နေ့စဉ်ဝင်ငွေရရှိစေသည့် ကန်စွန်းစိုက်ပျိုးရေးကို တစ်နိုင်တပိုင်စိုက်ပျိုးလာကြ

24/12/2020 10:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အနီးတဝိုက် ကျေးရွာများတွင် နေ့စဉ်ဝင်ငွေရရှိစေသည့် ကန်စွန်းစိုက်ပျိုးရေးကို တစ်နိုင်တပိုင်စိုက်ပျိုးလာကြကြောင်း ဒေသခံများထံမှ သိရသည်။

ကန်စွန်းရွက်က ဆူလွယ်နပ်လွယ်လေးမို့ နေ့စဉ်မိသားစုအတွက် အိမ်သုံးစရိတ် ပုံမှန်ရရှိစေလို့ စိုက်ပျိုးဖြစ်သွားတာပါ။ စိုက်နည်းစနစ် သိပ်မခက်ခဲဘူး။ တစ်နှစ်ကို တစ်သီးပဲစိုက်တာပါ။ နိုဝင်ဘာလမှာစိုက်ပြီးရင် ဇူလိုင်လ၊ ဩဂုတ်လအထိ ခူးရောင်းနေရုံပါပဲ။ ဆောင်းတွင်း အေးတဲ့ရာသီဆိုရင် အညွှန့်က အထွက်နှေးတော့ တစ်လလောက်နေမှ အညွှန့်ပြန်ထွက်ပြီး ဖြတ်ရောင်းလို့ရတယ်။ နွေရာသီ၊ မိုးရာသီတွေဆိုရင်တော့ (၁၅)ရက်နဲ့ ခူးလို့ရတယ်။

ဟု မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒာတောင်ရွာမှ ကန်စွန်းစီးပွားဖြစ် စိုက်ပျိုးသူ ဦးသက်တင် က ပြောသည်။ 

    ကန်စွန်းမျိုးစေ့ တစ်ဘူးလျှင် (၁,၂၀၀) ကျပ်၊ ကန်စွန်းမျိုးစေ့ တစ်ပိဿာလျှင် (၁၂,၀၀၀) ကျပ် ပေါက်ဈေးရှိနေသည်။

တစ်ဧကရဲ့ (၄)ပုံ(၁)ပုံ စိုက်မယ်ဆိုရင် မျိုးစေ့ (၃) ဘူးလောက် ကုန်ပါတယ်။ မျိုးကတော့ ထိုင်းကလာတဲ့ ကန်စွန်းမျိုးလည်းစိုက်တယ်။ ပြည်တွင်းဖြစ်မျိုးကိုလည်း စိုက်တယ်။ ပြည်တွင်းမျိုးကတော့ အကြမ်းပိုခံပါတယ်။ ပိုဒဏ်ခံတယ်။ ဈေးကွက်ကတော့ နွေရော၊ ဆောင်းရော မပြတ်ပါဘူး။

ဟု ဦးသက်တင်က ဆက်လက်ပြောသည်။

    မန္တလေးတိုင်းဈေးကွက်အတွင်း ကန်စွန်းရွက်(ကန်စွန်းညွှန့်)များကို လက်ကားရောင်းချသည့်အခါ ပိဿာချိန်ဖြင့် ရောင်းချကြပြီး ကန်စွန်းညွှန့်တစ်ပိဿာလျှင် ငွေကျပ် (၁၅,၀၀) ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်