သိုင်း (စမုန်ဖြူ)

03/04/2020 17:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးခြင်း

နွေဦးပေါက်တွင် ရေထုတ်ကောင်းသောမြေ၌ အပင်ခွဲ၍ စိုက်ပျိုးရသည်။ ခွဲ၍စိုက်သောအပင်ဖြစ်စေ၊ ပျိုးပင်ပေါက်ကိုဖြစ်စေ ၈-၁၂ လက်မခြား စိုက်ပျိုးရသည်။ သီးသန့်မျိုးကိုလိုအပ်လျှင် အပင်ခွဲ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မဟုတ် အခန်းထဲတွင် အစေ့ကို ပျိုးထောင်၍ ဖြစ်စေ၊ အစေ့ကို တိုက်ရိုက်မြေချ၍ဖြစ်စေ စိုက်ပျိုးနိုင်သည်။

မြေအစိုဓာတ်ကို ထိန်းသိမ်းထားနိုင်ရန် ရေလိုသလို ပေးရသည်။ သို့ရာတွင် ရေပေး မများစေရချေ။ ပေါင်းမြက်ကို လက်နှင့်နှုတ်ရသည်။ ပန်းပွင့်ပြီးလျှင် အပွင့်များကို ဖြတ်တောက်ပေးခြင်းဖြင့် အရွက်များ ပိုမိုအားပြည့်လာသည်။ နှစ်အတန်ကြာလာလျှင် အပင်သန်မာမှု လျော့နည်းသည်။ ထို့ကြောင့် အပင်သစ်နှင့် အစားထိုးစိုက်ပျိုးရသည်။ အပင်အုံမှခွဲ၍ စိုက်ပျိုးခြင်း၊ ကိုင်းဖြတ်အပင်ကို စိုက်ပျိုးခြင်းနှင့် အကိုင်းကိုမြေမြှုပ်၍ မျိုးပွားပင်ကို စိုက်ပျိုးခြင်းပြုလုပ်နိုင်သည်။ အပင်နုလွန်းသဖြင့် အိုးနှင့်စိုက်ပျိုးခြင်းက ပိုမိုအဆင်ပြေသည်။

ရိတ်သိမ်းခြင်း

အကိုင်းမှ အရွက်များကိုခူး၍ လတ်လတ်ဆတ်ဆတ် စားသုံးနိုင်သည်။ ရိုးတံလက်တစ်ဆုပ်စာကိုခူး၍ စည်းပြီး အေးသော လေဝင်လေထွက်ကောင်းသည့်နေရာတွင် ဇောက်ထိုးချိတ်ဆွဲထားခြင်းဖြင့် အခြောက်ခံနိုင်သည်။ အရွက်များ ခြောက်သွေ့သောအခါ ရိုးတံမှခူး၍ ချေပြီး လေလုံဘူးတွင် ထည့်ထားပါက ၂ နှစ်အထိ အထားခံသည်။

ဟင်းခတ်အမွှေးအကြိုင်တို့၏ အရွက်နှင့် အပွင့်တို့သည် ကြွပ်ရွနေလျှင် ခြောက်ပြီဖြစ်သည်။ အပင်ပေါ်တွင် ခြောက်နေသော အရွက်များကို အသာအယာခူးယူ၍ စက္ကူအခြောက်ပေါ်တွင် တင်ထားပြီးမှသာ သိုလှောင်ရသည်။ 

ပိုးမွှားရောဂါ

ရေပေးများခြင်းနှင့် ရေထုတ်နှေးခြင်းဖြင့် အမြစ်ပုပ်ရောဂါ ဖြစ်စေနိုင်သည်။ 

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ် အတွဲ(၂) မှကောက်နုတ်ဖော်ပြသည်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်