ပေါင်းပင်နီသွားရင် သေပြီလားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

08/07/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (အောင်လေး) - မိုးစပါးစိုက်ခင်းကို နွေအခါက နွားချေးကြိုချမထားပါဘူး ယခုစိုက်ပျိုးခါနီး တစ်ပတ်အလိုမှ နွားချေးအစိုကို လယ်ထဲချပြီး စက်နဲ့မွှေထားလို့ရပါသလားခဗျာ။

ကောင်းကျိုး ဆိုးကျိုးလေးတွေ ဖြေပေးကြပါဦး။

ဖြေ (  ဒို့ဦးလေး) - နွားချေးအစိုက ရေနဲ့ဖျော်ပြီး အပင်ခြေလောင်းရင် ရပေမယ့် မြေကြီးထဲကို အစိုလိုက်ထည့်လို့အဆင်မပြေပါဘူး။ ဆွေးအောင်ပြုလုပ်ရပါတယ်။ မြန်မြန်ဆွေးချင်ရင် နွားချေးထဲကိုအီးအမ် ဖျန်းထည့်ပြီးအုပ်ထားရင် တစ်လလောက်ဆို သုံးလို့ရပါတယ်။

၂။ မေး (ဦးတောင်သူ)-  ခြံထဲ ပေါင်းအလွန် ထူထပ်စွာပေါက်သောကြောင့် ဂလိုင်ဖောက် ပေါင်းသတ်ဆေးဖျန်းချင်ပါတယ်။ ထောပတ်ပင် ကော်ဖီပင်စိုက်ထားပါတယ်။ အသီးပင်ကို မထိအောင်ဖျန်းရင် အဆင်ပြေနိုင်လားဗျ မိုးကတော့ နေ့တိုင်းလိုရွာပါတယ်..ဖျန်းရင် အစွမ်းရော ထက်ပါ့မလားဗျာ။

ဖြေ (သိန်းစိုးမင်း) - ပေါင်းသတ်ဆေးအာနိသင် အပြည့်အဝရဖို့ဆို ဆေးဖြန်းပြီး ၆ နာရီလောကိထိ မိုးမရွာဖို့ လိုပါတယ်။ မိုးလေဝသ ခန့်မှန်းချက် ကြည့်ပြီးမှ ဖြန်းပါ။

(ဦးမောင်မောင်ထွေး) - ထောပတ်နဲ့ကော်ဖီ နှစ်ရှည်ခံပင်များကို စနစ်တကျအတန်းလိုက်စိုက်ထားရင် ပေါင်းသတ်ဆေးအစားလက်ကိုင်နဲသုံးရလွယ်တဲ့ မြက်ဖြတ်စက်သုံးပြီး ပေါင်းများမကြာခနဖြတ်နေရင် ပေါင်းလဲရှင်းမြေဆွေးလဲရ.. စရိတ်လဲသက်သာပတ်ဝန်းကျင်လဲမညစ်ညမ်းစေပါ။ 

၃။ မေး (ကျော်ကျော်မောင်) - ဆရာတို့ရေ ဆားကပေါင်းပင်ကို သေစေပြီး စပါးပင်ကိုမထိခိုက်စေဘူးဆိုတာမှန်ပါသလား။ မြေဆီလွှာအငန်ဓာတ်များလွန်းပြီး နောက်သီးထပ်စိုက်ပျိုးပင်တွေကို ထိခိုက်စေပါသလား။ ဖြေပေးပါဦးနော်။

ဖြေ (ဖုန်းမာဏ်တိုး) - မမှန်ပါ၊ ဆားက နှုန်းထား အနည်းအများအလိုက် စပါးကိုပါထိခိုက်စေပါတယ်။ ရွေးချယ်ပေါင်းသတ်ဆေးမဟုတ်ပါ။ ဆားနဲ့ပေါင်းသတ်တာကိုဖြစ်နိုင်ရင်ရှောင်ရှားပေးပါနော်။ မြေဆီလွှာဆားပေါက်ပြီး ပျက်စီးလာပါမယ်။

