ဝဥ စိုက်ပျိုး ဝင်ငွေတိုး
(၁) မူရင်းဒေသ -ဝဥရဲ့မူရင်းဒေသက အရှေ့တောင် အာရှဒေသဖြစ်ပြီး အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသမှာ သဘာဝ အလျောက်ပေါက်ရောက်ကြပါတယ်။
မြန်မာနိုင်ငံမှာတောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်-မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနသာင်္ရီတိုင်းဒေသကြီးတွေမှာ သဘာဝ အလျောက်ပေါက်ရောက်ကြတယ်။ ကမ္ဘာမှာ မျိုးပေါင်း ၁၃၀ လောက်ရှိပြီး၊ ၁၂မျိုးခန့်ကိုသာဖော်ထုတ် သုံးစွဲလျက်ရှိတယ်။
ဝဥ၏ ရုက္ခဗေဒ အမည်မှာ- Amorphophallus Campanulatus ဖြစ်ပြီး အင်္ဂလိပ် အမည်မှာElephant foot yam (or)white yam (or) Telling potato (or) Konjac တို့ ဖြစ်ကြသည်။
(၂) သဘာဝကပေးတဲ့အဖိုးတန် လက်ဆောင်“ဝဥ”
· နိုင်ငံတကာမှာ ဝဥကိုခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးနဲ့ စားသောက်ကြတယ်။ အလှကုန် ပစ္စည်းအနေနဲ့လည်း ထုတ်လုပ်တယ်။
· ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သဘာဝ လက်ဆောင်ဖြစ်လို့ တိုင်းရင်းဆေးအနေ နဲ့ရောခေတ်မီဆေးဝါး အနေနဲ့ပါ ထုတ်လုပ်ကြတယ်။
· စက်မှု ကုန်ကြမ်းအနေနဲ့လည်း သုံးကြတယ်။ နိုင်ငံတကာစျေးကွက်မှာ ဝယ်လိုအားကောင်းလို့ စီးပွားရေးအရလည်း တွက်ခြေ ကိုက်တယ်။
(၃) ဝဥကြိုက်တဲ့ ရာသီဥတုနဲ့ မြေအမျိုးအစား
မိုးများပြီး ကာလရှည်ကြာ မိုးရွာသွန်းမှုရှိတဲ့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်တယ်။ အပင် ကြီးထွားချိန်မှာ မိုးရေချိန် ၆၀ လက်မ ရွာသွန်းပြီး ဖြန့်ကျက် ရွာသွန်းမှုကို ကြိုက်ပါတယ်။ ပျှမ်းမျှ အပူချိန် ၂၅ ဒီဂရီမှ ၃၅ဒီဂရီ စင်တီဂရိတ် အကြား ပူနွေး စွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တယ်။
မြေဆွေးဓာတ် များများပါတဲ့ အစိုဓာတ် ထိန်းအားကောင်းတဲ့ နုန်းမြေမျိုးကို ကြိုက်တယ်။
ရေစီးရေလာမကောင်းတဲ့၊ ရေဝပ်တဲ့မြေကို မကြိုက်ပါဘူး။ မြေအချဉ်အငန်(pH) ၅.၅ မှ ၆.၅ကို ကြိုက်တယ်။
(၄) ကျန်းမာရေးအတွက်ဆေးတစ်ခွက်
· ဝဥမှာ အဓိက ပါဝင်တဲ့ Glucomannan ဟာ ကယ်လိုရီ အလွန်နည်းတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် ကိုလျော့ချပေးတယ်။
· အမျှင်ဓာတ် ကြွယ်ဝစွာပါလို့ အစာအိမ်နဲ့ အစာလမ်းကြောင်း သန့်ရှင်းစေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်။
· ပိုလျှံ သကြားဓာတ်ကိုလည်း စုပ်ယူ ဖယ်ရှားခြင်းကြောင့် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုအား ကာကွယ်ပေးပါတယ်။
· သဘာဝတောတောင်မြေဆီလွှာအောက်ရှိ ဓာတ်သတ္တုများပျော်ဝင်လျက်ရှိတဲ့ရေကို ၉၀% လောာက် စုပ်ယူထားတာကြောင့် ကိုယ်လက် ကြံ့ခိုင် သန်မာစေတယ်။
(၅) “ဝဥ”စနစ်တကျ စိုက်ပျိုးရအောင်
(က) မြေပြုပြင်ခြင်း
ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းပြီး ထယ်(၁)လွှာ၊ ထွန်(၂)လွှာ ရပါမယ်။ ပြီးရင် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ရပါမယ်။
(ခ) စိုက်ပျိုးခြင်း
တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ စိုက်ပါ။ တစ်ဧကလျှင် အပင်ပေါင်း (၅၄၄၅)ပင် ဝင်အောင် စိုက်သင့်ပါတယ်။
(ဂ) မြေချခြင်း
မိုးဦးရာသီမေလမှာ စတင် စိုက်သင့်ပါတယ်။ ၆ လက်မx၆ လက်မx ၆ လက်မ စိုက်ကျင်းပြင်ပြီး အပေါ်ရံမြေ ၂ လက်မ -၃ လက်မ လောက် မြေဖုံးဖိရုံ စိုက်ပျိုးရတယ်။ မြေကြီးထဲ လွန်စွာ နစ်အောင် မြှုပ်မစိုက်ရပါဘူး။
(ဃ) အပင် ပြုစုခြင်း
အညွန့်ထွက်ပြီး၊ မြေပေါ် အပင်ပိုင်း ကြီးထွားလာရင် ပေါင်းသင်၊ မြေဆွ၊ မြေဘောင်လုံးပေးရပါတယ်။ ရေမဝပ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အရိပ်မရှိက ၆၀% အရိပ်ရအောင် လုပ်ပေးသင့်ပါတယ်။
(၆) စိုက်ပျိုးဖို့ မျိုး ဘယ်လိုယူမလဲ
1. ၃၀ကျပ်သား အရွယ်ရှိ ဝဥကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း။
2. ၁ပိဿာခန့်ရှိ ဥများကို ၄စိတ် အညီ ခွဲခြား စိုက်ပျိုးခြင်း။
3. ဝဥပန်းခိုင်မှ ထုတ်လုပ် ရရှိသော မျိုးစေ့များကို သဲစိုဘောင်ဖြင့် ပျိုးခြင်း။
4. မြေကြီးထဲရှိ ဝဥမကြီးပေါ်က အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။
5. အရွယ်မှ အသီးများကို ပျိုးထောင် စိုက်ပျိုးခြင်း။
(၇) ဘာကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ဖို့ လိုတာလဲ???
