အုန်းသီးကုန်ကြမ်းမှ အဆင့်မြင့်လူသုံးကုန် ထုတ်လုပ်နည်း သင်တန်း

10/01/2019 09:37 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အုန်းသီးကုန်ကြမ်းမှ တန်ဖိုးမြှင့်လက်မှုလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မည့်သင်တန်းဖွင့်လှစ်သင်ကြားသွားမည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများ အသင်းတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပေါများစွာထွက်ရှိလျက်ရှိသည့် အုန်းသီးကုန်ကြမ်းများမှ Value Added Product များအဖြစ် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်စေရန်ရည်ရွယ်ပြီး “အုန်းသီးမှတန်ဖိုးမြှင့်လက်မှုနည်းပညာ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်သည့်သင်တန်း” ကို အောက်ပါအစီ အစဉ်အတိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်-

ကျင်းပပြုလုပ်မည့် နေ့ရက် - (၁၉.၁.၂၀၁၉)ရက်နေ့မှ(၂၅.၁.၂၀၁၉) ရက်နေ့အထိ

ကျင်းပပြုလုပ်မည့် နေရာ - Center of Excellence (CoE)

အမှတ်(၅)၊ သလ္လာဝတီလမ်း၊ ၇ မိုင်၊ ရန်ကုန်မြို့

သင်တန်းသားအရေအတွက် - (၂၀) ဦး
(မှတ်ချက် - သင်တန်းသား (၂၀) ဦး မပြည့်ပါက သင်တန်းဖွင့်လှစ်မည့်ရက်ကို ပြောင်းလဲသွားမည်ဖြစ်ပါသည်။)

သင်တန်းကြေး - ၃ဝဝဝဝိ/- ကျပ် (နေ့လည်စာပါဝင်ပြီး)

တည်းခိုမည့်အစီအစဉ် - မိမိအစီအစဉ်ဖြင့်သာ တည်းခိုနေထိုင်ရပါမည်။

သို့ပါ၍ အဆိုပါသင်တန်းသို့ တက်ရောက်လိုသည့် ပြည်နယ် / တိုင်းဒေသကြီး / နေပြည်တော် ကောင်စီနယ်မြေများမှ စိတ်ပါဝင်စားသူများအနေဖြင့် ဒေါ်ဝေမြတ်စိုး၊ ကြီးကြပ်ရေးမှူး၊ ၀၉-၄၀၂၇၀၃၁၅၄ ထံသို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်း ပါရန် ဖိတ်ခေါ်လိုက်ရပါတယ်။

Source - SME Development Department, Ministry of industry, Myanmar Facebook Page

 

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်