တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်

23/11/2024 09:52 AM တွင် AMIA AMIA မှ ရေးသား

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက တရုတ်ကနေ ကြက်သွန်ဖြူ(ကြူကုတ်)  ဝင်ရောက်မှု နည်းတာအပြင် သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် စျေးပြန်တက်လာပြီး ရှမ်းကြက်သွန်တွေကတော့ လက်ရှိ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁ သောင်းနီးပါး အဝင်ရှိပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ၁၉၀၀၀ နဲ့ ၂၀၀၀၀ ကျပ်ကြားရှိနေပြီး တစ်ပိဿာကို ၁၅၀၀ လောက်ဈေးပြန်တက်လာပါတယ်။

ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂ က ၁၂၀၀၀၊ ထူး၃က၁၃၅၀၀၊ ထူး၄က၁၄၅၀၀၊ ထူး၅က ၁၅၅၀၀ ကျပ်ရှိပြီး ဈေးငြိမ်ပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့အရင်အပတ်ကစျေးတန်းဖြစ်တဲ့အောင်ပန်းထူး၂   တစ်ပိဿာ ကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၀၀၀၀ ကျပ်မှာပဲငြိမ် နေပါ တယ်။ 

ကြက်သွန်နီ 

ကြက်သွန်နီကတော့ ဒီတစ်ပတ် ဈေးကျဆင်းပါတယ်။ မိုးကြက်သွန်တွေစတင်ဝင်ရောက်လာခြင်း ၊ နွေကြက်သွန်ရောင်းတဲ့ တောင်သူတွေများပြီး ရန်ကုန်ကို ကြက်သွန်ဝင်ရောက်မှုများနေတာကြောင့် စျေးအေးနေတာဖြစ်ပါတယ်။

စျေးတန်းအေးပြီး အရောင်းအဝယ်ခပ်မှန်မှန်ရှိနေပါတယ်။ ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းနီးပါး အဝင်ရှိနေတာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီက  ၂၂၀၀ မှ ၄၀၀၀ ကျပ်၊မြင်းခြံ ကြက်သွန်နီက ၂၀၀၀ မှ ၃၈၀၀ ကျပ်၊ ပခုက္ကူကြက်သွန်က ၂၁၀၀ မှ ၄၀၀၀ ကျပ်သာရှိပါတယ်။ တစ်ပိဿာကို ၄၀၀ ကနေ ၈၀၀ လောက်ကျလာတာဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက ကြက်သွန်နီ တစ်ပိဿာကို ၅၀၀၀ ကျပ်ကျော် အထိပင်မြင့်တက်ခဲ့ပါတယ်။

အာလူး

အာလူးကတော့ တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တာကြောင့် ကားအဝင်နည်းသွားပြီး သယ်ယူပို့ဆောင်ရေးတွေ ခက်ခဲကုန်တဲ့အတွက် စျေးတွေဆက်တိုက် တက်လာပါတယ်။ဈေးကွက်ထဲကို ကား ၄ စီး ပိဿာချိန် ၂ သောင်းကျော်လောက်သာ အဝင်ရှိနေတာ ဖြစ်ပါတယ်။

တရုတ်အာလူးက တစ်ပိဿာကို ၉၅၀၀ ထိ မြင့်တက်သွားခဲ့ပြီး ရှမ်းအာလူးတွေ အဝင်ပြန်ရှိလာချိန်မှာတော့ တစ်ပိဿာကို ၈၈၀၀ ထိ ဈေးပြန်ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၅၀၀ မှ ၂၀၀၀ ကြား ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

အောင်ပန်းအာလူးတွေကတော့ အဝင်ပြန်ရှိနေပြီး တစ်ပိဿာကို ၆၅၀၀ မှ ၉၂၀၀ ကြား ရှိပါတယ်။ ဈေးမြင့်တက်တဲ့အတွက် အရောင်းအဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့  အာလူးစျေးကငြိမ်နေပါတယ်။ မျက်နီ S1/ OK က ၇၀၀၀  ကျပ်၊၊ မျက်နီ OK က  ၆၈၀၀ ကျပ်၊မျက်နီ A1 က  ၅၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၅၂၀၀ ကျပ်  ရှိလာပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၈၂၀၀ မှ ၈၅၀၀ ကျပ်စျေးပေါက်ပေမယ့်ပစ္စည်းအဝင်မရှိဘဲဖြစ်နေပါတယ်။

မန်ကျည်းသီး

မန်ကျည်းသီးဈေးကလည်း နေ့စဉ်နဲ့အမျှ ဈေးမြင့်တက်နေပါတယ်။ အသားဈေးက မြင့်တက်နေပြီး ဈေးကွက်ထဲ အသစ်တွေ လည်း အနည်းငယ်အဝင်ရှိနေပါတယ်။ အဟောင်းဈေးကတော့ ငြိမ်နေပြီး အသစ်ဈေးက မြင့်တက်နေတာလို့ ရောင်းဝယ်သူတွေက ဆိုပါတယ်။

မန်ကျည်းသီး အသား တစ်ပိဿာကို ဘုရင့်နောင် ဈေးကွက်မှာ ၉၅၀၀ မှ ၁၃၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၃၃၀၀ မှ ၃၆၀၀ ကြား ရှိပါတယ်။

အပြင် လက်လီ ပေါက်ဈေးက အစေ့ပါ အဟောင်း တစ်ပိဿာကို ၈၀၀၀ ကျပ်ရှိနေပြီး အသစ် တစ်ပိဿာကို ၁၀၀၀၀ မှ ၁၁၀၀၀ ကြားရှိနေတယ်လို့ သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်