ဈေးကွက်မျှော်ကိုး၍ ငရုတ်စိုက်သော်လည်း နည်းစနစ်မကျွမ်းကျင်၊ ဝယ်လက်မရှိပါက အရှုံးပေါ်နိုင်

23/08/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ငရုတ်သီးစျေးကွက်ကောင်းကို မျှော်ကိုး၍ စိုက်ပျိုးလာကြသော်လည်း ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် မရရှိခြင်း၊ စိုက်ပျိုးနည်းစနစ် မကျွမ်းကျင်ခြင်း၊ ဝယ်လက်များနှင့် မချိတ်ဆက်တတ်ခြင်း စသည့် အားနည်းချက်များကြောင့် အရှုံးပေါ်တတ်သည်ကို သတိပြုရန်လိုအပ်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ဆိုသည်။

ငရုတ်ပင်က ရွှေသီး၊ ငွေသီးတွေ သီးမှာမဟုတ်ပါဘူး။ ငရုတ်သီးပဲ သီးမှာပါ။ သီးတဲ့ငရုတ်သီးကလည်း ထောင်းစားလို့မကုန်ပါဘူး။ ဝယ်မယ့်ဝယ်လက်ရှိမှ စိုက်ပါ။ ကျွန်တော်တို့နယ်ဘက်မှာက စိုက်ပျိုးကြ၊ ရောင်းဝယ်ကြနဲ့ စျေးကွက်ကရှိပြီးသားပါ။ အခင်းထဲ ငရုတ်ကောက်တုန်း ပွဲစားက လာဝယ်နေပြီ။ ငရုတ်အစိုဆို မနက်ပိုင်းကောက် ညနေရောင်း၊ စျေးကလည်း အခြောက်ထက်ပိုကိုက်ပါတယ်။ တစ်ခါတလေ ပွဲစားနှစ်ဦးသုံးဦးလုဝယ်ရင် ပေါက်စျေးထက်တောင် ပိုရသေးတာ။ ပွဲစားမရောင်းချင်ရင် ပွဲရုံတွေပို့ပေါ့။ ဒီလိုမျိုး ဈေးကွက်သေချာရင်တော့ စိုက်ပျိုးသင့်တာပေါ့ ခင်ဗျာ။

ဟု မန္တလေးတိုင်းဒေသကြီး၊ ကျောက််ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ ကိုမြင့်ထွန်းဦးက ပြောသည်။

    ငရုတ်သီးသည် ပြည်တွင်းစားသုံးမှုသာမကဘဲ ပြည်ပဈေးကွက်ရှိသည့် သီးနှံတစ်မျိုးဖြစ်သည်။ ပြည်တွင်းရှိ ကုန်သည်ပွဲစားများ၊ ပွဲရုံများသို့ ရောင်းချနိုင်သည့်အပြင်၊ ဈေးကွက်လမ်းပွင့်သည့် အချိန်အခါများက တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ ငရုတ်သီးအစိမ်း/အမှည့်အစို/ငရုတ်ခြောက် (၃)မျိုးလုံး တင်ပို့ရောင်းချကြောင်း သိရသည်။ 

ပြောရရင် ဝယ်လက်ပေါတယ်။ ဒါ့ကြောင့် အများစုစိုက်ကြတာ။ ငရုတ်အစိုမဝယ်ရင်လည်း ငရုတ်ခြောက်အနေနဲ့ ရောင်းနေရတာပဲ။ အဓိကက ကိုယ်စိုက်ပျိုးမယ့်သီးနှံနဲ့ ကိုယ့်ဒေသ ရေမြေရာသီဥတု၊ စျေးကွက်အခြေအနေတွေကို သေချာလေ့လာပြီးမှစိုက်ပါ။ နောက်တစ်ခုက နည်းစနစ်ပိုင်း ကျွမ်းကျင်မှုမရှိရင်လည်း မစိုက်ပါနဲ့။ အရှုံးပေါ်တတ်ပါတယ်။

ဟု ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံတွင် ငရုတ်သီးစိုက်ပျိုးရေးကို ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး (မြစ်သား၊ ကျောက်ဆည်၊ မန္တလေး)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် ဒေသများ၌ အဓိကစိုက်ပျိုးထုတ်လုပ်နေသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်