နွားခြံဖွဲ့စည်းပုံ

26/01/2021 14:30 PM တွင် MDEP MDEP မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

    နွားမတစ်ကောင်ကို ထုတ်ပယ်ရောင်းချရန် ဆုံးဖြတ်ရချိန်သည် မွေးမြူသူများအတွက် ခက်ခဲသည်။ နွားမတွေနဲ့ပတ်သက်ပြီး မွေးမြူသူအနေဖြင့် မည်သို့ခံစားချက်ရှိသည်ကို ထည့်သွင်းစဉ်းစားရမည့် အရေးကြီးအချက်များလည်း ရှိနေပါသည်။ အခုပြောပြပေးသွားမည့် အကြောင်းအရာကတော့ အကျိုးအမြတ်ရရှိသော နွားမွေးမြူရေးခြံဖြစ်ဖို့ မွေးမြူသူများ ထည့်သွင်းစဉ်းစားသင့်သည့် အချက်များဖြစ်ပါသည်။

    ခြံရှိနွားမတိုင်းသည် ထုတ်လုပ်မှုပေးနေရပါမည်။ နွားအုပ်စုအလိုက်ဖွဲ့စည်းပုံ စနစ်ကျနေဖို့လိုအပ်ပါသည်။ ခြံတွင် နို့ပေးနွားမအရေအတွက်၊ နွားကလေးအရေအတွက်နှင့် နွားထီးအရေအတွက် စသည်ကိုဆိုလိုပါသည်။ ထုတ်လုပ်မှုမပေးသော နွားမတစ်ကောင်သည် ခြံအတွက် ဝင်ငွေမရရှိဘဲ အစာစရိတ်ကုန်ကျစေပြီး ၎င်းတို့ကိုစောင့်ရှောက်ရသော အလုပ်တာဝန်များပိုစေသည်။

    နို့စားနွားခြံတစ်ခြံမှာ အရွယ်ရောက်ပြီးသော နွားမအရေအတွက်၏ ၄ ပုံ ၃ ပုံသည် နို့ပေးနေသော နွားမများဖြစ်နေရမည်။ နှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့်သော နို့ထွက်နှုန်းနည်းသော နွားမများ၊ နေမကောင်းသောနွားမများ၊ အသက်အရွယ်ကြီးသော နွားမများကို ထုတ်ရောင်းပြီး နွားမတမ်းအငယ်များဖြင့် အစားထိုးမွေးမြူရမည်။ ထိုသို့ဆောင်ရွက်ရန်အတွက် နွားမတမ်းငယ် အလုံအလောက်ရှိနေရမည်။ ခြံအတွက် အရွယ်ရောက်ပြီးသော နွားသိုးတစ်ကောင် ရှိဖို့လိုအပ်သည်။ သို့မဟုတ် နွားသိုးကို အခြားမွေးမြူသူနှင့် မျှသုံးခြင်းသော်လည်းကောင်း၊ မေထုန်မဲ့သားစပ်ခြင်းသော်လည်းကောင်း ဆောင်ရွက်ခြင်း ပြုလုပ်ပါက ပိုကောင်းမွန်ပါသည်။ နွားထီးကလေးများကို ရောင်းချချိန်တွင် အမြတ်ရရှိသည်ကို သေချာမှသာ မွေးမြူထားသင့်သည်။ သွေးနီးသားစပ်ခြင်းမဖြစ်စေရန် အခြားခြံမှ မျိုးနွားထီးကိုသာ ဝယ်ယူမွေးမြူသင့်သည်။

    ဥပမာ - နွားမအကောင် ၅၀ ရှိသောခြံတွင် နွားဖွဲ့စည်းပုံကို ကောင်းစွာစီမံထားသောခြံနှင့် မစီမံထားသောခြံကို နှိုင်းယှဉ်ပြထားသည်။

ခြံ (၂) ခြံတွင် နွားအရေအတွက်တူညီသောကြောင့် အစာကုန်ကျစရိတ်တူညီမည်။ သို့သော် ကောင်းစွာစီမံသောခြံတွင် အစားထိုးအုပ်စုထက်ပိုသော နွားမတမ်းအရေအတွက်ကို ထုတ်ရောင်းသည်။ ထို့အပြင် နို့ခမ်းနွားများနှင့် နွားထီးလေးများကိုလည်း ထုတ်ရောင်းလေ့ရှိသည်။ စီမံမှုညံ့သောခြံတွင် အရွယ်ရောက်နွားထီးများ၊ နို့ခမ်းနွားများ၊ နို့နားနွားများနှင့် အစားထိုးအုပ်စုထက်ပိုသော နွားမတမ်းများကို ထုတ်ရောင်းခြင်းမရှိဘဲ မွေးမြူထားသည်။ ကောင်းစွာစီမံသောခြံတွင် နို့ထွက်နှုန်းပိုမိုရရှိမည်။

MDEP


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်