လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ကြက်ဟင်းခါးသီးဈေးကွက်ကျဆင်း
ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ကြက်ဟင်းခါးသီးဈေးကွက် ကျဆင်းမှုရှိကြောင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သီးနှံစုံကိုယ်တိုင်စိုက်ပျိုးသူများက ပြောသည်။
ကျွန်တော်တို့ ပြည်ဘက်ကထွက်တဲ့ ကြက်ဟင်းခါးသီးတွေကို ပွဲစားတွေကတဆင့် ရန်ကုန်မြို့ဈေးကွက်ကို တင်ပို့ရောင်းချပါတယ်။ လက်ဦးပိုင်းတော့ ကြက်ဟင်းခါးသီးတစ်လုံးကို (၇၀) ကျပ်ကနေ (၁၀၀) ကျပ်အတွင်း ရခဲ့ပါတယ်။ အခုတော့ အဲ့ဒီလောက် ဈေးမရှိတော့ဘူး။ ရောဂါတွေနဲ့ဘာတွေနဲ့ လမ်းပန်းဆက်သွယ်ရေးက မကောင်းတာနဲ့ တစ်လုံးကို (၄၀) ကျပ်လောက်ပဲ ရတော့တယ်။ ပွဲစားတွေကို အလုံးအရေအတွက်နဲ့ပဲ ရောင်းချရတာပါ။ အခုလမှာ ဈေးပိုပြီးကျသွားတယ်။
ဟု ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှုတ်ရှည်ကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာမှ ကြက်ဟင်းခါးသီးပင်စိုက်ပျိုးသူ ဦးကျော်အုန်းက ပြောသည်။
ကြက်ဟင်းခါးသီးပင် တစ်ဧက၏ငါးပုံတစ်ပုံခန့် စိုက်ပျိုးပါက ကြက်ဟင်းခါးသီး မျိုးထုပ် (၃)ထုပ် ကုန်ကျနိုင်ပြီး မျိုးထုပ်တစ်ထုပ်လျှင် (၄၀၀၀) ကျပ်ဝန်းကျင် ဈေးနှုန်းရှိသည်။
စိုက်ပျိုးစရိတ်က ခါးလှည့်တဲ့မြေဩဇာဖိုးလေးရယ်၊ ဘောင်တင်တာကလည်း ကိုယ့်လုပ်အားနဲ့ ကိုယ်လုပ်တာရယ်မို့ သိပ်မကုန်ကျပါဘူး။ စိုက်ပျိုးနည်းစနစ်နဲ့ မျိုးကောင်းမျိုးသန့်ရရှိဖို့တွေကလည်း အခက်အခဲမရှိပါဘူး။ ဈေးကွက်အခက်အခဲကတော့ အခုနိုင်ငံရေးအခြေအနေနဲ့ရယ်၊ ကိုဗစ်ကာလကလည်း ဖြစ်ပြန်တော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရယ်ကြောင့်ပါ။ အမှန်တကယ်ဆို ကြက်ဟင်းခါးသီးက နှစ်တိုင်းတော့ ဈေးကွက်ကောင်းခဲ့ပါတယ်။ ပွဲစားတွေက အသီးထွက်သလောက် အကုန်ယူကြပါတယ်။ အခုနှစ်မှာမှ ဒီလိုတွေ ကြုံတွေ့နေရတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ကြက်ဟင်းခါးသီးပင် ဒဿမ ၂၀ (တစ်ဧကရဲ့ငါးပုံတစ်ပုံ) စိုက်ပျိုးပါက စင်ဆောက်ရာတွင် ကုန်ကျသည့် ဝါးဖိုးများ၊ မြေဆီနှင့်သွင်းအားစုစရိတ်များ၊ ခြံလုပ်သားခနှင့် မျိုးဖိုးများအပါအဝင် ကျပ်(၁၅၀,၀၀၀)ခန့် ကုန်ကျနိုင်ကြောင်း သိရသည်။
ချစ်မင်းဦး
လွန်ခဲ့သော ၅ နှစ် ကကျွန်တော်တို့ဘက်မှာတော့ တစ်လုံးကို၈၀ထိတော့ရသေးတယ်
အမည်မသိ
လွန်ခဲ့သော ၅ နှစ် ကအပင်ကမိုးရွာရင်သေတာဘာဆေးလိုတာလဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022