အုန်းဆီကို အသုံးမပြုသင့်သော နေရာများ

12/01/2021 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

       အုန်းဆီဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး လူသုံးများတဲ့အရာတစ်ခုပါ။ အလှအပရေးရာအတွက် အသုံးပြုကြသလို အခြားချက်ပြုတ်ခြင်းနဲ့ ဆေးဝါးတွေအဖြစ်လည်း အသုံးများကြပါတယ်။ ဒါပေမယ့် အုန်းဆီကို မသုံးသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့

ဝိတ်ချဖို့ကြိုးစားနေချိန်မှာ မသုံးသင့်ပါ

       အုန်းဆီမှာ ကယ်လိုအများကြီး ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၁၁၇ကယ်လိုရီ ပါဝင်ပါတယ်။ သံလွင်ဆီနဲ့ နှိုင်းလိုက်ရင် အရမ်းများပါတယ်။ ဒါကြောင့် ဝိတ်ချနေသူတွေဆိုရင် အစားအစာတွေထဲမှာ အုန်းဆီ မထည့်သင့်ပါဘူး။

သွားတိုက်ဆေးအဖြစ် မသုံးစွဲရပါ

       ရှေးတုန်းကတော့ အုန်းဆီအနှစ်ဟာ သွားနဲ့ ခံတွင်းကို မွှေးပျံ့ပြီး သန့်ရှင်းစေတယ်လို့ ပြောကြပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဖရိုရိုက်ကသာ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို လျှော့ချပေးနိုင်ပြီး အုန်းဆီကတော့ မပြုလုပ်ပေးနိုင်ပါဘူး။ သွားတိုက်ဆေး မရှိဘူးဆိုရင်တော့ ရေနဲ့ပဲ ပလုတ်ကျင်းတာဖြစ်ဖြစ် ဆားနဲ့ တိုက်တာဖြစ်ဖြစ် လုပ်တာ အကောင်းဆုံးပါပဲ။ အုန်ုးဆီဟာ ခံတွင်းအတွက် ထူးထူးခြားခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။

ထိခိုက်ရှနာဖြစ်တဲ့အခါ မသုံးပါဘူး

       ထိခိုက်ရှနာ၊ ပွန်းပဲ့နာ၊ အနီပြင်တွေ ဖြစ်တာနဲ့ အခြား အရေပြားပေါ်က အနာတွေကို အုန်းဆီ မလိမ်းပေးရပါဘူး။

နေရောင်ဒဏ်ကာကွယ်ရန် မသုံးပါဘူး

       UV ကာကွယ်နိုင်တဲ့ အစွမ်းအချို့ အုန်းဆီမှာ ရှိပါတယ်။ ဒါပေမယ့် အုန်းဆီမှာ SPF 8 ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် အခြား 30 လောက်ရှိတဲ့ Cream နဲ့ Moisture တွေကို လိမ်းမှ ရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ နေရောင်ခြည်မှာပါတဲ့ UV ဟာ တဖြည်းဖြည်း များလာတဲ့ အတွက် အုန်းဆီဟာ မနိုင်ပါဘူး။

ရေချိုးရာမှာ မသုံးပါဘူး

       အုန်ုးဆီဟာ အသားအရေကို ချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမယ့် အပြည့်အ၀ မဟုတ်ပါဘူး။ ရေချိုးကန်ထဲမှာ အုန်းဆီထည့်ပြီး ချိုးခြင်းဟာ သင့်ကို ချော်လဲစေခြင်းကလွဲရင် အခြား ဘာမှ မပေးနိုင်ပါဘူး။

အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ရာမှာ အုန်းဆီကို မသုံးပါဘူး

       အုန်းဆီကို အနောက်နိုင်ငံတွေမှာ အခြား မုန့်ဖုတ်ခြင်းနဲ့ အချို့မီးအေးအေးနဲ့ ချက်ရမယ့် ဟင်းလျာတွေမှာသုံးကြပါတယ်။ မြန်မာပြည်မှာတော့ အစကတည်းက မသုံးတဲ့ အတွက် သိပ်တော့ မထူးဆန်းတော့ပါဘူး။

MyFood Myanmar Website မှ ပြန်လည် ကူးယူဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်