင့် ကြက်သေနှုန်းနှင့် ဆေးကုသစရိတ်များကို လျော့ကျ သက်သာစေသည်။ 

• ကြက်တစ်သုတ်နှင့်တစ်သုတ်ကြား ပိုးသတ်သန့်စင်ရန် လွယ်ကူသည်။ (ဥပမာ ဓာတ်ငွေ့ဖြင့် ပိုး သတ်ခြင်း (fumigation) ကို ဆောင်ရွက်နိုင်သဖြင့် ကြက်ရုံအတွင်း ရှိသမျှနေရာအားလုံးရှိ ပိုးမွှား များကို လုံးဝကင်းစင်သွားအောင် ဆောင်ရွက်ပေးနိုင်သည်။ ယင်းသည် ဇီဝလုံခြုံရေးအတွက် ပိုမို ထိရောက်ကောင်းမွန်စေပြီး ရောဂါကျရောက်မှုကို လျော့နည်းစေကာ၊ ထုတ်လုပ်မှုကို မြင့်မားလာ စေသည်။ 

• အလုံပိတ်ကြက်ရုံများအတွင်း အစာကျွေးမွေးခြင်း၊ ရေတိုက်ခြင်း အစရှိသည့် စီမံခန့်ခွဲမှုများကို အလိုအလျောက်စနစ် (automatic system) များဖြင့် ဆောင်ရွက်နိုင်သဖြင့် လုပ်သားလိုအပ်ချက် ကို လျော့ချပြီး ကောင်ရေများစွာကို တပြိုင်နက် မွေးမြူနိုင်သည်။ 

• ကြက်များအတွက် ဒဏ်ဖြစ်ပေါ်မှု နည်းပါးခြင်း၊ ရောဂါကျရောက်မှုနည်းပါးခြင်းတို့ကြောင့် ပဋိဇီဝ ဆေးဝါးသုံးစွဲရမှု လျော့နည်းလာကာ အသားအတွင်း ဆွေးကြွင်းကျန်သည့် ပြဿနာများ၊ ပဋိဇီဝ ဆေးယဉ်ပါးမှု ပြဿနာများကို လျော့နည်းစေသည်။ 

အလုံပိတ်စနစ်၏ အားနည်းချက်များ

• ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားလွန်းသည့်အတွက် အသေးစားမွေးမြူသူများ၊ ယခုမှ စတင်၍ မွေး မြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူများအတွက် အခက်အခဲဖြစ်နိုင်သည်။ 

• ကောင်ရေအနည်းငယ်သာ မွေးမြူမည့်သူများအတွက် အလုံပိတ်ကြက်ရုံ ဝယ်ယူရန် ခက်ခဲသည်။

• လျှပ်စစ်မီးလိုအပ်ချက်ရှိပြီး၊ အမှားအယွင်းမခံပါ။ လျှပ်စစ်မီးမိနစ်အနည်းငယ် ပြတ်တောက်ရုံမျှ ဖြင့် ကြက်များ အသံရှူမွန်းကြပ်ကာ သေဆုံးမှု ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် ပုံမှန်လျှပ်စစ်မီးနှင့် အတူ အရန်သင့်အသုံးပြုရန် မီးစက်နှင့် စက်သုံးဆီကို အလုံအလောက်ဆောင်ထားရန် လိုအပ် သည်။

• ကြက်ရုံအတွက် လုပ်သားလိုအပ်ချက် လျော့နည်းသွားသော်လည်း ခန့်ထားရသည့် လုပ်သား အ နည်းငယ်သည် အဆင့်မြင့်စက်ပစ္စည်းများကို ထိန်းချုပ်ကိုင်တွယ်နိုင်သည့် ကျွမ်းကျင်မှု ရှိနေရန် လိုအပ်ပြန်သည်။ 

• အခိုင်အမာဆောက်လုပ်ထားရမည်ဖြစ်သဖြင့် လိုအပ်သည့် ခွင့်ပြုချက်များ၊ စာရွက်စာတမ်းများ၊ ရုံးလုပ်ငန်းစဉ်များ အများအပြားလိုအပ်သည်။ 

• ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားသည်။ 

 

အလုံပိတ်စနစ် ကြက်ရုံတစ်ရုံ၏ အပြင်ပိုင်း

 

အလုံပိတ်စနစ် အသားတိုးကြက်မွေးမြူရေးခဲ့ တစ်ခြံ၏ အတွင်းပိုင်းပုံ

အဖွင့်စနစ်၏ အားသာချက်များ

• ဒေသထွက်ပစ္စည်းများဖြင့်ပင် တည်ဆောက်နိုင်ပြီး မတည်အရင်းအနှီးကို လျော့နည်းစေသည်။ ထို့ ကြောင့် အသေးစားမွေးမြူရေးသမားများအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ အနည်းငယ်ဖြင့် လုပ်ငန်း စတင်နိုင်ရန် လွယ်ကူစေသည်။

• နည်းပညာ၊ ကျွမ်းကျင်မှု များများစားစားမလိုအပ်ဘဲ၊ သာမန်လုပ်သားများဖြင့် လုပ်ငန်းလည်ပတ် နိုင်သည်။ 

