ဂန့်ဂေါတွင် ဖောငမြှောင်တောင်ဖလံများကို လက်လုပ်ထောင်ချောက်များဖြင့် စမ်းသပ်ဖမ်းဆီး

04/07/2019 19:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂန့်ဂေါမြို့နယ်အတွင်း ဖောငမြှောင်တောင် ကျရောက်ဖျက်ဆီးမှုကို စောစီးစွာကြိုတင်သိရှိပြီး ထိရောက်စွာ စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကြိုးပမ်းဆောင်ရွက်လျှက်ရှိရာ ဖီရိုမုန်းထောင်ချောက်များဖြင့် ဖလံမများကို ထောင်ဖမ်းခြင်း၊ ဥမြုံနှင့် လောက်ကောင်များကို လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်း၊ လိုအပ်ပါက ပိုးသတ်ဆေးများပက်ဖြန်းခြင်း စသည့်ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းရေးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းလျက်ရှိသည်။

ခရိုင်ဦးစီးမှူး ဦးကျော်မင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ကြွယ်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများသည် လာပို့ကျေးရွာရှိ တောင်သူ ၃ ဦး၏ ဖူးစားပြောင်းခင်းများတွင် ရေသန့်ဘူးခွံနှင့် ထန်းလျက်ရည်ကိုအသုံးပြု၍ ဖလံများကို စမ်းသပ်ထောင်ဖမ်းခဲ့ရာ အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

"ဝ.၂၅ဧက ကို ထောင်ချောက်တစ်ဘူးနှုန်းဖြင့် ၄ ဘူး ထောင်ခဲ့ရာတွင် တစ်ဘူးလျှင် ဖလံအမ ၃ ကောင် မှ ၁၇ကောင် ထိ ဖမ်းမိပြီး၊ စုစုပေါင်း ၂၈ ကောင်မိသည့်အတွက် ပျှမ်းမျှတစ်ဘူး ၇ ကောင်နှုန်း ဖမ်းမိရရှိခြင်းဖြစ်သည်။ ဖလံအမတစ်ကောင်သည် တစ်ကြိမ်လျှင် ဥ ၁၀၀ မှ ၂၀၀ ထိဥပြီး သက်တမ်းတစ်လျှောက် ဥပေါင်း ၂၀၀၀ ခန့် ဥနိုင်သည့်အတွက် ထောင်ချောက်တစ်ဘူးမှ လောက်ကောင် ၁၄၀၀၀ လောက် ပေါက်လာမှာကို ဟန့်တားနိုင်ခြင်းဖြစ်ပြီး ပြောင်းဖူးအပင် တစ်သောင်းကျော်ကို ကာကွယ်နိုင်မည်ဖြစ်သည်။ 

ထောင်ချောက်လုပ်နည်းအနေဖြင့် ထန်လျှက်အညိုကို ညောင်စေးကျအောင်ကြိုပြီး ရေနဲ့ဆတူ ရောကာ ဘေးနှစ်ဖက် အပေါက်ဖောက်ထားသည့် ရေသန့်ဘူးထဲသို့ထည့်၍ ဘူးကို တုတ်တိုင်မှာ ကပ်ချည်ထားခြင်း ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော် က ပြောသည်။

ကုန်ကျစရိတ်နည်းနည်းဖြင့် ငမြှောင်တောင်ပိုး ကျရောက်ဖျက်ဆီးမှုကို ကာကွယ်နိုင်သဖြင့် အဆိုပါနည်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေး ပညာပေးစည်းရုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးပြန်ကြားရေးဌာနစိတ်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်