နွေရာသီမှာ ကြက်ခြံတွေ အပူဒဏ်ခံနိုင်စေဖို့ ဆောင်ရွက်သင့်သည်အချက်များ

11/03/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

 ကြက်မွေးမြူသူတွေအနေနဲ့ နွေရာသီမှာ မိမိတို့ကြက် ခြံတွေ အပူဒဏ်ခံနိုင်စေဖို့ အချိန်မလပ် ဂရုပြုသင့်ပါတယ်။

ကြက်များ အပူဒဏ်ခံရပါက-

၁။ အသားတိုးနှုန်းကျခြင်း

၂။ ဥနှုန်း၊ဥအရေအတွက်၊ဥအရည်အသွေးကျခြင်း

၃။ အစာစားနှုန်းကျခြင်း

၄။ တစ်ကောင်နဲ့ တစ်ကောင်ဆိတ်နှုန်းများလာခြင်း

၅။ တောင်ပံကားထားခြင်း

၆။ ကြက်အုပ်အတွင်း ကြီးထွားနှုန်းမညီခြင်း

၇။ ကိုယ်ခံအားကျခြင်း

၈။ နှာရည်များကျခြင်း

၉။ သေနှုန်းမြင့်တက်လာခြင်းတို့ ဖြစ်ပွားနိုင်တဲ့အတွက်ကြောင့် စီးပွားဖြစ်မွေးမြူတဲ့  ကြက်ခြံပိုင်ရှင်များ အနေနဲ့  အထူးဂရုစိုက်သင့် ပါတယ်။

ကြက်ခြံအား အပူဒဏ် ခံနိုင်စေဖို့-

 

(၁) ပတ်ဝန်းကျင်အပူချိန်မြင့်ပါက ကြက်တွေရဲ့ အစာအာဟာရ စားသုံးမှုလျော့ကျလာ စေပါတယ်။ အဲ့အချိန်မှာ ဗီတာမင် A, B, C တို့ကို ကြက်သောက်မယ့် ရေထဲကို ထည့်ပေးခြင်းအားဖြင့် ကြက်တွေရဲ့ စွမ်းဆောင်နှုန်း၊ အပူဒဏ်ခံနိုင်တဲ့ ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပါတယ်။ 

 

(၂) ဒါ့အပြင် ကြက်တွေရဲ့ ရေသောက်နှုန်းကောင်းစေရန် တိုက်မယ့်ရေကို အေးအေးလေးဖြစ်အောင် စီမံပေးရပါမယ်။ (ရေတိုင်ကီကို အရိပ်ရတဲ့ နေရာမှာ တည်ဆောက် ထားပါ။)

(၃) ရေထဲမှာလည်း ဘီတိန်း (Betaine) ၊ ဂလူးကို့စ် (Glucose) ၊ အက်စပရင် (Aspirin)များ အလျဥ်းသင့်သလို ထည့်ပေးနိုင်ပါတယ်။ အက်စပရင်က အပူဒဏ်ခံနိုင်ရည်ကို မြင့်စေတဲ့အပြင် ဘီတိန်းက ကိုယ်တွင်းအသုံးဝင်တဲ့ ဓာတ်သတ္တုများ စုပ်ယူမှုအားကောင်းစေတာကြောင့် သွေးလည်ပတ်မှု၊ အသက်ရှူမှုတွေကို အထောက်အကူပြုစေပါတယ်။

 

(၄) ကြက်အစာကျွေးချိန်ကို အပူချိန်လျော့နည်းတဲ့ မနက်စောစောနဲ့ ညပိုင်းအပူချိန် လျော့နည်းချိန်မှာ သာ ကျွေးပေးပါ။

 

(၅) ကြက်ခြံအမိုးကို အဖြူရောင်သွပ်မိုးခြင်း(သို့) အလူမီနီယံဆေးဖြူသုတ်ခြင်းဖြင့် အပူရောင် ပြန်ဟပ်ကာ ကြက်ခြံရဲ့ အပူချိန်ကို သက်သာစေပါတယ်။

 

(၆) ကြက်ခြံမှာ ကြက်တွေပြည့်သိပ်မနေစေရန် နွေရာသီမှာ ကြက်ကောင်ရေကို ပုံမှန်ထက် လျော့မွေးဖို့ လိုအပ်ပါတယ်။

 

(၇) ကြက်ချေးအစိုများကို ပုံမှန်ရှင်းလင်းပေးဖို့ပါလိုအပ်ပြီးတော့

 

         ကြက်တွေ အပူဒဏ်ဖြစ်ပါက ဆီးနှင့်မစင်ထဲမှာ ဓာတ်သတ္တုစွန့်ထုတ်မှုများခြင်း၊ သွေးအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ပုံမှန်ထက်ဆုံးရှုံးခြင်းများရှိပြီး သွေး၏ pH ဓာတ်မြင့်စေသဖြင့် ကြက်အား ထိခိုက်စေပါတယ်။

       ဒါ့ကြောင့် ရေ၁လီတာမှာ ဗီတာမင် ၁ ဂရမ်နှင့် အက်စပရင် ၀.၃ ဂရမ်နှုန်း ထည့်တိုက်သင့်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်