ပိန်းဥ စိုက်ပျိုး ထုတ်လုပ်နည်း
၁။ ပိန်းဥနှင့်ကျန်းမာရေး- ပိန်းဥကို စားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုးများမှာ အဆုတ်နှင့် နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များနှင့် အရည်ကြည်အိတ်များကို သက်တမ်းရှည်စေခြင်း၊ သွေးတိုးနှင့်နှလုံးရောဂါများကို သက်သာစေခြင်း၊ အရေပြား ခံတွင်းကင်ဆာများ ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပေါ်စေသည်။
ပိန်းဥ၏ အင်္ဂလိပ် အမည် Taro Root၊ ရုက္ခဗေဒ အမည် Calocasia esculenta၊ မူရင်း Araceae။
(က) ပိန်းဥတွင် ပါဝင်သော အာဟာဓာတ်များ
ပိန်းဥ (၁၀၀) ဂရမ်လျှင် ကာဗွန်ဟိုက်ဒရိတ်-၂၆.၄၆ဂရမ်
ပရိုတိန်း-၁.၅၀ဂရမ်
အဆီ-၀.၂၀ဂရမ်
အမျှင်ဓါတ်- ၄.၁၀ဂရမ်
စွမ်းအင်-၁၁၂ Kcal
(ခ) ပိန်းဥတွင် ပါဝင်သော ဗီတာမင်များ
ဖောလစ်အက်ဆစ် ၂၂ µ g၊ နိုင်ယာစင်-၀.၆၀၀ mg၊ ဗီတာမင်အေ-၇၆µg၊ ဗီတာမင်စီ-၄.၅ mg၊ ဗီတာမင်အီး-၂.၃၈ mg၊ ရိုင်ဗိုဖလေဗင်-၀.၀၂၅ mg၊ သိုင်ယာမင်း-၀.၀၉၅ mg၊ ဗီတာမင်ကေ-၁.၀၀။
(ဂ) ပိန်းဥတွင် ပါဝင်သော သတ္တုဓါတ်များ
ကယ်ဆီယမ် ၄၃mg၊ ကော့ပါး ၀.၁၇၂ mg၊ သံဓါတ် ၀.၅၅mg၊ မဂ္ဂနိဆီယမ် ၃၃mg၊ မဂ္ဂနီးစ် ၀.၃၈၃ mg၊ ဆီလီနီယမ် ၀.၇၀mg၊ ဇင့် ၀.၂၃mg။
(ဃ) ကင်ဆာရောဂါ ကာကွယ်သည့် ဒြပ်ပေါင်းများ
ßကယ်ရိုတင်း ၃၅ µ g
∂ကယ်ရိုတင်း -၀ µ g
ßကရုိင္တိုဇန္သင္-၂၀ µ g
လူတိန်း-ဇီဇန်သင်-၀ µ g
၂။ ပိန်းဥ စိုက်ပျိုးနည်း
ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှ ဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည့်ဒေသများတွင် သဘာဝအလျောက် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေများတွင်လည်းရေသွင်း စိုက်ပျိုးနိုင်ပါကကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။
(က) နှစ်သက်သော ရာသီဥတု
မိုးရည်ချိန် (၈-၁၀) လက်မ အထက် ရွာသွန်းသောဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ နေ့အပူချိန် (၂၇-၃၅) စင်တီဂရိတ်၊ ညအပူချိန် (၂၀-၂၂) စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။
(ခ) မြေအမျိုးအစား
ပိန်းဥသည် နုံးမြေ နှင့်ရေစီးဆင်းမှုကောင်းမွန်သည့်မြေအမျိုးအစားကို ကြိုက်သည်။ မြေချဉ်ငံဓာတ် (၅.၅) မှ (၆.၅) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။ မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။
၂။ မျိုးရွေးချယ်ခြင်း
ပိန်းဥ၏ ဥမွှာနှင့်သားတက် (၂) မျိုးလုံး အသုံးပြုနိုင်သည်။ ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧကအထွက်နှုန်း ကွာခြားသည်။
အရွယ်အစား အထွက်နှုန်း
(၂) လက်မအထက် (၉.၀၄)တန်/ဧက (၅၅၀၀ ပိဿ/ဧက)
(၁-၂) လက်မကြား (၈.၁)တန်/ဧက(၄၉၇၀ ပိႆ/ဧက)
(၂) လက်မအောက် (၇.၄)တန်/ဧက (၄၅၄၀ ပိဿ/ဧက)
မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှားကင်းသော မိခင်ပင်မှ ယူရမည်။ မှိုသတ်ဆေး ကတ်ပတန်(၄၀ ဂရမ်/လီတာ) တွင် (၂) မိနစ်ခန့် စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ (Corm Rot) ကို ကာကွယ်နိုင်သည်။
၃။ မြေသြဇာ ထည့်သွင်းခြင်း
မြေသြဇာအနေဖြင့်ဖော့စဖောရပ်စ် မြေသြဇာ လုံလောက်ရန် အရေးကြီးသည်။ ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်စီယမ် ၂၆ ပေါင်/ဧက (၇.၄ ပိဿ/ဧက) နှုန်း ထည့်သွင်းပေးသင့်သည်။ အခြား အနည်းလို အာဟာရများ ဖြစ်သော အာဟာရများ ဖြစ်သော ဇင့်၊ ကယ်ဇီယမ်နှင့် ဆာလဖာဓာတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာ ပြတတ်သည်။
