ငွေပန်း စိုက်ပျိုးနည်း

09/01/2018 14:08 PM တွင် ကိုရဲ (စိုက်ပျိုးရေး) ကိုရဲ (စိုက်ပျိုးရေး) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အပင္သဘာဝ

အမြင့်ပေ ၃ ပေ မှ ၄ ပေ အထိ အမြင့်ရှိ၍ အမြစ်ဥတက်မှ ပင်စည်များ ပွားများထွက်ပြီး သားတက်များ ပွားလေ့ ရှိသည်။ အပွင့်အရောင် အဖြူဖြစ်၍ ပင်စည်ရိုးတံ ထိပ်တွင်စု၍ တစ်ပင်လျှင် ၁ ပွင့် မှ ၁၀ ပွင့်အထိ ပွင့်လေ့ ရှိသည်။ နေ့စဉ် နံနက် ည အပွင့်များ ပွင့်လေ့ ရှိသည်။ ရေမပြတ်ပေးလျှင် ပိုမို ပွင့်စေပါသည်။

အမျိုးအစား

ငွေပန်းသည် ဗုဒ္ဓသရဏံ အပင်မျိုးကဲ့သို့ စေ့ရွက်ထီးရှိသော အမျိုးအစားဖြစ်သည်။ အရွက်ပြား၍ အမြစ်ဥတက်မှ မျိုးပွားစိုက်ပျိုးလေ့ရှိသည်။ 

အနီးစပ်ဆုံးမျိုး နှစ်မျိုးမှာ - 

၁။ Hedy-Chium Eoronarium (ရွှေပန်း)

၂။ Hedy-Chium Spicatum (ငွေပန်း)

မြန်မာအမည် - ငွေပန်း

အင်္ဂလိပ်အမည် - Garland Flower, Ginger lily, Butterfly lily

ရုက္ခဗေဒအမည် - Hedychium coronarium, Hedychium spicatum

မျိုးရင်း - ZINGIBERACEAE

စိုက်ပျိုးသည့်ဒေသ

ငွေပန်းများကို မြန်မာပြည်အောက်ပိုင်း မြေပြန့်ဒေသများတွင် အများအပြား စိုက်ပျိုးသည်။ ရေကောင်းစွာ ပေးနိုင် သော အရပ်ဒေသတွင် ဖြစ်ထွန်းသည်။

ရေမြေ ရာသီဥတု

အစိုဓာတ်ကို ကြိုက်နှစ်သက်သည်။ ရေဝပ်ပြီး စိမ့်စွဲသောနေရာတွင် မဖြစ်ထွန်းပါ။ မြေပွ၍ မြေဩဇာ ထက်သန်သော မြေနေရာတွင် အမြစ်ဥ ထွားကျိုင်း၍ ပင်စည်ရိုးတံတုတ်ပြီး အပွင့်လှိုင်လှိုင်ပွင့်လေ့ရှိသည်။ ပူပြင်းခြောက်သွေ့သောရာသီဥတုကို မကြိုက်ပါ။ 

စိုက်ပျိုးနည်း

ဥအတက်မှ မျိုးပွားပျိုးထောင်ပါ။ စိုက်ပျိုးရန် ငွေပန်းပျိုးပင် တစ်ပင်နှင့် တစ်ပင် ၄ လက်မ အကွာ တစ်တန်းနှင့်တစ်တန်း ၆ လက်မ အကွာထား၍ ပြုပြင်ထားသော မြေဘောင်ပေါ်တွင် ပြောင်းရွှေ့စိုက်ပျိုးပါ။ ပြောင်းရွှေ့စိုက်ရန် အကောင်းဆုံးအချိန်မှာ ဧပြီလနှင့် မေလများတွင် ဖြစ်သည်။ စိုက်ခင်းတွင် ရေတစ်ရက်ခြား လောင်းပါ။ အစိုဓာတ်ကို ကြိုက်နှစ်သက်သော်လည်း ရေဝပ်၍ စိမ့်စွဲပါက ဥတက်များ ရေနာ ပုပ်သွားတတ်သည်။ အကွာအဝေး တစ်ပင်နှင့်တစ်ပင် ၆ လက်မထားပါက တစ်ဧကပျိုးပင် ၈၆၀၀၀ ခန့်လိုအပ်သည်။ 

