စိုက်ပျိုးရေးတက္ကသိုလ်တွင် စာမေးပွဲကျရှုံးခြင်းမရှိသည့် စနစ်ဖြင့် သင်ကြားမည်

31/12/2018 19:58 PM တွင် Thein Soe Min Thein Soe Min မှ ရေးသား

မြန်မာနိုင်ငံ၏ တစ်ခုတည်းသောစိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် ၄င်း၏ပညာ သင်ကြားသင်ယူမှုစနစ်များကို ပြုပြင်ပြောင်းလဲသည့်အနေဖြင့် စာမေးပွဲကျရှုံးခြင်းမရှိတော့သည့်စနစ်ကို လာမည့်ပညာသင်နှစ်တွင် စတင်ကျင့် သုံးသွားမည်ဖြစ်ကြောင်း အဆိုပါတက္ကသိုလ်၏မော်ကွန်းထိန်း ဦးတင်ကိုကိုက ပြောသည်။ 

''System ပြောင်းသွားပြီ။ Credit Systemဆိုပြီးတော့လေ။ ဂျိုက်ကာ(ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ)နဲ့ကျွန်တော်တို့ပေါင်းပြီးရေးထားတာ။ စာမေးပွဲစနစ်တွေဘာတွေပြောင်းသွားပြီပေါ့။ ဂျပန်ရဲ့စနစ်နဲ့ ကျွန်တော်တို့သွားနေတယ်''ဟု ၄င်းက ဒီဇင်ဘာ၃၁ရက်တွင် မြန်မာတိုင်းမ်သို့ပြောကြားသည်။ 

အဆိုပါစနစ်သစ်အရ ဘွဲ့ကြိုသင်တန်းတက်ရောက်သော ကျောင်းသားများသည် စာမေးပွဲကျလျှင် နောက်တစ်နှစ်ပြန်တက်ပြီးဖြေဆိုရသည့်အဖြစ်မျိုး ရှိတော့ မည်မဟုတ်ပေ။ 

အသေးစိတ်ဖတ်ရန် နှိပ်ပါ...


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်