ပိုးသတ်ဆေးထဲ အိမ်သုံးဆားရောဖျန်းလို့ရလားနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ

27/05/2023 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့်

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမဲ့ စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်နော်။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို ဆွဲထုတ်ထားပါတယ်ရှင့် 

ပထမဦးဆုံးမေးခွန်းက ကွမ်းကိုအခုမှစစိုက်ချင်တဲ့ တောင်သူများအတွက်ပါ။

၁။ မေး (Hein Ko Ko) ဆရာ ကွမ်းစစိုက်မလို့ပါ။ ကွမ်းပင်တွေ မြေအောင်းပိုးကြောင့်လား ရောဂါကြောင့်လား (မနှစ်က ကွမ်းစိုက်တောင်သူ ကြုံခဲ့ရလို့) ကွမ်းပင်မသေအောင် ၊ ဆီစွန်းရောဂါ မကျအောင် မစိုက်ခင် မြေကိုဘယ်လို ပြုပြင်သင့်သလဲ။ ကျွန်တော်တို့ အပူပိုင်း မိုးခေါင်ဒေသမှာ ဘယ်အချိန်က ကွမ်းစိုက်ရန် သင့်လျော်ပါသလဲ။

ဖြေ (  ဒို့ဦးလေး) - အဓိက,သတိပြုရမယ့်အချက်တွေကတော့.. မြေသန့်/မျိုးသန့်/ရေသန့်/အကိုင်သန့်ဖို့ လိုပါတယ်၊ တစ်ချက်ချင်းကို ပိုင်အောင်လုပ်ပါ။ ဥပမာ.. မြေကြီးကို ထုံးပက်တာ/ဂျစ်ဆန်ထည့်တာ/ဘောင်ဆွဲပြီးရင် ရေနုတ်မြောင်းလုပ်တာ/စိုက်ကျင်းနေရာကို မှိုသတ်ဆေးဖျန်းတာ/မြေအောင်းပိုးဆေးဖျန်းတာ စသဖြင့် ..လုပ်ခဲ့မယ်ဆိုရင်. ကွမ်းခြံ သန့်သန့်တစ်ခြံရရှိမှာဖြစ်ပါတယ်။ နောက်ပိုင်းကတော့.. ပြုစုမှုအပိုင်း ကို ဆက်လေ့လာပါ။ 

နံပါတ် (၂) မေးခွန်းလေးက ကြားဖူးနားဝရှိတာတွေက တစ်ကယ်ပဲ အကျိုးဖြစ်ရဲ့လား ဖြစ်နိုင်ပါ့မလား ဆရာတွေဆီက ဝေဖန်အကြံပြုတာတွေကို လေ့လာမှတ်သားချင်တဲ့ ဦးကြီးတို့အတွက် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင့်။

၂။ မေး (Aung Chan) - ဆရာကြီးများခင်ဗျာ့ ခရမ်းသီးစိုက်ခင်းမှာ သီးလုံးဖောက်ပိုး မနိုင်မနင်းဖြစ်နေပါတယ်ခင်ဗျာ့ ဆေးကလည်း ၃ရက်ခြားတစ်ခါဖျန်းပါတယ်ခင်ဗျာ့ အဘာမက်တင်နဲ့ အဆီတာမင်ပရစ်ကို အစက ၂၀စီစီ ဆီထည့်ရာမှ ယခု တောင်သူအများပြောစကားအရ ၄၀-၅၀စီစီ ထိ ပိုမိုသုံးစွဲနေရပါတယ်ခင်ဗျာ့ (တချို့ကလည်း အဆီတာမင်ပရစ်(အဆက်)ကို ဆေးတစ်ပုံးလျှင် အိမ်သုံးဆား လက်ဖက်ရည်ပန်းကန်တစ်လုံးစာနှင့် ရောစပ်ပက်ဖျန်းပါက ထိရောက်သည်ဟုလည်းပြောကြသည်(အာနိသင်လျော့မည်ကိုစိုးရိမ်၍ မသုံးဖြစ်သေးပါ)ဝေဖန်လမ်းပြအကြံပြုပေးစေလိုပါတယ်ခင်ဗျာ။ 