မြေဩဇာကျွေးခြင်း

ပြောင်းရွှေ့စိုက်ပျိုးပြီးသော ငွေပန်းပင်များအား နှစ်လသားအရွယ် ရှိသောအခါ စိုက်ဘောင်တစ်ဘောင်အတွက် ယူရီးယားမြေဩဇာ ထမင်းစားဇွန်း ၃ ဇွန်းခန့် ကို ရေ ၄ ဂါလံတွင် ဖျော်၍ လောင်းပေးပါ။ စိုက်ခင်းဘောင် မြေမကျပ်စေရန် တစ်လ ၂ ကြိမ် ပေါင်းမြက်ရှင်း၍ မြေပြုပြင်ပေးပါ။ 

ရေသွင်းပေးခြင်း

အိမ်ခြံတွင် အလှစိုက်ပျိုးပါက ပုံမှန်အတိုင်း ရေလောင်းပေးလေ့ရှိပြီး စီးပွားဖြစ်စိုက်ပျိုးပါက စိုက်ဘောင်ကြား တွင် ရေလောင်းပေးလေ့ရှိသည်။ အပွင့်ရွက် အနာခြောက်များအား အောက်ခြေမှ ဖယ်ရှားပေးပြီး အပင်များ မယိုင်လဲစေရန် လိုအပ်ပါသည်။ 

ပိုးမွှားများ 

ပင့်ကူနီ (Red Spider)- ၎င်းပိုးသည် အိမ်ဖွဲ့နေပြီး အပွင့်များကို ငယ်စဉ်အခါကတည်းက မပွင့်နိုင်အောင် ဖျက်ဆီးလေ့ ရှိသည်။ Leaf Hopper လည်းကျတတ်သည်။ မာလာသီယွန်ဆေး တို့နှင့် ပက်ဖျန်းကာကွယ်ပါ။

ရောဂါများ 

၁။ ဥအတက်များတွင် နီမတုတ်ရောဂါ (nematode) ရောဂါ ကျရောက်တတ်ပါသည်။ ဖော်မလင်ဆေးရည် တစ်ဆနှင့် ရေရှစ်ဆ ရောစပ်ပက်ဖျန်းကာကွယ်ပါ။

၂။ ဥပုပ်ရောဂါ (root rot) ဥအတက်များ ဗိုင်းရပ်စ်ကြောင့် ကြုံလှီခြောက်သွေ့၍ တဖြည်းဖြည်း သေသွားသည် အထိ ဖြစ်တတ်သည်။ ၎င်းမြေကို သစ်ရွက်ခြောက်နှင့် မီးရှို့၍ မြေသင်းပေးရသည်။ 

မျိုးပွားနည်း

ငွေပန်းများအား ဥသားတက်များမှ ခွဲယူပြီး ပျိုးထောင် မျိုးပွားလေ့ရှိသည်။ ပျိုးဘောင်တွင် ပျိုးမထောင်ပဲ တိုက်ရိုက်သားတက်ခွဲ၍ စိုက်ခင်းတွင် စိုက်ပျိုးနိုင်သည်။ 

အထွက်နှုန်း

စီးပွားဖြစ် အနေဖြစ် စိုက်ပျိုးပါကတစ်ဧကစိုက်ပင် ၈၆၀၀၀ မှ လှိုင်လှိုင်ပွင့်ပါက ၅၀ ပွင့်အစည်းပေါင်း ၂၀၀၀ ခန့် ထွက်ရှိနိုင်ပါသည်။

ကိုရဲ (စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်