ကညွတ်စိုက်ပျိုးနည်း
သမပိုင်းဒေသမှာ ပေါက်ရောက်မှုများတဲ့ ကညွတ် က မြန်မာနိုင်ငံမှာ စိုက်ပျိုးသူများလာပြီး ဝင်ငွေကောင်းစေသော သီးနှံတစ်ခု ဖြစ်နေပါတယ်။ အရသာရှိပြီး ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ သတ္ထုဓာတ်နဲ့ သက်စောင့်ဓာတ်များစွာ ကြွယ်ဝတဲ့ ကညွတ် ဟာ ကျန်းမားရေးအတွက် မဖြစ်မနေစားသင့်သော ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ်။ ကညွတ်က နှစ်ပေါင်း ၂၀ ကျော်အောင် ခူးယူနိုင်သော နှစ်ရှည် ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။
မြေရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း
ကညွတ် က မြေဆီထက်သန်ပြီး ရေဝင်ရေထွက်ကောင်းသော မြေကြီးအမျိုးစားကို နှစ်သက်ပါတယ်။ အက်စစ်ဓာတ်ဆန်သော (မြေချဉ်သော) အမျိုးစားကို မကြိုက်ပါဘူး။ နှစ်ရှည်ပင်ဖြစ်တဲ့အတွက်ကြောင့် စတင်စိုက်ပျိုးကတည်းက မြေကို အကောင်းဆုံးဖြစ်အောင် အချိန်ယူပြီး ပြင်ဆင်ထားသင့်ပါတယ်။
အချိန်ရမယ်ဆိုရင်တော့ ကညွတ် စိုက်မည့် မြေကြီးမှာ ပဲမျိုးရင်ဝင် တစ်ခုခုကို သစ်စိမ်းမြေသြဇာ အဖြစ် စိုက်ပျိုးပြီး မြေကို အဟာရ ပြည့်ဝအောင် ပြင်ဆင်ထားသင့်ပါတယ်။ ထို့ပြင် မြေကြီးထဲတွင် ရေရှည် အဟာရ ပြည့်ဝနေရန်အတွက် သဘာဝမြေသြဇာများကို တက်နိုင်သလောက် များများ ထည့်ထားပါ။
· စိုက်ပျိုးမည့် မြေကြီးထဲမှာ ရှိနေတဲ့ အပင်အကြွင်းအကျန်များကို အမြစ်ပါမချန် ရှင်းလင်းပစ်ပါ။
· မြေကြီး အနက် ၆-၈ လက်မအထိ မြေကို ပွနေစေရန် ထွန်ယက်ပေးပါ။
· မြေဆွေးကို စိုက်ပျိုးမည့် မြေကြီးအထက် ၂-၃ လက်မအထိ ဖြန့်ပေးပြီး မြေကြီးထဲသို့ ရောမွှေပေးပါ။
· မြေကြီးက အချဉ်ပေါက်နေပါက ထုံးဓာတ်ပြီး သမသည့် အနေအထားရောက်အောင် ပြုပြင်ပါ။ (ချဉ်ငန်ဓာတ် ကိန်းဂဏန်းပေါ်မူတည်ပြီး ထုံးပမာဏ ကွာခြားပါသည်)
· မြေကြီးကို ၁၂ လက်မ အကျယ် ၈-၁၂ အမြင့် ဘောင်ပြုလုပ်ပေးပါ။ တစ်တန်းနှင့် တစ်တန်းကြား အနည်းဆုံး ၂ ပေထားပေးပါ။
စိုက်ပျိုးခြင်း
(က) အစေ့မှ စိုက်ပျိုးခြင်း
အစေ့မှ စိုက်ပျိုးခြင်းသည် အပင်ပေါက်ရောက်မှုနည်းသည့်အတွက် ဥမှ စိုက်ကြသူ များပါတယ်။ အစေ့မှ စိုက်ပျိုးပါက မျိုးစေ့ကို ရေ (၃-၄) ရက်ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ ရေကို တစ်နေ့တစ်ခါ လဲပေးရမည်။ ထိုနောက် ပျိုးဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ ၁ လက်မ ၁လက်မခွဲခန့်၊ တန်းကြား ၁ ပေခန့် ထားပြီး ပျိုးထောင်ပါ။ ၂-၆ ပတ်အကြာတွင် အပင်ပေါက်လာပြီး တစ်လသားခန့်တွင် ပျိုးအိတ်ထဲသို့ ပြောင်းထဲပါ။ ပျိုးပင် ၄ လသား အရွယ်တွင် ရွေ့ပြောင်း စိုက်ပျိုးနိုင်ပါတယ်။
(ခ) ဥမှ စိုက်ပျိုးခြင်း
မိုးဦးပိုင်းတွင် စတင်စိုက်ပျိုးနိုင်ပါ။ ပင်ကြား ၁-၁.၅ ပေထိ ထားပြီး တန်းကြား ၃-၄ ပေခန့် ထားသင့်ပါသည်။ ကျင်းကို ၈ လက်မ အနက်ထိ တူး၍ စိုက်ပျိုးနိုင်ပါသည်။
ထိန်းသိမ်းပြုစုခြင်း
ကညွတ် စိုက်ပျိုးပြီး တစ်နှစ်ကြာသည်အထိ အပင်၏ အမြစ်များ အားကောင်း သန်မာစေရန်အတွက် အစို့များကို ခူးဆွတ်ရိတ်သိမ်းခြင်း မပြုလုပ်ပါနှင့်။ ပေါင်းများကို အခါအားလေ ျှာ်စွာ ရှင်းပေးပါ။ မြေကြီး မြေသြဇာ ထက်သန်စေရန်နှင့် မွနေစေရန်အတွက် မြေဆွေး၊ သစ်ရွက်ဆွေးများကို ထည့်သွင်းပေးပါ။
ရိတ်သိမ်းခြင်း
၂နှစ်သားမှ စ၍ ရိတ်သိမ်းနိုင်ပါတယ်။ ရိတ်သိမ်းမည့် အစို့များမှာ ၆-၈ လက်မအထိ ရှိရပါမယ်။ အစို့များကို လက်ဖြင့် အလွယ်တကူချိုးယူနိုင်ပါတယ်။ ဓားဖြင့် လှီးဖြတ်ပါက ဘေးနားရှိ အစို့အငယ်လေးများနှင့် ပင်မအမြစ်စုံ (ဥ) များကို မထိခိုက်မစေရန် သတိထားပြီး လှီးဖြတ်ပါ။
REF: Modern Farmer, Gardeners, Vegetable garderner, ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန် (FSWG)
zaw Min Tun
လွန်ခဲ့သော ၃ လ ကအောင်မြင်လားဗျ စိတ်ဝင်စားလို့ပါ
kyishein
လွန်ခဲ့သော ၂ နှစ် ကမျိုးဉကောင်းကောင်းဝယ်ချင်ပါတယ်ဘယ်မှာရနိုင်လည်းလမ်းညွန်ပေးစေချင်ပါတယ်
Aung Myint Tun
လွန်ခဲ့သော ၂ နှစ် ကမင်္ဂလာပါဗျ
aung
လွန်ခဲ့သော ၃ နှစ် ကမျိုးစေ့ သို့မဟုတ် ပျိုးပင်တွေက ဘယ်မှာဝယ်လို့ရလဲ
ကိုမောင်လှိုင်
လွန်ခဲ့သော ၃ နှစ် ကhi
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
မတ်ပဲ TBL9 ကို ဘယ်လထိနောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ
zin myo thu • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026