• ကြက်ရုံအတွက် စိုက်ထုတ်ထားသည့် အရင်းအနှီးနည်းသဖြင့် လုပ်ငန်းရပ်တန့်ခြင်း၊ တိုးချဲ့ခြင်း စသည့် ဆုံးဖြတ်ချက်များ ဆောင်ရွက်ရာတွင် ပိုမို၍ သက်တောင့်သက်သာ ရှိစေသည်။ 

• သဘာဝအလင်းရောင်၊ သဘာဝလေဝင်လေထွက် တို့ကို အတိုင်းအတာတစ်ခုအထိ မှီခိုနိုင်သဖြင့် လျှပ်စစ်မီးကုန်ကျစရိတ်ကို သက်သာစေသည်။ လျှပ်စစ်မီးမရှိသည့် နေရာများတွင်ပင် နေရောင် ခြည်စွမ်းအင်သုံး၍ အလင်းရောင်ပေးကာ မွေးမြူနိုင်သည်။ 

• များသောအားဖြင့် ကြက်ရုံငယ်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် တစ်ရုံလျှင် ကြက်အကောင် ၃၀၀၀ ခန့် မွေးမြူကြသည်။ ထို့ကြောင့် အကောင်ရေအနည်းငယ်သာ မွေးမြူသူများအတွက် ပို၍ အဆင်ပြေစေသည်။ အသက်အရွယ်မတူသော ကြက်အုပ်များကို ခွဲခြား၍ မွေးမြူရန် ပိုမိုလွယ်ကူ စေသည်။ ဥပမာ အလုံပိတ်ကြက်ရုံတွင် ကြက်ကောင်ရေ ၂၀၀၀၀ ခန့် တစ်ပြိုင်နက်တည်းမွေးမြူ ပါက ကြက်ဖမ်းချိန်တွင် ကြက်အားလုံးကို တပြိုင်နက်တည်း ထုတ်ရောင်းရမည် ဖြစ်သည်။ အဖွင့် စနစ် ကြက်ခြံများတွင်မူ ကြက်အကောင် ၃၀၀၀ ဆန့် ကြက်ရုံ ၇ ရုံတွင် ကြက်အသုတ် ၇ သုတ်ကို ရက်သတ္တပတ် ၁ ပတ်စီ ခြား၍ မွေးမြူပါက ကြက်အကောင် ၃၀၀၀ ခန့်စီကို အပတ်စဉ် ထုတ်လုပ် ရောင်းချနိုင်မည် ဖြစ်သည်။ 

အဖွင့်စနစ်၏ အားနည်းချက်များ

• ကြက်များအတွက် အကောင်းဆုံး ပတ်ဝန်းကျင်အခြေအနေကို မဖန်တီးပေးနိုင်သဖြင့် ထုတ်လုပ် မှု အပြည့်အဝ မရနိုင်ပါ။

• ဇီဝလုံခြုံရေး အားနည်းသည်။ လေဝင်လေထွက်နှင့် အလင်းရောင်အတွက် ကြက်ရုံကို ပိုက်ကျဲ ဇကာများဖြင့်သာ ကာထားရလေ့ရှိသည်။ ထို့ကြောင့် ကြွက်၊ ခြင်၊ ယင်၊ ငှက်ရိုင်းများ ကြက်ရုံထဲသို့ အလွယ်တကူ ဝင်ရောက်ကာ ရောဂါကူးစက်ပျံ့ပွားစေနိုင်သည်။ 

• ပဋိဇီဝဆေးဝါးများကို လက်မလွှတ်တမ်း အသုံးပြုနေရသည်။ 

• ကြက်များ အလွယ်တကူ အခိုးခံရနိုင်သည်။ 

 

အဖွင့်ကြက်ရုံတစ်ရုံ၏ အတွင်းပိုင်း

အအေးပေးအလုံပိတ်စနစ်တွင် အားသာချက်များစွာရှိသော်လည်း  အသေးစားမွေးမြူသူများအနေဖြင့် မူ လုပ်ငန်းစတင်လုပ်ဆောင်ရာတွင် အဖွင့်စနစ်ကိုသာ အသုံးပြု၍ စတင်ဆောင်ရွက်နိုင်မည် ဖြစ်သည်။ 

အအေးပေးအလုံပိတ်ကြက်ရုံကို အသုံးပြုသည်ဖြစ်စေ၊ အဖွင့်စနစ်ကြက်ရုံများကို အသုံးပြုသည်ဖြစ် စေ၊ ယင်းကြက်ရုံနှစ်မျိုးစလုံးတွင် ပုံစံကွဲနှစ်မျိုးစီ တွေ့ရနိုင်သည်။ ပထမတစ်မျိုးမှာ ဖွဲခင်းထူစနစ် ဖြစ်ပြီး၊ ကျန် တစ်မျိုးမှာ ကြမ်းခင်းစနစ် ဖြစ်သည်။ ယင်းတို့ကို ရွေးချယ်ရာတွင်လည်း မိမိ၏ အခြေအနေနှင့် လိုက်လျောညီ ထွေစွာ ရွေးချယ်ရမည် ဖြစ်သည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်