ဖယ်ခုံမြို့နယ်တွင်းမှ တောင်သူတစ်စုမှ ဈေးကွက်အလားလားရှိနိုင်သည့် ရှီးယားစေ့များ စတင်စမ်းသပ်စိုက်ပျိုး

15/09/2020 10:30 AM တွင် သိင်္ဂီလှိုင် သိင်္ဂီလှိုင် မှ ရေးသား

    ရှမ်း-ကယားနယ်စပ်ဒေသ၊ ဖယ်ခုံမြို့နယ်တွင်းရှိ ကောင်ထူ၊ ကောင်ဝှပ်ကျေးရွာများတွင် ရှီးယားစေ့စိုက်ပျိုးရေးကို ဉာဏ်ကြီးရှင်ကုမ္ပဏီဖြင့် လက်တွဲလုပ်ဆောင်လာကြသည်။ 

ရှီးယားစေ့စိုက်ဖို့ကို ဉာဏ်ကြီးရှင်ကုမ္ပဏီနဲ့ ဆရာတစ်ဦးက ချိတ်ဆက်ပေးတာနဲ့ စိုက်ဖြစ်လိုက်တယ်ပေါ့။ ဧက က၂၀ ကျော်ကနေ ၃၀ ဧကလောက်တော့ရှိတယ်။ ထွက်သမျှအကုန်ဝယ်ပေးတယ်လို့ပဲ ပြောရမှာပေါ့။ ရေရှည်မှာအတူလုပ်နိုင်ဖို့ စလက်တွဲပြီး လုပ်တယ်လို့ပဲပြောရမှာပေါ့။ ဒီမှာက သြဂဲနစ်အသိအမှတ်ပြုလက်မှတ် ရထားတဲ့သူတွေလည်းရှိတော့ သြဂဲနစ်နဲ့စိုက်တဲ့လူတော့ပိုများတယ်ပေါ့။ ဈေးနှုန်းကတော့ သတ်မှတ်ပေးထားတာရှိပေမယ့် သိပ်မသေချာသေးဘူး။

ဟု ကောင်ဝှပ်ကျေးရွာမှ လူငယ်တောင်သူ ကိုသန်းဌေးမှ ပြောသည်။ 

    ကောင်ထူ၊ ကောင်ဝှပ်ကျေးရွာများမှ တောင်သူများအတွက် ယခုကဲ့သို့ ဈေးကွက်အာမခံရှိသော စိုက်ပျိုးရေး စတင်ဖြစ်ပေါ်လာခြင်းသည် အခြေအနေကောင်းတစ်ရပ် စတင်လာခြင်းဟု ဆိုရပေမည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲလှသော ၎င်းဒေသမှ အသီးအရွက်များနှင့် လိမ္မော်ကို သြဂဲနစ်ဖြစ် စတင်စိုက်ပျိုးထုတ်လုပ်၍ တင်ပို့ရောင်းချရာတွင် ဈေးကွက်ပြဿနာမှာ အဓိကဖြစ်နေသောကြောင့် ယခုကဲ့သို့ နှစ်ဦးနှစ်ဖက်သဘောတူဖြင့် လုပ်ကိုင်ခြင်းသည် အကျိုးဖြစ်ထွန်းလာနိုင်သည်။ 

မျိုးကိုလည်း သူတို့ဘက်က သူတို့စိုက်စေချင်တဲ့မျိုးကို ထုတ်ပေးတယ်ပေါ့။ မက်စီကန်ရှီးယားစေ့မျိုး (Mexican chia seed) လို့ပြောတာပဲ။ သီးနှံသိမ်းပြီးမှ ဘယ်လိုအခြေအနေရှိလဲသိရမှာပဲလေ။ ဧက ၃၀ စာတော့ သူတို့ပြန်ဝယ်ဖို့ စာချုပ်နဲ့လုပ်ထားတာ။ ဧက ၂၀ လောက်တော့ အပိုစိုက်ထားတာရှိတာပေါ့။ ခုတော့ အပင်တွေလည်းပေါက်နေပြီ ဒါပေမယ့် ရာသီဥတုကဘယ်လိုဖြစ်မလဲ ကြိုပြောမရဘူးပေါ့လေ။

ဟု လူငယ်တောင်သူ ကိုသန်းဌေးက ဆက်ပြောသည်။ 

    ရှီးယားစေ့မှာ super food လို့ ကမ္ဘာကတင်စားထားတာပါ။ သဘာဝအာဟာရဓာတ်တွေ ပေါကြွယ်ဝတဲ့အပြင် ဝိတ်ချရာတွင်စားသုံးသင့်တဲ့ သီးနှံတစ်မျိုးလည်းဖြစ်တာကြောင့် ကျန်းမာရေးနှင့်လည်း ညီညွတ်ပါတယ်။ မြန်မာပြည်တွင်း၌ စားသုံးသူနည်းသလို သိရှိသူလည်း အတော်နည်းလျက်ရှိပါတယ်။ သို့သော် ယခုကဲ့သို့ တောင်သူနှင့် အကျိုးတူစိုက်ပျိုး ထုတ်လုပ်လာသောကြောင့် ပြည်တွင်း၍ တွက်ကျယ်လာနိုင်သော သီးနှံတစ်ခုဖြစ်လာနိုင်ပေသည်။

သိင်္ဂီလှိုင် (B.Agr.Sc)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်