တိုင်ဖွန်း KAJIKI အကြွင်းအကျန်များက ဩဂုတ်လ ၂၇ မနက်ပိုင်းမှစ၍ မြန်မာနိုင်ငံအရှေ့ဘက်မှ ရှမ်းပြည်နယ်-အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသတွေကိုဖြတ်သန်းပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေအထိ ဆက်လက်ရွေ့လျားဝင်ရောက်နိုင်တာ တွေ့ရပါတယ်။
ဒါကြောင့် နေပြည်တော်တိုင်းဒေသကြီးရှိ လယ်ဝေး၊ ပျဉ်မးနား၊ တပ်ကုန်းနှင့် မန္တလေးတိုင်း ရမည်းသင်းဒေသများတွင် ယနေ့မှစ၍ အပူချိန် ၂၂ - ၃၂ ဒီဂရီစင်တီဂရိတ်တွင် ရှိကာ စိုထိုင်းစမှာလည်း ၉၀% အထက်တွင်ရှိသည်။ မိုးရေချိန်မှာ ၁ လက်မ ခွဲ ဝန်းကျင် ရွာသွန်းနိုင်ပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်းအသစ်တခုကြောင့် စက်တင်ဘာလ ၁ ရက်နေ့တွင်တော့ မိုးပြန်များနိုင်ကြောင်း တွေ့ရပါတယ်။
ထိုကြောင့် ထိုဒေသများတွင် လက်ရှိစိုက်ပျိုးလျက်ရှိသောသီးနှံများ၊ စပါး၊ ငရုတ်၊ မြေပဲ၊ ခရမ်းခင်းနှင့် စပျစ်ခြံများအတွက်
- ရေထုတ်မြောင်းများ၊ ရေလွှဲမြောင်းများဖောက်လုပ်ခြင်း
- ကတွတ်ပေါက်များ ဖွင့်ထားခြင်း
- ဓာတ်မြေဩဇာကြဲပက်ခြင်းများ ဆိုင်းငံ့ထားခြင်း
- စပျစ်ခြံ၊ ကွမ်းခြံနှင့် သင်္ဘောခြံများရေမ၀ပ်ရန်အတွက် ရေများနေပါက ဖောက်ထုတ်ခြင်းနှင့် လိုအပ်ပါက ရေစုပ်စက်အသုံးပြုခြင်းများ ပြုလုပ်သင့်ပါသဖြင့် အဆင်သင့် ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။

Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more