ဝဥစတင်စိုက်ပျိုးသူများ မျိုးဥထက် ရွက်သီးဖြင့် စတင်စိုက်ပျိုးမှုများပြားနေ

24/11/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၀ ခုနှစ်အတွင်း ဝဥစတင်စိုက်ပျိုးသူများအနေဖြင့် စီးပွားဖြစ် ဝဥပင်စိုက်ပျိုးရာတွင် မျိုးဥဖြင့်စိုက်ပျိုးခြင်းထက် ရွက်သီးဖြင့် စတင်စိုက်ပျိုးမှုများပြားနေကြောင်း သိရသည်။

အခုစိုက်ပျိုးသူတွေက ဝဥရွက်သီးကိုသာ ရွေးချယ်ပြီး ဝယ်လာပါတယ်ခင်ဗျာ။ ရွက်သီးက အပင်ပေါက်ဖို့ ပိုပြီးတော့သေချာပါတယ်။ ထိန်းသိမ်းသိုလှောင်ရတာမှာ နေရာလည်း အများကြီး မယူပါဘူး။ ပုပ်တာလည်း နည်းပါတယ်။ အပင်အရေအတွက်လည်း များများရပါတယ်။ ရွက်သီးကိုစစိုက်တော့ ကိုယ်စိုက်ပျိုးတဲ့အပင်သက်တမ်းကိုလည်း တွက်လို့ရပါတယ်။ ဒါ့ကြောင့် ရွက်သီးကိုအသုံးပြုပြီးတော့ စိုက်ပျိုးလာကြတာပါ။

ဟု ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် ဝဥစီးပွားဖြစ် စိုက်ပျိုးနေသူ ဦးစောလှမင်းက ပြောသည်။

    ဝဥပင်ကို မြန်မာနိုင်ငံအထက်ပိုင်းဒေသများ၌ မေလနောက်ဆုံးအပတ်မှ ဒီဇင်ဘာလလဆန်းအတွင်း စိုက်ပျိုးလေ့ရှိကြပြီး မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မေလနောက်ဆုံးအပတ်မှ နိုဝင်ဘာလ လဆန်းအတွင်း စိုက်ပျိုးလေ့ရှိကြသည်။ 

စိုက်ပျိုးတဲ့လက မေလမှာ စတင်ပါတယ်။ အဲ့ဒိအချိန်မှာ မြေချစိုက်ပျိုးတာပါ။ ဖေဖော်ဝါရီလ၊ မတ်လတွေမှာ ရေလောင်းစိုက်ကြပေမယ့် စိုက်ပျိုးမှုနည်းပါသေးတယ်။ အပင်ရှင်သန်ရာမှာ အအေးပိုင်းက ပိုပြီး အပင်ရှင်သန်တဲ့အချိန် ပိုကြာပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာက ဒေသဝဥတွေကတော့ အောက်တိုဘာလကုန်ရင် အပင်ကျပါတယ်။ တချို့လည်း အပင်ကျပြီး ၁၅ ရက်လောက်မှ တူးကြပါတယ်။ အပင်ကျရက်၊ ဝဥတူးဖော်တဲ့ရက်တွေကတော့ ကွာခြားမှုတွေတော့ ရှိနိုင်ပါတယ်ခင်ဗျာ။

ဟု ၎င်းက ဆိုသည်။

    လက်ရှိဈေးကွက်အတွင်း ဝဥရွက်သီး ဆိုဒ်သေးတစ်ပိသာလျှင် ၈,၅၀၀ ကျပ်၊ အလတ်ဆိုဒ် တစ်ပိသာလျှင်  ၉,၅၀၀ ကျပ်၊ ဂွဆုံသီးအသန့် တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်အထက် ဈေးနှုန်းများ ရှိနေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်