အစာအာဟာရ ချို့တဲ့ခြင်းသည် ကြီးထွားနှုန်းနှေးပြီး ဇီးရရန်ခက်ခဲသည့် အကြောင်းတစ်ခုဖြစ်သည်။ နွားကလေး များသည် တစ်ရက်လျှင် ကိုယ်အလေးချိန် ၇၀၀ ကီလိုဂရမ်နှုန်းဖြင့် ကြီးထွားရပါမည်။ အသက် ၃လ အရွယ်တွင် သားခွဲနိုင်ရမည် ဖြစ်ပြီး ၁၅ လ အရွယ်တွင် သားစပ်နိုင်ရပါမည်။ သို့မှသာ အသက် ၂နှစ်တွင် ပထမ သားမွေးဖွားနိုင်မည်ဖြစ်ပါသည်။
နွားမများသည် မွေးဖွားပြီးနောက် နောက်တစ်ကြိမ်ပုံမှန် ဇီးတောင်းနိုင်ရန်အတွက် အာဟာရပြည့်မီသော အစာ ကျွေးရန် လိုအပ်ပြီး မွေးဖွားပြီး ၃လ အတွင်း နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်နိုင်ရပါမည်။ ထို့ကြောင့် အင်အား ဓာတ်နှင့် အသားဓာတ် အချိုးမျှသောအစာကို ကျွေးမွေးရပါမည်။
နွားမတမ်းများသည် ပထမ သားမွေးပြီးသည့် တိုင်အောင် အသက် ၃ နှစ်ခန့်အထိ ခန္ဓာကိုယ် ဆက်လက်ကြီးထွား သောကြောင့် သားဖွားပြီး နွားမတမ်းများကို နွားမကြီးအုပ်စုနှင့် အတူမထားဘဲ သီးသန့်တစ်အုပ်စုခွဲ၍ မွေးမြူရ ပါမည်။ ထို့အပြင် နွားမကြီးများနှင့်အတူ မွေးမြူပါက အရွယ်မညီသည့်အတွက် အစာစားသည့်အခါများတွင် နွား မကြီးများ၏ ရန်ပြုအနိုင်ကျင့်မှုကို ခံရနိုင်သည်။
အမြွှာမွေးပါက အထီး/အမ အမွှာဖြစ်လျှင် ထိုနွားမကလေးသည် မျိုးမအောင်နိုင်ဖြစ်တတ်သောကြောင့် ဆက် လက်မွေးမြူခြင်း မပြုရပါ။
နွားမများသည် အောက်ပါအကြောင်းများကြောင့် နောက်တစ်ကြိမ်ဇီးပြန်ရရန်ခက်ခဲတတ်သည်။
- နွားကလေးမွေးရာတွင် ပုံမှန်မဟုတ်ဘဲ မွေးဖွားခြင်း။
- မွေးရခက်သည့်အတွက် လူကူရခြင်း။
- အမြွှာမွေးခြင်း။
- သားအိမ်ရောင်ခြင်းကဲ့သို့ သားအိမ်တွင် ရောဂါဖြစ်ခြင်း။
ကိုးကား - မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း