အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ်  ပိုးမွှားကင်းစင်ရေးလုပ်ငန်းများ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည်

တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ် ပိုးမွှားကင်းစင်ရေးလုပ်ငန်းများ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မည်

Green Way
Green Way • Greenovator • 08/11/2019

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက်။ 

မြန်မာနိုင်ငံအတွင်း တစ်သျှူးငှက်ပျော တင်သွင်းစိုက်ပျိုးခြင်းအပေါ်  ပိုးမွားရောဂါကင်းစင်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ပုဂ္ဂလိကစိုက်ပျိုးသူများ၊ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

အောက်တိုဘာလ နောက်ဆုံးအပတ်က စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ ချန်ရင်ခူးတစ်သျှူးငှက်ပျောစိုက်ခင်းသို့ သွားရောက်ကြည့်ရှုစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ထို့အပြင် စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည့် တစ်သျှူးငှက်ပျောစိုက်ပျိုးခြင်းကို စိုက်ပျိုးသူများ စိတ်ဝင်စားမှုရှိနေသကဲ့သို့ ဒေသခံများအနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြပြီး မြေဆီလွှာဖွံံ့ဖြိုးရေး၊ ပိုးမွှားရောဂါရှိ မရှိစစ်ဆေး၍ အပင်ပိုးမွှားရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ထုတ်ပေးရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

တစ်သျှူးငှက်ပျောစိုက်ပျိုးရာတွင် ဓာတုဓာတ်ကြွင်းကင်းရှင်းရေးအတွက် GAP လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်မှသာ စျေးကွက်နှင့် စျေးနှုန်းခိုင်မာစေမည်ဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများ၊ တင်ပို့ရောင်းချသူများနှင့် ဌာနဆိုင်ရာကျွမ်းကျင်သူများက ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းကြောင်း ဒေါက်တာရဲတင့်ထွန်းက ပြောသည်။

အဆိုပါ တစ်သျှူးငှက်ပျောစိုက်ပျိုးသူများအနေဖြင့် စိုက်ပျိုးမြေရယူသုံးစွဲခြင်းအပါအဝင် လုပ်ကိုင်ခွင့်အရပ်ရပ်ကို ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ရယူလုပ်ကိုင်ရန်လိုအပ်ပြီး တရားဝင်မှတ်ပုံတင်ထားသည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကိုသာ သုံးစွဲရန်နှင့် လုပ်သားများ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရန်အတွက် စနစ်တကျ အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် တစ်သျှူးငှက်ပျောဝယ်ယူသည့် တရုတ်နိုင်ငံအကြား အပင်နှင့် အပင်ထွက်ထိန်းချုပ်ရေး စံသတ်မှတ်ချက် သဘောတူညီမှုရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံ ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးဆိုင်ရာ (GACC) မှ တာဝန်ရှိသူများကို ဖိတ်ခေါ်၍ ကွင်းဆင်းစစ်ဆေးကာ ပိုးမွှားရောဂါကင်းစင်ကြောင်း ထောက်ခံချက် စိစစ်ထုတ်ပေးနိုင်ရေးနှင့် တရားဝင်ကုန်သွယ်မှု ရရှိရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

You

ဆက်စပ်မေးခွန်းများ

ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။

U Win Zaw • ဖြေကြားချက် 1 ခု

ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ

Nga Chan • ဖြေကြားချက် 3 ခု

ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ

Nyan Lwin Tun • ဖြေကြားချက် 1 ခု

မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ

Thura Htun • ဖြေကြားချက် 2 ခု

ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့

U Yan • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။