ပိန်းဥ စိုက်ပျိုး ထုတ်လုပ်နည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ ပိန်းဥနှင့်ကျန်းမာရေး- ပိန်းဥကို စားသုံးခြင်းဖြင့် ရရှိသောကောင်းကျိုးများမှာ အဆုတ်နှင့် နှလုံးကြွက်သားကင်ဆာကို တားဆီးနိုင်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များနှင့် အရည်ကြည်အိတ်များကို သက်တမ်းရှည်စေခြင်း၊ သွေးတိုးနှင့်နှလုံးရောဂါများကို သက်သာစေခြင်း၊ အရေပြား ခံတွင်းကင်ဆာများ ကာကွယ်နိုင်ခြင်း၊ အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်းတို့ ဖြစ်ပေါ်စေသည်။

ပိန်းဥ၏ အင်္ဂလိပ် အမည် Taro Root၊ ရုက္ခဗေဒ အမည် Calocasia esculenta၊ မူရင်း Araceae။

(က) ပိန်းဥတွင် ပါဝင်သော အာဟာဓာတ်များ

ပိန်းဥ (၁၀၀) ဂရမ်လျှင် ကာဗွန်ဟိုက်ဒရိတ်-၂၆.၄၆ဂရမ်

ပရိုတိန်း-၁.၅၀ဂရမ်

အဆီ-၀.၂၀ဂရမ်

အမျှင်ဓါတ်- ၄.၁၀ဂရမ်

စွမ်းအင်-၁၁၂ Kcal

 (ခ) ပိန်းဥတွင် ပါဝင်သော ဗီတာမင်များ

ဖောလစ်အက်ဆစ် ၂၂ µ g၊ နိုင်ယာစင်-၀.၆၀၀ mg၊ ဗီတာမင်အေ-၇၆µg၊ ဗီတာမင်စီ-၄.၅ mg၊ ဗီတာမင်အီး-၂.၃၈ mg၊ ရိုင်ဗိုဖလေဗင်-၀.၀၂၅ mg၊ သိုင်ယာမင်း-၀.၀၉၅ mg၊ ဗီတာမင်ကေ-၁.၀၀။

(ဂ) ပိန်းဥတွင် ပါဝင်သော သတ္တုဓါတ်များ

ကယ်ဆီယမ် ၄၃mg၊ ကော့ပါး ၀.၁၇၂ mg၊ သံဓါတ် ၀.၅၅mg၊ မဂ္ဂနိဆီယမ် ၃၃mg၊ မဂ္ဂနီးစ် ၀.၃၈၃ mg၊ ဆီလီနီယမ် ၀.၇၀mg၊ ဇင့် ၀.၂၃mg။

(ဃ) ကင်ဆာရောဂါ ကာကွယ်သည့် ဒြပ်ပေါင်းများ

ßကယ်ရိုတင်း ၃၅ µ g

∂ကယ်ရိုတင်း -၀ µ g

ßကရုိင္တိုဇန္သင္-၂၀ µ g

လူတိန်း-ဇီဇန်သင်-၀ µ g

၂။ ပိန်းဥ စိုက်ပျိုးနည်း

ပိန်းဥ၏ မူရင်းဒေသသည် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့တောင်အာရှ ဖြစ်သည်။ စပါးစိုက် လယ်မြေများ၊ မိုးများသည့်ဒေသများတွင် သဘာဝအလျောက် စိုက်ပျိုး ဖြစ်ထွန်းသည်။ မိုးနည်းသည့် အထက် မြန်မာပြည် ယာမြေများတွင်လည်းရေသွင်း စိုက်ပျိုးနိုင်ပါကကောင်းစွာ စိုက်ပျိုး ဖြစ်ထွန်းသည်။

 (က) နှစ်သက်သော ရာသီဥတု

မိုးရည်ချိန် (၈-၁၀) လက်မ အထက် ရွာသွန်းသောဒေသများတွင် အကောင်းဆုံး ဖြစ်ထွန်းသည်။ နေ့အပူချိန် (၂၇-၃၅) စင်တီဂရိတ်၊ ညအပူချိန် (၂၀-၂၂) စင်တီဂရိတ်တွင် ကောင်းစွာ ဖြစ်ထွန်းသည်။

 (ခ) မြေအမျိုးအစား

ပိန်းဥသည် နုံးမြေ နှင့်ရေစီးဆင်းမှုကောင်းမွန်သည့်မြေအမျိုးအစားကို ကြိုက်သည်။ မြေချဉ်ငံဓာတ် (၅.၅) မှ (၆.၅) အတွင်း စိုက်ပျိုး ဖြစ်ထွန်းသည်။ မြေ အမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။

 ၂။ မျိုးရွေးချယ်ခြင်း

ပိန်းဥ၏ ဥမွှာနှင့်သားတက် (၂) မျိုးလုံး အသုံးပြုနိုင်သည်။ ဥမွှာ၏ အရွယ်အစားပေါ် မူတည်၍ တစ်ဧကအထွက်နှုန်း ကွာခြားသည်။

 အရွယ်အစား အထွက်နှုန်း

(၂) လက်မအထက် (၉.၀၄)တန်/ဧက (၅၅၀၀ ပိဿ/ဧက)

(၁-၂) လက်မကြား (၈.၁)တန်/ဧက(၄၉၇၀ ပိႆ/ဧက)

(၂) လက်မအောက် (၇.၄)တန်/ဧက (၄၅၄၀ ပိဿ/ဧက)