· သဘာဝတောထဲမှ တူးဖော် စုဆောင်းခြင်းဖြင့် ဝဥ၏ ဘဝစက်ဝန်း ပျက်စီး၍ မျိုးသုန်းသည်အထိ ကြုံတွေ့နိုင်ပါသည်။
· သဘာဝတောထဲကနေ စုဆောင်းတဲ့ အတွက်ရောင်းတန်းဝင် အဆင့်မီ ဝဥများ လိုသလောက် မရနိုင်ဘူး။
· အချိန်မတိုင်မီ အလုအယက် တူးဖော်ကြလို့ အရွယ်သေးတဲ့ မျိုးဥများ ပါဝင်ပြီး အလေအလွင့် ဖြစ်စေလို့ မြန်မာပြည် အချို့ဒေသတွေမှာ မျိုးသုန်းတဲ့ အန္တရာယ် ကျရောက်နေပါတယ်။
ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်ဖို့ လိုပါတယ်။
(၈) တူးဖော် ရိတ်သိမ်းကြစို့
ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။
တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။
(၉) အကျိုးအမြတ် တွက်ကြည့်ရအောင်
· စတင် စိုက်ပျိုးတာကနေ ရိတ်သိမ်းသည်အထိ တစ်ဧကကိုကျပ်၅သိန်းခန့် ကုန်ကျပါတယ်။
· တစ်ဧကကို ဝဥအခြောက်၂တန် (ပိဿ ၁၁၀၀ခန့်) ထွက်ရှိရင် ကျပ်၁၅.၂သိန်း ပြန်ရနိုင်တာကြောင့် အကျိုးအမြတ် အများကြီး ရနိုင်ပါတယ်။
· နှစ်ရှည်ပင်တွေကြားမှာ ကြားသီးနှံ အနေနဲ့ စိုက်လို့ ရတယ်။
· နောက်နှစ်တွေမှာ မျိုးဖိုးနဲ့မြေပြုပြင်ခတွေလျော့သွားနိုင်ပါတယ်။ မျိုး ထုတ်လုပ်ပြီးရောင်းလို့လည်း ဝင်ငွေ ရနိုင်ပါတယ်။
· မြန်မာပြည်မှာ(၈)မျိုးလောက်ရှိပြီး အဓိက ပါဝင်တဲ့ အဖိုးတန် Glucomannan ပါဝင်မှု များတဲ့ အတွက် အမျိုးအစားကောင်းမွန်လို့ အလားအလာရှိတဲ့ပို့ကုန်တစ်ရပ် ဖြစ်ပါတယ်။
ကိုးကား- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီး ဌာန၊ တိုးချဲ့ပညာပေးရေး ဌာန
နေလင်းထွန်း
လွန်ခဲ့သော ၁၁ လ ကစစိုက်ချိန်ကနေ ဘယ်လောက်ကြာမှ ရိပ်သိမ်းရလဲဗျ
Htun Thuya
လွန်ခဲ့သော ၁ နှစ် ကအသီးကိုဘယ်ချိန်ဘယ်လိုစိတ်ရမယ်ဆိုသာလေးရှင်းပြပေးပါခင်ဗျခုမှစစိုက်မှာမို့ပါ
Saw Ko latt
လွန်ခဲ့သော ၅ နှစ် ကအသီးကိုပျိုးထောင်နည်းသိချင်ပါသည်
pung za ling zo tung
လွန်ခဲ့သော ၅ နှစ် ကပါဝင်မည်
ပိုင်ပိုင်
လွန်ခဲ့သော ၅ နှစ် ကရွက်သီးကို မိုးရာသီမဟုတ်တဲ့ အချိန်တွေမှာစိုက်ပျိုးဘောင်နဲ့ ရေလောင်းပီးစိုက်လို့အဆင်ပြေပါ့မလားဆိုတာ အကြံပြ ုပေးကြပါအုံးဗျား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 3 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
မီးတောင်ပေါက်ကွဲမှုနောက်ကွယ်က စိုက်ပျိုးရေးအကျိုးကျေးဇူး
14/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....