ကြက်ချေးအရောင်နှင့် ရောဂါများအကြောင်း

26/10/2021 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

   ကြက်ချေးများကို အဖြူရောင်၊ အညို(ချောကလက်)ရောင်၊ အစိမ်းရောင်၊ အမည်းရောင်၊ အနီရောင် စသည်ဖြင့် အမျိုးမျိုးတွေ့ရှိနိုင်ပါသည်။

   ကြက်ချေး၏ မူလပင်ကိုယ်အရောင်မှာ အညို သို့မဟုတ် သမင်မွေး အရောင်ရှိ၍ ပျော့ပျော့အခဲပေါ်တွင် အဖြူရောင်ဆီးခဲ (Urinate) အနည်းငယ်တင်လျက် ရှိတတ်ပါသည်။

   အဖြူရောင်ကြက်ချေးမှာ ကြက်ငယ်၊ ကြက်လတ် အရွယ်များတွင် အတွေ့များရ၍ (Salmonella) ရောဂါပိုးကြောင့်ဖြစ်သည့် ချေးဖြူရောဂါနှင့် အခြားရောဂါများ၊ ဖင်ဆီဘူး​ရောင်ရောဂါ (IBD) တို့တွင်တွေ့ရှိနိုင်ပါသည်။

   အညို (ချောကလက်)ရောင် ကြက်ချေးများကို ကြက်အရွယ်မရွေးတွေ့ရှိနိုင်၍ မိုးရာသီတွင်အတွေ့များပါသည်။ ၄င်းရောဂါသည် အူရောင်ရမ်းစေသည့် ရောဂါများ (Pasteurellosis, E coli, Coccidiosis) ကြောင့် ဖြစ်တတ်ပါသည်။ မိုးရာသီတွင် ရောဂါပါရှိသည့် ကြက်ချေးများမှ ရောဂါများကို ယင်ကောင်များမှတစ်ဆင့် သယ်ဆောင်ပြီး ရောဂါပျံ့ပွားနိုင်ပါသည်။ 

   အစိမ်းရောင် ကြက်ချေးများကို ကြက်လတ်၊ ကြက်ကြီး များတွင် တွေ့ရပြီး လည်လိမ်ရောဂါ (ND)ဖြစ်ပွားသည့် ကြက်များတွင် တွေ့ရှိနိုင်ပါသည်။ 

   အမည်းရောင်ကြက်ချေးများကို ကြက်ကြီးများတွင် အတွေ့များပါသည်။ အူများယောင်ရမ်း၍ သွေးယိုစိမ့်ခြင်း များဖြစ်ပြီး စအိုမှ အမည်းရောင်ချေးများ စွန့်ထုတ်ပါသည်။ အူလမ်းကြောင်းတွင်ဖြစ်ပွားသော (Pasteurellosis, E coli, Coccidiosis) ကြောင့်ဖြစ်ပွား၍ ရောဂါပြင်းထန်ပါသည်။

   အနီရောင်ကြက်ချေးများကိုသွေး၀မ်းရောဂါဖြစ်ပွားသော ကြက်များတွင် တွေ့ရတတ်ပါသည်။ အူအတက်တွင်ဖြစ်ပွားသည့်သွေး၀မ်းရောဂါတွင် တွေ့ရှိရပါသည်။

   ကြက်ချေးများ၏ အရောင်အသွေးအခြေအနေတို့ကို အမြဲမပြတ်ကြည့်ရှု့လေ့လာ၍ ထူးခြားမှုများရှိပါက နားလည်တတ်ကျွမ်းသည့် တိရိစ္ဆာန် ဆေးကုဆရာ၀န်များ၏ အကူအညီကို ရယူဆောင်ရွက်သင့်ပါသည်။

မှီငြမ်း- ဆရာ ရွှေဒင်္ဂါးစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်