ဖြေ (ဒို့ဦးလေး) – ဥာဏ်မီသလောက်တော့..အိမ်သုံးဆားဟာ ပိုးသတ်ဆေး အာနိသင်ပြယ်စေပါတယ်။ ပေါင်းသတ်ဆေးအဖြစ် ယူရီးယားနှုန်းမြင့်နဲ့ ဖျန်းကြပါတယ်။ ခရမ်းသီးလုံးဖောက်ပိုးအတွက်.. အီမာမက်တင်.သို့မဟုတ် အီမာမက်တင်+အဆီတာမီပရစ် (သို့မဟုတ်)အီမာမက်တင်+သိုင်ယာမီသိုဇင်(အီသာပလပ်စ်) ဖျန်းနိုင်ပါတယ်။

၃။ မေး (သူထက်အောင်) - ငါးတန်ကို ပေါင်မုန့်ကျွေးပီးမွေးရင် ငါးကြီးထွားနှုန်းကောင်းလား၊ ကြက်ချေးကျွေးပီးမွေးရင်ကော ကြီးထွားနှုန်းကောင်းလားဗျ? တခြားဘာအစာတွေကျွေးပီးမွေးလို့ရသေးလဲဗျ။  အကြံပေးပေးပါဦး။ တချို့မုန့်ကျွေးပီးမွေးကြတယ်လို့ကြားဖူးလို့ပါ။

ဖြေ ( နှင်းဖြူဖြူ) - ငါးတန်ကို ပေါင်မုန့်ကျွေးလို့ ရပါတယ်။ ဒါပေမယ့် အာဟာရအစုံ မရတော့ ကြီးထွားနှုန်း နှေးမှာပေါ။ ဆိုတော့ ငါးတန်ကို ကျွေးဖို့ အစာစပ်နည်း အောက်မှာကြည့်ကြည့်နော်။

စပါးကြဲထားတဲ့ဦးကြီးတို့အတွက် ရွေးချယ်ဖြစ်ထားတဲ့ မေးခွန်းကောင်းလေးတစ်ခုမို့ ဖော်ပြပေးလိုက်ပါတယ်ရှင့်

၄။ မေး (Ye Kyaw) - နွေစပါးကြဲခင်း စပါးပင်အရွက်၂ရွက်ထွက်လာတာနဲ့ အပင်အားဆေးဖျန်းလို့ရနိုင်မလား။ 

(ဒို့ဦးလေး) - အပင် ရွက်ဖျန်းအားဆေးဆိုတာ အရွက်ကတဆင့် အစာကျွေးတာပါ။ စပါးရွက်၂ရွက်အရွယ်ဆိုတာ အစာလက်ခံ နိုင်ဖို့ရာနှုန်းနည်းပါတယ်။ ပြီးတော့..စပါးစေ့မှာပါတဲ့ အစေ့တွင်းစာမကုန်သေးပါဘူး.. ဖျန်းစရာမလိုသေး/မဖျန်းသင့်သေးပါ။

ဂျင်းကို ဘယ်ကနေဘယ်လိုစိုက်လဲဆိုတာကို တခြားမိတ်ဆွေတောင်သူတွေပါ သိဖို့အတွက် နောက်ဆုံးမေးခွန်းလေးတစ်ခုအဖြစ် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်ရှင့်

၅။ မေး (Aung Kyaw Moe Hein) ဂျင်းတက်ကို မျိုးပိုင်းစင်းရင် ဘေးအတက်ပါတာကိုပဲ ဖြတ်ယူရသလား အလယ်ပိုင်းတွေကိုရော ဖြတ်ပြီး စိုက်ရတာလားဗျ မစိုက်ဘူးသေးတော့ သိချင်လို့ပါဗျာ

ဖြေ (ဒို့ဦးလေး) - အတက်(မျက်စိ)တခုပါရင် တစ်ပင်ထွက်ပါတယ်၊ အတက်ပါတာကိုရွေးစိုက်ပါ။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်