၄။ မေး (မျိုးသူ) - ဆရာခဗျ ချောင်းနားက လယ် ကန်သင်းရိုးတွေကို ကဏန်းတွေအရမ်းဖျက်စီးနေလို့ ဘယ်လိုဆေးမျိုးနဲ့ရှင်းသင့်လဲခဗျ။ ကဏန်းသေးလေးတွေအရမ်းများပြီး အပေါက်တွေဖောက် ရေကမနေ ။ သီးပင်စားပင်နဲ့ကွန်းသီးပင်ပေါက်တွေလဲဖျက်စီး ရှင်းမနိုင်အောင်များနေလို့ပါဗျ။ ကျေးဇူးပါ။

 (ကိုဖြိုး) - ကဏန်းဆိုတဲ့ ရေနေ၊ တွင်းအောင်အကောင်ကို လုံးဝဖယ်ရှားပစ်ဖို့ဆိုတာ ဆေးမရှိပါဘူး။ သို့သော် ဖျက်စီးမှုနည်းပါးအောင်တော့လုပ်လို့ရပါတယ်။ မိမိအိမ်က ထမင်းအကျန်တွေကို ယူပြီး ကန်သင်းနဲ့ လယ်ထဲကို နှံ့အောင်လိုက်ပတ်လိုက်ရင် သိသိသာသာ ဖျက်စီးတာ မရှိနိုင်တော့ပါဘူး။ လက်တွေ့သာ ခင်ဗျားတို့လုပ်ဖို့လိုပါတယ်။

(ကျော်ကျော်မောင်) - ဆရာကိုဖြိုး‌ပြော တာကို‌ထောက်ခံပါတယ်။ ကဏန်းလုံးတွေက ထမင်းနဲ့တွေ့ရင်အခွံလဲပြီးအရေပျော့ဖြစ်သွားပါတယ်။ အဲလိုအရေပျော့ဖြစ်သွားရင်မဖျက်စီးနိုင်တော့ဘူးပေါ့။ ပညာရှင်မဟုတ်ပါ။

၅။ မေး (ကျော်ကျော်မောင်) - စပါးကြား ပေါင်းသတ်ဆေးဖြန်းပြီး ၇ ရက်အကြာမှာ ပေါင်းပင်တွေကနီနေပါတယ်။ သေတယ်လို့ယူဆလို့ရပါသလား။ အကယ်၍ပုလဲမြေသြဇာပတ်လိုက်လျှင်ပေါင်းပင်ပြန်စိမ်းလာနိုင်လားဖြေကြားပေးပါဆရာတို့။

(ဒို့ဦးလေး) - ပန်းခရမ်းရောင်သန်းရင် ..သေနိုင်ပါတယ်။ အဲဒီအချိန်၂ ရက်လောက်ရေမြှုပ်ထားရင် အသေမြန်နိုင်ပါတယ်။ မြေသြဇာကျွေးနိုင်ပါပြီ။ ဆေးဖျန်းပြီး ၅ရက်နေရင်.ဆေးအာနိသင် ပြန့်နှံ့ပြီးလို့ယူဆပြီး.. ၇/၈ရက်ကျော်ရင် အစာကျွေးနိုင်ပါတယ်။ 

(ဖုန်းမာဏ်တိုး) - မိုရယ်မုန်း ဟော်မုန်းဆေးသုံးပေးနိုင်ပါတယ်၊ ဖြစ်နိုင်ရင် မနက်စောစောထွက်တဲ့ နွားကျင်ငယ်ရေ ၁ လီတာနဲ့ရောပက်ပေးပါ။

မေးခွန်းတွေအကုန်လုံးကလည်း အခုချိန်တောင်သူတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေကြီးကို စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်