ဟင်းခတ်အမွှေးအကြိုင် လီမွန်ဘမ်း

19/06/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လီမွန်ဘမ်းအပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ အပူချိန် (ရေခဲမှတ်အောက်) ၃၀ ဒီဂရီဖာရင်ဟိုက်မှ အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက်ကျော်အထိ အပင်ဖြစ်ထွန်းသည်။ အရွက်ကိုစားသုံးရပြီး၊ အပင်အမြင့် ၂-၃ ပေနှင့် အကျယ် ၂ ပေရှိသည်။ ရှေးကတည်းက လူကြိုက်များခဲ့သော လီမွန်ဘမ်းပင်၏အရွက်များမှ ပူဒီနံအနံ့နှင့် သံပရိုအနံ့ပြင်းပြင်းကိုရရှိသည်။ ထိုအပင်၏ပန်းပွင့်များသည် ပျားကောင်များကို ဆွဲဆောင်နိုင်သည်။ လီမွန်ဘမ်းအရွက်သည် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်ရာတွင်လည်းကောင်း၊ သစ်သီးအသုပ်တွင်လည်းကောင်း၊ ရေနွေးတွင်အရွက်ခတ်၍ လက်ဖက်ရည်ကြမ်း (Tea) ကဲ့သို့လည်းကောင်း စားသုံးရန် အလွန်ကောင်းသည်။ အပင်သည် ချုံပုတ်သဖွယ်ရှိပြီး၊ အကြောများစွာပါသော နှလုံး(Hart) ပုံသဏ္ဍာန်အရွက်များရှိသည်။ မြေဆီသြဇာညံ့သောအကွက်တွင် စိုက်ပျိုးသောအပင်မှ သံပရိုနံ့နှင့် ပန်းရနံ့ ပို၍သင်းကြိုင်သည်။ လီမွန်ဘမ်းအပင်သည် အခြားသော ဟင်းခတ်အမွှေးအကြိုင်ပင်များထက် လင်းရိပ်ဒဏ်နှင့် အစိုဓာတ်ဒဏ်တို့ကို ပို၍ခံနိုင်သည်။

စိုက်ပျိုးခြင်း

နွေဦးပေါက်အစောပိုင်းတွင် လီမွန်ဘမ်းကို စိုက်ပျိုးရသည်။ အပင်သည် နေရောင်ခြည်အပြည့်အဝသော်လည်းကောင်း၊ အရိပ်အနည်းငယ်ကျသောနေရာတွင်လည်းကောင်း၊ မြေအစိုဓာတ်ရှိသောအကွက်၊ မြေဆီသြဇာထက်သန်သောအကွက်၊ ရေထုတ်ကောင်းသောအကွက်တို့ကို ကြိုက်သည်။ အပင်ပေါက်ကိုဖြစ်စေ၊ အစေ့ကိုဖြစ်စေ ၂ ပေခြားစိုက်ပျိုးရသည်။ ပထမနှစ်တွင် အပင်များကျဲနေသည်ဟု ထင်ရသော်လည်း မကြာမီမှာပင် ပြည့်လာမည်ဖြစ်သည်။ အရွက်များကို ပန်းမပွင့်မီ ရိတ်သိမ်းရသည်။ အပင်မှ အစေ့များကျပြီး အပင်ပွားသဖြင့် တစ်ခါတစ်ရံ ပေါင်းမြက်သဖွယ် ဖြစ်လာတတ်သည်။ နွေရာသီအလယ်မှာ အပင်ကိုဖြတ်တောက်ပေးခြင်းဖြင့် အလေ့ကျအပင်ပေါက်မှုကို ကာကွယ်နိုင်သည်။ ဆောင်းရာသီတွင် အအေးဒဏ်ခံနိုင်စေရန် ကောက်ရိုးဖြင့် ဖုံးအုပ်ပေးရသည်။

ရိတ်သိမ်းခြင်း

လိုအပ်သလို အရွက်ကို လတ်လတ်ဆတ်ဆတ် ခူးယူအသုံးပြုရသည်။ အရွက်များကို အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အရွက်ခြောက်သွားလျှင် အနံ့လျော့နည်းသွားသည်။ အရွက်များ မည်းနက်မသွားစေရန် အရွက်ကို မြန်မြန်ခြောက်အောင် လုပ်ရသည်။ အရွက်ခြောက်ကို လေလုံသောဘူးတွင်ထည့်၍ သိုလှောင်ရသည်။

ပိုးမွှားရောဂါ

အထူးသဖြင့် လေဝင်လေထွက် မကောင်းသောနေရာတွင် မှိုရောဂါ(Powdery mildew) ကျရောက်တတ်သည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်