လီမွန်ဗာဘင်းနား
လီမွန်ဗာဘင်းနားပင်ကို အရွက်နှင့်ရိုးတံကိုစားသုံးရပြီး၊ အပင်အမြင့် ၆ပေနှင့် အကျယ်၆ပေရှိသည်။ လီမွန်ဗာဘင်းနားပင်၏မူရင်းဒေသမှာ ချီလီနိုင်ငံဖြစ်ပြီး၊ စူးရှသော ပြင်းထန်သည့် သံပရာအနံ့ (အရသာ) ရှိသည်။ ၁၈ ရာစုနှစ်ကတည်းက လီမွန်ဗာဘင်းနားပင်မှ ရေမွေးသုံးရနံ့အဆီကို ထုတ်ယူသုံးစွဲကြသည်။ အရွက်ကိုဆော့စ်၊ သားငါးကိုဒရက်ဆင်၊ ရေနွေးကြမ်း (အရွက်ပြုတ်ရည်)၊ ဖျော်ရည်၊ ရှာလကာရည်၊ သစ်သီးအချိုပွဲ၊ ဂျယ်လီ၊ ကိတ်မုန့်၊ ရေခဲမုန့်စသည်များတွင် ထည့်၍သုံးကြသည်။
အပင်၏အကိုင်းများသည် အနွယ်ကဲ့သို့ သေးငယ်ပြီး၊ အစိမ်းနုရောင်အရွက်များနှင့် ဖုံးအုပ်နေသည်။ အရွက်များသည် ၃လက်မရှည်ပြီး လက်မဝက်ကျယ်သည်။ အေးသောဆောင်းရာသီတွင် အရွက်ကြွေကျပြီး၊ အအေးပေါ့သောရာသီရှိသည့်ဒေသတွင် အမြဲစိမ်းတစ်ဝက်တစ်ပျက်(Semievergreen) ဖြစ်သည်။ ပန်းပွင့်များသည် သေးငယ်ပြီး၊ အဖြူနှင့် အပြာရောင်ဖြစ်သည်။ ရေပန်းကဲ့သို့ အဖျား၌ဖြာ၍ထွက်ကြသည်။
စိုက်ပျိုးခြင်း
နွေဦးပေါက်တွင် မြေဆီလွှာအပူဓာတ်ရှိသောအခါ စိုက်ပျိုးရသည်။ နေရောင်ခြည် အပြည့်အဝရသောနေရာ၊ မြေသြဇာသင့်တင့်ပြီး၊ ရေထုတ်ကောင်းသောမြေကွက်တွင် စိုက်ပျိုးရသည်။ နံရံကိုကပ်၍ အပြားလိုက်တက်စေရန် သို့မဟုတ် ရာဇမတ်ကွက်ပေါ်တက်စေရန် သို့မဟုတ် အလယ်တွင် တိုင်စိုက်၍တက်စေရန် အကိုင်းများကို ဖြတ်ပေးရသည်။
ဆောင်းရာသီတွင် အအေးဒဏ်မှ ကာကွယ်ထားခြင်းဖြင့် သစ်ပင်သည် အမြဲစိမ်းလန်းနေမည်ဖြစ်သည်။ ဆောင်းရာသီ အအေးဓာတ်ဖြင့် အရွက်များ ကြွေနိုင်သည်။ နွေဦးပေါက်ရာသီတွင် အပင်ပုံစံကိုထိန်းသိမ်းထားရန် ကိုင်းဖြတ် (ခေါင်နှိမ်) ပေးရသည်။ အကိုင်းနုစဉ် ဖြတ်တောက်၍ မျိုးပွားရသည်။
ရိတ်သိမ်းခြင်း
လိုအပ်သလို အရွက်ကိုခူးယူသုံးစွဲနိုင်သည်။ လတ်လတ်ဆတ်ဆတ်သုံးသောအခါ အရွက်ကြမ်းများကို နုတ်နုတ်စင်းရသည်။ အခြောက်ခံ၍ သိုလှောင်ရသည်။
ပိုးမွှားရောဂါ
ပိုးမွှားနှင့်ရောဂါအနည်းငယ်သာ ကျရောက်တတ်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Ko phyo
လွန်ခဲ့သော ၅ နှစ် ကok
ဆက်စပ်ဆောင်းပါးများ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ခရမ်းပင်စိုက်ပျိုးနည်းလမ်းညွန်ပေးကြပါဗျာ ဆောင်းအမှီစိုက်ချင်လို့ဗျာ
စောလှထွန်း • ဖြေကြားချက် 0 ခု
မတ်ပဲခုတ်ဖုံးစနစ်နဲ့ထယ်ရေး ဘယ်ဟာကအစိုဓာတ်ပိုထိန်းလဲ သဲဆန်တဲ့မြေပါ သဘာဝမြေသြဇာလဲမထည့်ရဘူး
Sawsamson • ဖြေကြားချက် 2 ခု
နွေရာသ်ိစိုက်ပျိုးနည်း။
ေဌးလင်းဦး • ဖြေကြားချက် 1 ခု
မတ်ပဲပက်ထားတာစိတ်နေသလားလို့ဗျဘာလုပ်သင့်သလည်းဖြေပေးကြပါအုံး
ဦးဇာနည် • ဖြေကြားချက် 1 ခု
ရေဆင်းပေါ်ဆန်း(၂)ကြဲခင်းမှာ၇၀ရက်မှာအလံရွက်ထွက်နေပါတယ်
U Kyaw Win Htike • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026