ကယ်လ်စီယမ်ဓာတ်က အာလူးပင်ဘက်တီးရီးယားပင်ညှိုးရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိ

09/05/2024 11:48 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကယ်လ်စီယမ်ဓာတ်ဟာ အာလူးပင်မှာကျရောက်တဲ့ ဘက်တီးရီးယားပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိအောင် မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှာပါဝင်နေကြောင်း သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။ အဆိုပါရောဂါကြောင့် ကမ္ဘာတစ်ဝန်းရှိ အာလူးစိုက်ခင်းတွေမှာ တစ်နှစ်ကို ဒေါ်လာ ၁၉ ဘီလီယံ ဆုံးရှုံးနေတာလည်း ဖြစ်ပါတယ်။ အဆိုပါတွေ့ရှိချက်များအရ အာလူးမှာကျရောက်တဲ့ ဘက်တီးရီးယားပင်ညှိုးရောဂါကို ထိန်းချုပ်ဖို့ရာကျယ်ပြန့်သော ချဉ်းကပ်မှုတစ်ခုအဖြစ် မြေဆီလွှာတွင် ကယ်လ်စီယမ်ပြင်ဆင်မှုဆိုင်ရာ အလားအလာများအပါအဝင် ဘက်စုံရောဂါစီမံခန့်ခွဲမှုဗျူဟာများအတွက် လမ်းကြောင်းအသစ်များကို ဖွင့်လှစ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

ယခုလေ့လာတွေ့ရှိမှုကို Applied and Environmental Microbiology မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Ralstonia solanacearum species complex (RSSC) ဆိုတာဟာ သီးနှံအများအပြားမှာ ဘက်တီးရီးယားပင်ညှိုးရောဂါကို ဖြစ်စေနိုင်သော phytopathogenic ဘက်တီးရီးယားအုပ်စုဖြစ်ပါတယ်။ 

"ကျွန်မတို့ရဲ့ သုတေသနအဖွဲ့ဟာ Ralstonia solancearum-potato pathosystem ကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီး ဘက်တီးရီးယားပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိတဲ့ အာလူးမျိုးကွဲတွေ ဖော်ထုတ်ဖို့ကို အဓိကအလေးထားလုပ်ဆောင်ပါတယ်" လို့ ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒေးယိုမြို့ရှိ Republic တက္ကသိုလ် ဇီဝသိပ္ပံဌာနမှ ဆက်စပ်လေ့လာရေးစာတမ်းရေးသားသူ Ph.D ဘွဲ့ရ María Inés Siri က ပြောကြားခဲ့ပါတယ်။ 

ဘက်တီးရီးယားပင်ညှိုးကဲ့သို့ ရောဂါစနစ်ဟာ ကပ်ပါးရောဂါနဲ့ အတိအကျသတ်မှတ်ထားတဲ့ ဂေဟစနစ်ရဲ့ စနစ်ခွဲတွေဖြစ်ပြီး ကပ်ပါးပိုးဟာ ဘယ်မျိုးစိတ်မှာမဆို ၎င်းရဲ့ သက်တမ်းတစ်လျှောက် ရှင်သန်နေထိုင်ခြင်းနဲ့ လက်ခံပင်မှ အာဟာရဓာတ်များ ရယူခြင်းရဲ့ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ယခုအချိန်အထိတိုင်အောင် အာလူးပင်ရဲ့ ionome (သတ္တုဓာတ်နှင့် ခြေရာခံဒြပ်စင်များ ပါဝင်မှု) နဲ့ RSSC ကို ခံနိုင်ရည်ရှိသော အဆင့်များအကြား ဆက်စပ်မှုကိုတော့ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း Siri မှ ပြောကြားခဲ့ပါတယ်။

