မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျွဲကောစိုက်တောင်သူများမှာ မွန်ပြည်နယ်၊ သထုံမြို့ရှိ ကျွဲကောစိုက်တောင်သူများမှာ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ရာသီဥတုဆိုးရွားမှုကြောင့် ကျွဲကောသီးများ အပျက်စီးများသဖြင့် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သထုံမြို့ရှိ ကျွဲကောစိုက် တောင်သူ များထံမှ သိရှိရသည်။
မိုးသက်လေပြင်းများကြောင့် အသီးကင်းများကြွေခြင်း၊ အမြစ်ပုတ်ပြီးအပင်သေခြင်းများရှိလာသဖြင့် ယခုနှစ် ကျွဲ ကောရာသီတွင် တောင်သူများအကျိုးအမြတ်ရရှိမှု နည်းပါးနိုင်ကြောင်း နောင်ဘိုကျေးရွာမှ ကျွဲကောစိုက်တောင် သူ ဦးညွှန့်မောင်က ပြောသည်။
“ဒီနှစ်စောစောပိုင်းက အသီးတော်တော်သီးတယ်။ ဒီမိုးတွင်း ရာသီဥတုကဖောက်တော့ ကြွေကုန်ရော။ မနှစ်က ထက်တစ်ဝက်လောက်လျော့သွားတယ်။ နောက်ပြီးမြေသြဇာစားတဲ့အမြစ်တွေကလည်း မသန်တော့ဘူး။ အမြစ် ပုတ်တဲ့ပုံစံဖြစ်လာပြီး အကိုင်းတွေလည်း ခြောက်တာတွေဖြစ်လာတယ်။ အပင်တောင်သေတယ်။ အစောပိုင်း တုန်းကအသီးများတော့ မှန်းထားတာတော်တော်အဆင်ပြေမယ်ပေါ့။ အခုတော့ ကြွေကုန်တာနဲ့တင် ကုန်ကျစ ရိတ်ပြန်ရဖို့ကို မနည်းပြန်လုပ်ယူရမယ်။ ဒီနှစ်အကျိုးအမြတ်ရဖို့ကမလွယ်ဘူး။ ကျွဲကောစိုက်လာတဲ့သက်တမ်း တစ်လျှောက်အဆိုးဆုံးပဲ။”ဟု ဦးညွှန့်မောင်ကပြောသည်။
ကျွဲကောသီးအပျက်စီးများသဖြင့် တောင်သူများအနေဖြင့် စျေးကောင်းရန်မျှော်လင့်နေရပြီး ကျွဲကောသီးစျေး ကောင်းရမှာသာ ဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားနိုင်မည်ဖြစ်ကြောင်း ကျွဲကောစိုက်တောင်သူတို့က ဆိုသည်။
သထုံမြို့နယ်ရှိ ကျွဲကောခြံများတွင် ရာသီဥတုကောင်းမွန်ပြီး မြေသြဇာနှင ့်ရေနိုင်ပါက ကျွဲကောပင်တစ်ပင်လျှင် အသီး ၅၀ မှ ၇၀ ဝန်းကျင်အထိထွက်ပြီး ကျွဲကောသီးတစ်လုံးလျှင် အကြီး ၁၅၀၀ ကျပ်၊ အလတ် ၁၀၀၀ ကျပ်၊ အသေး ၅၀၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိကြောင်း သိရသည်။
“ဒီနှစ်က မြတ်ဖို့နေနေသာသာ မရှုံးရင်ကံကောင်းပဲ။ မြေသြဇာဖိုး၊ လူငှားခ၊ အခြားအထွေထွေကုန်ကျစရိတ်တွေ ရှိတယ်။ အသီးကင်းစထွက်ကာစက တစ်ပင်မှာ ၇၀၊ ၈၀ လောက်သီးတာတွေ့တယ်။ မိုးလည်းကောင်းကောင်းမိ သွားတာနဲ့ တစ်ဝက်တောင်မကျန်ချင်တော့ဘူး။ တောင်သူတွေကတော့ တစ်နှစ်မှာ တစ်ခုမဟုတ်တစ်ခု အဖျက် နဲ့ကြုံနေရတာပဲ။”ဟု သထုံမြို့မှ ကျွဲကောစိုက်တောင်သူ ဦးထွန်းစိန်က ပြောသည်။
သထုံဒေသထွက်ကျွဲကောသီးများသည် တစ်နှစ်လျှင်နှစ်သီးထွက်ရှိပြီး မိုးကာလဖြစ်သည့် ဝါခေါင်လများတွင် အသီးစတင်ခူးဆွတ်ရောင်းချရကာ ရာသီဥတုမှန်ကန်ပါက မိုးကာလအသီးအထွက်နှုန်းသည် နွေဘက်တွင် အထွက်နှုန်းများပြီး စျေးကောင်းရကြောင်း သိရသည်။
သထုံမြို့နယ်တွင် ကျွဲကောစိုက်တောင်သူ ၁၀၀ ဝန်းကျင်ရှိပြီး ဒေသထွက်ကျွဲကောသီးများကို ဒေသတွင်းစား သုံးမှုအပြင် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချရ ကြောင်း သိရသည်။
ရတနာပုံသတင်းစာမှရသည်။

ရတနာပုံသတင်းစာမှ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်