ပြည်ပမှတင်သွင်းလာသော အိန္ဒိယငရုတ်ရှည်များမှာ မတ် ၁၆ ရက်တွင် လက်ကား တစ်ပိဿာ ကျပ် ၃၇၀ဝ၊ မတ် ၁၇ ရက်တွင် ကျပ် ၄၀ဝ၀၊ ဧပြီလအတွင်း ကျပ် ၃၇၀ဝ၊ ၃၈၀ဝ၊ ဇူလိုင်လဆန်းတွင်ကျပ် ၄၁၀ဝ၊ စက် တင်ဘာလလယ်တွင် ကျပ် ၄၅၀ဝ နှုန်းရှိခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် ကျပ် ၄၃၅၀ နှုန်းသို့ ဈေးအနည်းငယ်ပြန်ကျလာသည်။
မြစ်ဝကျွန်းပေါ် ငရုတ်ရှည်မှာလည်း ဇွန် လအတွင်း ကျပ် ၂၇၀ဝ၊ ဇူလိုင်လအတွင်း ကျပ် ၃၄၀ဝ၊ သြဂုတ်လအတွင်း ကျပ် ၃၆၀ဝနှင့် စက်တင်ဘာလအတွင်း ကျပ် ၃၇၀ဝ ရှိရာမှ အောက်တိုဘာလဆန်းတွင် ကျပ် ၃၉၀ဝအထိ ဈေးမြင့်တက်လာသည်။
မိုးထောင်ငရုတ်များမှာ တစ်ပိဿာလက်ကားဈေးကျပ် ၃၅၀ဝမှ ၃၇၀ဝ အတွင်းသာ ရှိနေဆဲဖြစ်သည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်