လေ့လာမှုအသစ်မှာတော့ သုတေသီတွေဟာ ဘက်တီးရီးယားပိုးမွှားများကို ခံနိုင်ရည်ရှိမှုရဲ့ ခြားနားသောအဆင့်များအား အာလူးမျိုးဗီဇကွဲ (Genotype) များကို အသုံးပြုပြီး ၎င်းတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ပါတယ်။ အဆိုပါချဉ်းကပ်တဲ့နည်းလမ်းဟာ သုတေသီများအား အပင်များအတွင်း ၎င်းတို့ရဲ့ သတ္တုဓာတ်ပါဝင်မှုများနဲ့ ချိတ်ဆက်ပြီး သဘာဝခုခံမှုအဆင့် မည်မျှကွဲပြားတယ်ဆိုတာကို ဆန်းစစ်နိုင်စေခဲ့ပါတယ်။ 

သုတေသီတွေဟာ အထူးသဖြင့် သတ္တုဓာတ်များ၊ ကယ်လ်စီယမ်နဲ့ အပင်ရဲ့ ဘက်တီးရီးယားပင်ညှိုးရောဂါကို ခံနိုင်ရည်ရှိမှုများအကြား ဆက်စပ်မှုကို အလေးထားပြီး အာလူးပင်ရဲ့ ရေကြော၊ အမြစ်၊ ပင်စည်နဲ့ အရွက်များကဲ့သို့ အစိတ်အပိုင်းအမျိုးမျိုးမှာ သတ္တုဓာတ်များပါဝင်နေမှုကို အကဲဖြတ်ခဲ့ကြပါတယ်။ 

အဆိုပါ သတ္တုဓာတ်များကို အကဲဖြတ်ပြီးတဲ့နောက် သိပ္ပံပညာရှင်တွေဟာ ရောဂါပိုးရဲ့ ကြီးထွားနှုန်း၊ အဏုဇီဝရုပ်ပွားများ အစုအဝေး (biofilms) ဖွဲ့စည်းနိုင်မှုနဲ့ ရွေ့လျားနိုင်မှုများ အပါအဝင် ရောဂါပိုးရဲ့ပြင်းထန်မှုနဲ့ဆက်စပ်သော ရှုထောင့်များစွာမှာ ကယ်လ်စီယမ်ရဲ့ အကျိုးသက်ရောက်မှုကို စူးစမ်းလေ့လာခဲ့ကြပါတယ်။ 

ထို့အပြင် သုတေသီတွေဟာ ထိန်းချုပ်ထားသော inoculation စမ်းသပ်မှုများမှတဆင့် အပင်ခံနိုင်ရည်ရှိမှု တိုးတက်လာခြင်းအပေါ် ကယ်လ်စီယမ်ရဲ့ အကျိုးသက်ရောက်မှုကို အကဲဖြတ်ပြီး ကယ်လ်စီယမ်ဖြည့်စွက်ကျွေးခြင်းဟာ အာလူးပင်ရဲ့ ဘက်တီးရီးယားပိုးမွှားများကို တိုက်ဖျက်သည့် ကာကွယ်ရေးယန္တရားများကို ဘယ်လိုအားကောင်းစေနိုင်သလဲဆိုတဲ့ ကျယ်ပြန့်တဲ့အမြင်ကို ပေးဆောင်နိုင်တာ ဖြစ်ပါတယ်။ 

သုတေသီအဖွဲ့ဟာ ကယ်လစီယမ်ပါဝင်မှုပြင်းအားနဲ့ အာလူးမျိုးဗီဇများရဲ့ ဘက်တီးရီးယားပင်ညှိုးရောဂါ ခံနိုင်ရည်ရှိမှု အဆင့်များကြား အပြုသဘောဆောင်သော ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အာလူးပင်မှာ ကယ်လ်စီယမ်ဓာတ်ဖြည့်စွက်ပေးခြင်းဟာ ပင်ညှိုးရောဂါဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေရဲ့ ကြီးထွားနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ရောဂါပြင်းအားနဲ့ ရောဂါဖြစ်စေနိုင်မှုတို့အတွက် အရေးပါသော အဏုဇီဝရုပ်ပွားများ အစုအဝေး (biofilms) ဖွဲ့စည်းနိုင်မှုနဲ့ ရွေ့လျားနိုင်မှုတို့ကို ဆိုးကျိုးသက်ရောက်စေနိုင်တာ ဖြစ်ပါတယ်။ 

