ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်း

13/12/2013 07:34 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရွံ့အိမ် ဆောက်လုပ်ခြင်း သင်တန်းကို ၂၀၁၄ ဇန်နဝါရီလ ၃ ရက်မှ ၃၀ ရက်နေ့အထိ တစ်လအကြာ အင်္ဂလိပ်လို သင်ကြားသွားမှာဖြစ်ပါတယ်။ တစ်လကြာသင်မယ့် သင်တန်းမှာ ရွံ့အုတ်နဲ့ တည်ဆောက်တဲ့ နည်းပညာဖြစ်ပြီး စာသင်ပေးခြင်းအစား လက်တွေ့အဓိကထားပြီး အဖွဲ့လိုက် အတူတကွ လုပ်ဆောင်သွားပြီး ဆောက်လုပ်မှု အဆင်တိုင်း ကို ကျော်ဖြတ်ကာ နည်းပညာ ရရှိစေမှာ ဖြစ်ကြောင်း သိရပါတယ်။ သင်တန်းရဲ့ အဓိက ဦးတည်ချက်ကတော့ သူတို့ တည်ဆောက်ပြီးခဲ့တဲ့ နည်းပညာတွေကို မျှဝေပေးမှာဖြစ်ပြီး ကိုယ်တိုင် ပြန်လည် တည်ဆောက်နိုင်သည် အထိ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတော့ သီအိုရီသင်ကြားတဲ့ အပိုင်းလည်း အနည်းငယ် ထည့်သွင်းထားပါတယ်။ ဒီသင်တန်းအပြင် ခြံထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ သြဂဲနစ်စိုက်ပျိုးရေး၊ အခြား ဆက်စပ် နည်းပညာတွေနဲ့ ရေရည်တည်တံ့တဲ့ နေထိုင်းမှု နည်းလမ်တွေကိုပါ ထည့်သွင်း သွားမည်ဟု သိရပါတယ်။ နိုင်ငံပေါင်းစုံက လူတွေ လာတက်ရောက်ကြမှာ ဖြစ်ပြီး အတွေ့အကြုံ၊ ဗဟုသုတ များစွာ လေ့လာခွင့် ဖလှယ်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အချက်အလက်အပြည့်အစုံကို http://www.punpunthailand.org/?page_id=1175 မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ ဒါမှမဟုတ် စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ Peggy ရဲ့ အီးမေး [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

 

 

ပန်ပန် သြဂဲနစ်ခြံက စတင်တည်ထောင်ခဲ့တာ ၁၀ ကျော်ကြာပြီဖြစ်ပြီး သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝအိမ် ဖြင့် ရေရည်တည်တံ့တဲ့ လူနေမှုစနစ်ကို ကျင့်သုံးနေတဲ့ ဂေဟာ တစ်ခုဖြစ်ပါတယ်။ အဲဒီခြံထဲမှာ လေ့လာစရာတွေ များစွာရှိပြီး အဓိက အနေဖြင့် သြဂဲနစ်စိုက်ပျိုးရေး၊ သဘာဝ အိမ်၊ နေရောင်ခြည် ရေပူ စနစ်များ၊ ရေသန့်စင်ခြင်း၊ ဒေသမျိုးစေ့များ ထိန်းသိမ်းခြင်း၊ အိမ်သာနှင့် စွန်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု၊ သြဂဲနစ် ကြက်မွေးမြူရေး တို့ဖြစ်ပါတယ်။ ခြံတည်နေရာကတော့ ချင်းမိုင်မြို့ အနီးမှာပြီး အသေးစိတ်သိလိုပါက http://www.punpunthailand.org/ မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်