၄။ စိုက်ခင်းပြုစုခြင်း
ပိန်းဥကို သားတက် (Sucker) မှလည်းကောင်း၊ ဥမွှာမှ လည်းကောင်း၊ ပိန်းရိုး၏ အရင်းမှ လည်းကောင်း ထိပ်ဖျားမှ (၀.၅-၁) လက်မခန့်ဖြတ်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင် ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရမည်။ မြေသားနက်၍လေဝင်လေထွက်ကောင်းပြီးရေမဝပ်စေရန် လိုအပ်သည်။

၅။ ရိတ်သိမ်းခြင်း
စိုက်ပျိုးပြီး(၅-၁၁) လကြာလျှင် (အပူပိုင်းဒေသ) စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့် ရိတ်သိမ်းခြင်းမှာ စက်ဖြင့် တူးဖော်ခြင်းထက် အရည်အသွေးနှင့် ထိခိုက် ဒဏ်ရာရမှုကို သက်သာစေသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ၁၂.၆ တန်/ဧက (၇၇၃၀ ပိဿ/ဧက)ရရှိနိုင်သည်။
၆။ အာဟာရဓာတ်များ ဆုံးရှုံးမှု မရှိစေရန် သိုလှောင်နည်းစနစ်
ဒေသထွက်ပစ္စည်းများ ဖြစ်သော လွှစာမှုန့်/ရေပေါ်စာများကို စိုစွတ်အောင် ပြုလုပ်၍ ပိန်းဥများကို ပလတ်စတစ်အိတ်ပါး (သို့) ပီနန်အိတ် ဘေးပတ်လည်တွင် ဝိုင်းရံပေးထားခြင်းဖြင့် စိုထိုင်းဆ ကောင်းမွန်စေသောကြောင့် ရက်သတ္တပတ် (၄-၆) ပတ်ထိ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှု မရှိပဲ သိုလှောင်နိုင်သည်။
စိုက်ခင်းမှ တူးပြီးသော ပိန်းဥများအား အေး/မှောင်/ခြောက်သွေ့သောနေရာတွင် ကျင်းများတူး၍ အုန်းခွံ၊ ငှက်ပျောရွက်များအောက်မှ ခင်း၍ ပိန်းဥများကို အလယ်တွင်ထားပြီး အပေါ်မှ ခြောက်သွေ့သော သဲမြေ (၆လက်မ) ခန့် ဖုံးအုပ်၍ သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်အသွေး သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်သွေးမပျက် သိုလှောင်နိုင်သည်။
၇။ ပိန်းဥမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့် ထုတ်ကုန်များ

ပိန်းဥအခြောက်ပြား(Dried Taro Chips)
အအေးခံပိန်းဥ(frozen Taro Cubes)
ပိန်းဥကွတ်ကီး(Taro Cookie)
ပိန်းဥခြောက်ကြော်(Fried Taro Chips)
ပိန်းဥရေခဲမုန့် (Taro FlavouredIcecream)
ပိန်းဥသကြားလုံး(Taro Chew Canddy)
ပိန်းဥဂျယ်လီ(Jelly Cup Taro)
ပိန်းဥခြောက် အလုံးလိုက်(Vacuum Dried Taro)
ပိန်းဥဝေဖာ(Taro cream Wafer)
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်
Source- စိုက်ပျိုးရေး ဦးစီးဌာန
U Mg Mg Tin
လွန်ခဲ့သော ၁ နှစ် ကငှက်ပျောပင်ကြားမှာစိုက်လို့ရပါသလား
လှိုင်ကိုဦး
လွန်ခဲ့သော ၂ နှစ် ကယာမြေတွင်စိုက်ပျိုးပါက ရေသွင်းမြောင်းမရှိလျှင်စိုက်ဘောင်ပေါ်တွင် ရေပိုက်ဖြင့် သွယ်တန်းပြီး ရေအစက်ချစနစ်ဖြင့် စိုက်ပျို့လို့ရနိုင်ပါလားခင်ဗျ ရေ ရေဘယ်လောက်ထိပေးဖို့လိုလဲ သိပါရစေ
ငဘတို့ရွာ
လွန်ခဲ့သော ၂ နှစ် ကပေါက်ပြား၂ပြားအကျယ်ပေါက်လှန်ပြီး တစ်ဖက်တစ်တတ်စီ ဒေသ အခေါ် ရဟက်(ခေါ် ) လျှေက်ဘောင် ၃ပေ အပင်တန်း ၁.၅ပေ
THANG LAW KEE
လွန်ခဲ့သော ၃ နှစ် ကပင်းကြား ၁ပေခွဲ တန်းကြား ၃ ပေ လောက်နဲ့ အများအားဖြင့် စိုက်ပျိုးကြပါတယ်. ပိန်းပင်အမျိုးအစားများစွာ ရှိပါတယ်. အရိုင်းပင်များလည်း ရှိပါတယ်. အရိုင်းပင်တွေက စားရင် မိခင်ဥတင်မကဘဲ သားတက်တွေပါ ယားပါတယ်.
ေမာင်မင်းစိုးစံ
လွန်ခဲ့သော ၃ နှစ် ကသင်သိပါသလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 0 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....