"ကျွန်မတို့ရဲ့ ရှာဖွေတွေ့ရှိချက်များကနေ အနာဂတ် သုတေသနအတွက် စိတ်လှုပ်ရှားဖွယ်ရာ လမ်းကြောင်းများစွာကို ရရှိစေပါတယ်" လို့ Siri က ပြောကြားခဲ့ပါတယ်။ 

"ကျွန်မတို့ဟာ အပင်ကာကွယ်ရေး ယန္တရားများနဲ့ ရောဂါပိုးရဲ့ ပြင်းအားအပါအဝင် ကယ်လ်စီယမ်လမ်းကြောင်းပြောင်းမှုအဆင့်မှာ ရောဂါစနစ်အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာ နားလည်သဘောပေါက်လာစေရန် ပိုမိုနက်ရှိုင်းစွာ စေ့စေ့စပ်စပ်လုပ်ဆောင်ရန် စီစဉ်ထားပါတယ်။ ကျွန်မတို့အနေနဲ့ အပင်ရဲ့ခံနိုင်ရည်ရှိမှုအတွက် အဏုဇီဝသက်ရှိများရဲ့ အခန်းကဏ္ဍကို စူးစမ်းလေ့လာဖို့နဲ့ ကယ်လ်စီယမ်အသုံးပြုခြင်းကို ပေါင်းစပ်ထားသည့် လက်တွေ့ကျသော စိုက်ခင်းစီမံခန့်ခွဲမှုနည်းဗျူဟာများကို ဖော်ထုတ်ရန်လည်း ရည်ရွယ်ပါတယ်။" 

အဆိုပါလေ့လာမှုဟာ အပင်ရဲ့ အစာရေကြောစနစ်ကိုတုပတဲ့ အခြေအနေများအောက်မှာ ရောဂါပိုးကြီးထွားမှုနဲ့ အဏုဇီဝရုပ်ပွားများ ဖွဲ့စည်းနိုင်မှုကို စောင့်ကြည့်ရန် ဆဲလ်မွေးမြူတဲ့အခန်း (microfluidic chambers)  များကို ပထမဆုံးအသုံးပြုခြင်းဖြစ်တယ်လို့ Siri မှ ပြောကြားခဲ့ပါတယ်။ အဆိုပါ ဆန်းသစ်သော ချဉ်းကပ်မှုနည်းလမ်းဟာ ကယ်လ်စီယမ်ထောက်ပံ့ပေးခြင်းဖြင့် ရောဂါပြင်းထန်မှုအတွက် အဓိကကျသော အဏုဇီဝရုပ်ပွားများ ဖွဲ့စည်းနိုင်မှုကို မည်ကဲ့သို့ တားဆီးနိုင်သလဲဆိုတဲ့ အဖိုးတန်သော ထိုးထွင်းသိမြင်မှုကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ 

"ထို့အပြင် နည်းပညာဆိုင်ရာတိုးတက်မှုဟာ ကျွန်မတို့ရဲ့ လက်ရှိလေ့လာမှုအတွက် ကန့်သတ်ထားရုံသာမက အရေးကြီးသော အစာ​ရေကြောဆိုင်ရာ ရောဂါပိုးမွှားများရဲ့ အနာဂတ်သုတေသနပြုမှုအတွက်လည်း ကတိကဝတ်ပြုထားပါတယ်" လို့ Siri က ပြောကြားခဲ့ပါတယ်။

"အသေးစိတ်လေ့လာဆန်းစစ်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများအတွက် နည်းလမ်းအသစ်တစ်ခုကို ကမ်းလှမ်းခြင်းဖြင့် အပင် - ရောဂါပိုး အပြန်အလှန်ဆက်သွယ်မှုရဲ့ ရှုပ်ထွေးမှုများကို ဖြေရှင်းရန်နှင့် ဆန်းသစ်သောရောဂါစီမံခန့်ခွဲမှုဗျူဟာများကို ရှာဖွေရန်အတွက် ကျွန်မတို့ရဲ့ချဉ်းကပ်မှုကို နောက်ထပ်လေ့လာမှုများမှာ အသုံးချနိုင်မှာဖြစ်ပါတယ်" လို့ ပြောလာခဲ့ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်