လီမွန်ဗာဘင်းနား

03/07/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လီမွန်ဗာဘင်းနားပင်ကို အရွက်နှင့်ရိုးတံကိုစားသုံးရပြီး၊ အပင်အမြင့် ၆ပေနှင့် အကျယ်၆ပေရှိသည်။ လီမွန်ဗာဘင်းနားပင်၏မူရင်းဒေသမှာ ချီလီနိုင်ငံဖြစ်ပြီး၊ စူးရှသော ပြင်းထန်သည့် သံပရာအနံ့ (အရသာ) ရှိသည်။ ၁၈ ရာစုနှစ်ကတည်းက လီမွန်ဗာဘင်းနားပင်မှ ရေမွေးသုံးရနံ့အဆီကို ထုတ်ယူသုံးစွဲကြသည်။ အရွက်ကိုဆော့စ်၊ သားငါးကိုဒရက်ဆင်၊ ရေနွေးကြမ်း (အရွက်ပြုတ်ရည်)၊ ဖျော်ရည်၊ ရှာလကာရည်၊ သစ်သီးအချိုပွဲ၊ ဂျယ်လီ၊ ကိတ်မုန့်၊ ရေခဲမုန့်စသည်များတွင် ထည့်၍သုံးကြသည်။ 

အပင်၏အကိုင်းများသည် အနွယ်ကဲ့သို့ သေးငယ်ပြီး၊ အစိမ်းနုရောင်အရွက်များနှင့် ဖုံးအုပ်နေသည်။ အရွက်များသည် ၃လက်မရှည်ပြီး လက်မဝက်ကျယ်သည်။ အေးသောဆောင်းရာသီတွင် အရွက်ကြွေကျပြီး၊ အအေးပေါ့သောရာသီရှိသည့်ဒေသတွင် အမြဲစိမ်းတစ်ဝက်တစ်ပျက်(Semievergreen) ဖြစ်သည်။ ပန်းပွင့်များသည် သေးငယ်ပြီး၊ အဖြူနှင့် အပြာရောင်ဖြစ်သည်။ ရေပန်းကဲ့သို့ အဖျား၌ဖြာ၍ထွက်ကြသည်။

စိုက်ပျိုးခြင်း

နွေဦးပေါက်တွင် မြေဆီလွှာအပူဓာတ်ရှိသောအခါ စိုက်ပျိုးရသည်။ နေရောင်ခြည် အပြည့်အဝရသောနေရာ၊ မြေသြဇာသင့်တင့်ပြီး၊ ရေထုတ်ကောင်းသောမြေကွက်တွင် စိုက်ပျိုးရသည်။ နံရံကိုကပ်၍ အပြားလိုက်တက်စေရန် သို့မဟုတ် ရာဇမတ်ကွက်ပေါ်တက်စေရန် သို့မဟုတ် အလယ်တွင် တိုင်စိုက်၍တက်စေရန် အကိုင်းများကို ဖြတ်ပေးရသည်။

ဆောင်းရာသီတွင် အအေးဒဏ်မှ ကာကွယ်ထားခြင်းဖြင့် သစ်ပင်သည် အမြဲစိမ်းလန်းနေမည်ဖြစ်သည်။ ဆောင်းရာသီ အအေးဓာတ်ဖြင့် အရွက်များ ကြွေနိုင်သည်။ နွေဦးပေါက်ရာသီတွင် အပင်ပုံစံကိုထိန်းသိမ်းထားရန် ကိုင်းဖြတ် (ခေါင်နှိမ်) ပေးရသည်။ အကိုင်းနုစဉ် ဖြတ်တောက်၍ မျိုးပွားရသည်။ 

ရိတ်သိမ်းခြင်း

လိုအပ်သလို အရွက်ကိုခူးယူသုံးစွဲနိုင်သည်။ လတ်လတ်ဆတ်ဆတ်သုံးသောအခါ အရွက်ကြမ်းများကို နုတ်နုတ်စင်းရသည်။ အခြောက်ခံ၍ သိုလှောင်ရသည်။

ပိုးမွှားရောဂါ

ပိုးမွှားနှင့်ရောဂါအနည်းငယ်သာ ကျရောက်တတ်သည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်