မျိုးဥရွေးချယ်ရာတွင် ရောဂါပိုးမွှားကင်းသော မိခင်ပင်မှ ယူရမည်။ မှိုသတ်ဆေး ကတ်ပတန်(၄၀ ဂရမ်/လီတာ) တွင် (၂) မိနစ်ခန့် စိမ်ပြီး စိုက်ပါက ဥပုပ်ရောဂါ (Corm Rot) ကို ကာကွယ်နိုင်သည်။

 ၃။ မြေသြဇာ ထည့်သွင်းခြင်း

မြေသြဇာအနေဖြင့်ဖော့စဖောရပ်စ် မြေသြဇာ လုံလောက်ရန် အရေးကြီးသည်။ ဥပုပ်ရောဂါကို ကာကွယ်နိုင်ရန် စိုက်ဘောင်များ အတွင်းတွင် ပိုတက်စီယမ် ၂၆ ပေါင်/ဧက (၇.၄ ပိဿ/ဧက) နှုန်း ထည့်သွင်းပေးသင့်သည်။ အခြား အနည်းလို အာဟာရများ ဖြစ်သော အာဟာရများ ဖြစ်သော ဇင့်၊ ကယ်ဇီယမ်နှင့် ဆာလဖာဓာတ်များ ချို့တဲ့ပါက ပိန်းအရွက်နှင့် ရိုးတံတို့တွင် လက္ခဏာများ ထင်ရှားစွာ ပြတတ်သည်။

 ၄။ စိုက်ခင်းပြုစုခြင်း

ပိန်းဥကို သားတက် (Sucker) မှလည်းကောင်း၊ ဥမွှာမှ လည်းကောင်း၊ ပိန်းရိုး၏ အရင်းမှ လည်းကောင်း ထိပ်ဖျားမှ (၀.၅-၁) လက်မခန့်ဖြတ်၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ သားတက်မှ စိုက်ပျိုးပါက ပျိုးခင်းထဲတွင် အညှောင့်ပေါက်စေရန် အရင် ပျိုးထောင်ပြီးမှ စိုက်ခင်းထဲသို့ ချရမည်။ မြေသားနက်၍လေဝင်လေထွက်ကောင်းပြီးရေမဝပ်စေရန် လိုအပ်သည်။

၅။ ရိတ်သိမ်းခြင်း

စိုက်ပျိုးပြီး(၅-၁၁) လကြာလျှင် (အပူပိုင်းဒေသ) စိုက်ပျိုးပြီး (၆-၁၅) လကြာလျှင် (မိုးများသည့်ဒေသ) များတွင် ရိတ်သိမ်းနိုင်သည်။ လက်ဖြင့် ရိတ်သိမ်းခြင်းမှာ စက်ဖြင့် တူးဖော်ခြင်းထက် အရည်အသွေးနှင့် ထိခိုက် ဒဏ်ရာရမှုကို သက်သာစေသည်။ အေး၍ခြောက်သွေ့သောဒေသများတွင် ၁၂.၆ တန်/ဧက (၇၇၃၀ ပိဿ/ဧက)ရရှိနိုင်သည်။

၆။ အာဟာရဓာတ်များ ဆုံးရှုံးမှု မရှိစေရန် သိုလှောင်နည်းစနစ်

ဒေသထွက်ပစ္စည်းများ ဖြစ်သော လွှစာမှုန့်/ရေပေါ်စာများကို စိုစွတ်အောင် ပြုလုပ်၍ ပိန်းဥများကို ပလတ်စတစ်အိတ်ပါး (သို့) ပီနန်အိတ် ဘေးပတ်လည်တွင် ဝိုင်းရံပေးထားခြင်းဖြင့် စိုထိုင်းဆ ကောင်းမွန်စေသောကြောင့် ရက်သတ္တပတ် (၄-၆) ပတ်ထိ အာဟာရဓာတ်များ ပျက်စီးဆုံးရှုံးမှု မရှိပဲ သိုလှောင်နိုင်သည်။

စိုက်ခင်းမှ တူးပြီးသော ပိန်းဥများအား အေး/မှောင်/ခြောက်သွေ့သောနေရာတွင် ကျင်းများတူး၍ အုန်းခွံ၊ ငှက်ပျောရွက်များအောက်မှ ခင်း၍ ပိန်းဥများကို အလယ်တွင်ထားပြီး အပေါ်မှ ခြောက်သွေ့သော သဲမြေ (၆လက်မ) ခန့် ဖုံးအုပ်၍ သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်အသွေး သိုလှောင်ပါက (၂-၃) လခန့်ထိ အရည်သွေးမပျက် သိုလှောင်နိုင်သည်။

 ၇။ ပိန်းဥမှ ထုတ်လုပ်နိုင်သော တန်ဖိုးမြင့် ထုတ်ကုန်များ

ပိန်းဥအခြောက်ပြား(Dried Taro Chips)

အအေးခံပိန်းဥ(frozen Taro Cubes)

ပိန်းဥကွတ်ကီး(Taro Cookie)

ပိန်းဥခြောက်ကြော်(Fried Taro Chips)

ပိန်းဥရေခဲမုန့် (Taro FlavouredIcecream)

ပိန်းဥသကြားလုံး(Taro Chew Canddy)

ပိန်းဥဂျယ်လီ(Jelly Cup Taro)

ပိန်းဥခြောက် အလုံးလိုက်(Vacuum Dried Taro)

ပိန်းဥဝေဖာ(Taro cream Wafer)

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်

Source- စိုက်ပျိုးရေး ဦးစီးဌာန


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်