ဘာကြောင့်ကြက်တွေချေးဖြူပါကြသလဲ? (အပိုင်း-၂)

27/10/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ ထိခိုက်မှုကိုဖြစ်စေတဲ့ အကြောင်းတစ်ခုခုကို ကြက်အုပ်တစ်အုပ်လုံး ခံစားခဲ့ရရင် ကြက်သေဆုံးမှုအများအပြားဖြစ်စေနိုင်ပါတယ်။ ကြက်အုပ် တစ်ဝက်လောက်လည်း သေသွားစေနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်မှုဖြစ်စေတဲ့ လက်သည်တွေထဲမှာ ကူးစက်ရောဂါတွေကြောင့်၊ အစာမှာ အာဟာရဓာတ်ပါဝင်မှု အချိုးမညီလို့၊ အဆိပ်အတောက် တစ်ခုခုကြောင့်၊ သောက်ရေပြတ်တောက်လို့ဆိုတဲ့ အကြောင်းအရာတွေ အများကြီး ရှိပါတယ်။

ဗိုင်းရပ်စ်ကူးစက်ရောဂါတွေထဲမှာ Avian nephritis virus, Infectious bronchitis virus, Chicken astrovirus တွေက ကျောက်ကပ်ကို ပျက်စီးစေတဲ့ လက်သည်တွေပါ။ Infectious bursal disease ကသူတို့လောက်မပြင်းထန်ပေမဲ့ ကျောက်ကပ်ရောင်စေ၊ ထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုးလို့ သိထား ကြပါတယ်။

ဘတ်တီးရီးယားရောဂါပိုးတွေက အများအားဖြင့် သွေးထဲရောက်သွားပြီးမှ ကျောက်ကပ်ကို ရောက်လာတဲ့ ပိုးအမျိုးအစားတွေပါ။ E.coli, Proteus mirabils, Pasteurella spp, Pseudomonas spp, Staphylococcus spp, Streptococcus spp,Listeria monocytogenes, Erysipelothrix rheusiopathiae စတဲ့ ဘတ်တီးရီးယားတွေကို ကျောက်ကပ်ရောင်တဲ့ကြက်တွေမှာ တွေ့ရတတ်ပါတယ်။

အစာမှာ ကယ်လ်ဆီယမ်များနေရင် ကျောက်ကပ်ကိုထိခိုက်မှု ဖြစ်လွယ်စေပါတယ်။ ကယ်လ်ဆီယမ် များတဲ့ ဥကြက်မအစာကို ကြက်ငယ်တွေကို ကျွေးမိရင်ဖြစ်တတ်ပါတယ်။ ကြက်ငယ်အစာမှာသုံးတဲ့ ထုံးကျောက်မှုန့်အရွယ်အစားကြီးနေရင် ( > 1-2 mm) ကြက်ကလေးတွေက သူတို့ချည်း ရွေးစားသွား (ပိုစားမိ)လို့ ကျောက်ကပ်ကိုထိခိုက်မှုဖြစ်နိုင်ပါတယ်။ Phosphorus ကဆီးကို အချဉ်ဓာတ်ပိုစေတဲ့ အတွက် ကျောက်ကပ်ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။ Phosphorus ပါဝင်မှုနည်းရင် ကျောက်ကပ် ပျက်စီးမှုဖြစ်လွယ်စေပါတယ်။

အစာမှာ Vitamin D3 ပါဝင်မှုများရင် ဆီးကျောက်ဖြစ်လွယ်စေတဲ့အတွက် ဆီးလမ်းကြောင်းပိတ်ဆို့ပြီး ကျောက်ကပ်ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ကာလကြာရှည်စွာ Vitamin A လျော့နည်းမှု တွေကြောင့် လည်း ကျောက်ကပ်ထိခိုက်ပျက်စီးမှုဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အစာမှာ Protein ပါဝင်မှုပိုများနေရင် (အထူးသဖြင့် ကျောက်ကပ်အားနည်းစပြုနေတဲ့ ကြက်တွေ အတွက်) ကျောက်ကပ်ကို ဝန်ပိစေပြီး ထိခိုက်စေပါတယ်။ အစာမှာ protein  ပိုပါတယ်လို့ထင်ရအောင် urea ရောထည့်ပေးတဲ့ မသမာမှုမျိုးကြောင့်လည်း urates ပိုမိုဖြစ်ပေါ်လာပြီး ကျောက်ကပ်ကို ထိခိုက်စေပါတယ်။

အစာမှာတဲ့ မှိုဆိပ်တွေ ( Ochratoxin A, Oosporein, deoxynivalenol) ကြောင့်လည်း ကျောက်ကပ်ထိခိုက်နိုင်ပါတယ်။

ကြက်ခြံတွေမှာသုံးတဲ့ ပိုးသတ်ဆေးတွေ (phenol,cresol) အချိန်အဆလွန်ကဲပြီး သုံးမိရင်လည်း ဆေးကျန်တွေကို စားမိရာက ကျောက်ကပ်ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

Broilerတွေမှာသူတို့ မြန်ဆန်တဲ့ ကြီးထွာားမှုနဲ့ လိုက်ဖက်အောင် အစာချေဖျက်မှုလုပ်ရတဲ့ အတွက် Oxygen မလုံလောက်မှုဖြစ်လို့ တစ်သျှူးတွေထဲမှာ ရေဓာတ်ဖြစ်ပေါ်မှု လွန်ကဲလာရာကနေ ရေဖျဉ်း ရောဂါ (ascites) ဖြစ်လာတတ်ပါတယ်။ ရေဖျဉ်းဖြစ်မှုကြောင့် ကျောက်ကပ်အပေါ်ဝန်ပိစေပြီး ကျောက် ကပ် ထိခိုက်မှုဖြစ်စေတတ်ပါတယ်။

ကြက်ငယ်လေးတွေမှာ သောက်ရေခွက်ထားပေးမှု မလုံလောက်တာကြောင့် တာရှည်ရေအလုံ အလောက်မသောက်ရတာ၊ ဆေးတိုက်ဖို့အတွက် ရေဖြတ်တဲ့အခါ ရေမသောက်ရတာတွေ ကြောင့်လည်း ကျောက်ကပ်ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။

ကြက်တွေအတွက်သုံးတဲ့ တချို့ကုသဆေး (sulfas and aminoglycosides) တွေကို ကျောက်ကပ်က တစ်ဆင့် စွန့်ထုတ်ရတဲ့အတွက် ကျောက်ကပ်ကို ဝန်ပိစေပြီး ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ မှိုရောဂါကုသဖို့ သောက်ရေမှာ ထည့်သုံးတဲ့ ဒုတ္တာပြာ (copper sulphate)  အချိန်အဆ ပိုသွားရင်လည်း ကျောက်ကပ်ထိခိုက်မှုဖြစ်နိုင်ပါတယ်။

ဒါကြောင့် ချေးဖြူပါတဲ့ ကိစ္စကို ကုစားချင်ရင် ချေးဖြူပါစေတဲ့ အကြောင်းအရာတွေကို သုံးသပ် အဖြေရှာပြီး လိုအပ်သလို ကုစားပေးနိုင်မှ ထိရောက်မှာဖြစ်ပါလိမ့်မယ်။

ဒေါက်တာအောင်မြင့် ရေးသားသော ဆန်းသစ်လေ့လာသော ကြက်ရောဂါပြဿနာများမှ ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်