အာလူးအထွက်နှုန်းမပူပင်ရသော်လည်း ဈေးကွက်ကြိုတင်ခန့်မှန်းရခက်ခဲနေ

04/08/2021 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

လာမည့် အာလူးစိုက်ပျိုးရာသီတွင် အာလူးအထွက်နှုန်းအတွက် မပူပင်ရသော်လည်း ဈေးကွက်မှာ ယခင်နှစ်များကနှင့်မတူဘဲ ကြိုတင်ခန့်မှန်းရခက်ခဲနေကြောင်း ဆင်ဖြူကျွန်းဒေသမှ အာလူးကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

အခု လာမယ့်အာလူးစိုက်ရာသီအတွက်ကတော့ အာလူးဈေးကွက်ဘယ်လိုလာမလဲ ပြောမရသေးဘူးဗျာ။ နိုင်ငံရေးကလည်းတစ်မျိုး၊ ကိုဗစ်ရောဂါတွေနဲ့ဆိုတော့။ ပြီးခဲ့တဲ့နှစ်ကတော့ အာလူးအထွက်နှုန်းတွေလည်း ကောင်းခဲ့တယ်။ ဒီနှစ် မတ်လလောက်ကထွက်တဲ့ အာလူးတွေဆို ဈေးကောင်းလည်းရခဲ့တယ်။ ကျွန်တော်တို့ဒေသဘက်မှာတော့ အာလူးမျိုး ပိဿာချိန်တစ်ရာ စိုက်ထားတယ်ဆိုရင် အာလူးပိဿာချိန်နှစ်ထောင် အနည်းဆုံးထွက်တာမို့ အထွက်နှုန်းကောင်းတယ်။ ဒေသနဲ့ကိုက်ညီမှုရှိတဲ့သီးနှံလို့ ဆိုရမှာပေါ့။ အထွက်နှုန်းကို မပူရဘူး။ ဈေးကွက်ကသာ မခန့်မှန်းနိုင်တော့တာ။

ဟု မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းဒေသမှ အာလူး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုနေမျိုးက ပြောသည်။

    စိုက်ပျိုးထုတ်လုပ်ပြီးနောက် ထွက်ရှိလာသည့် အာလူးများကို အာလူးကြော်ဖိုများသို့ တင်ပို့ခြင်း၊ အွန်လိုင်း(အင်တာနက်)မှတဆင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်အော်ဒါမှာယူသူများထံသို့ ချိတ်ဆက်တင်ပို့ပေးခြင်း၊ ပွဲစားများမှ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းဝယ်ယူခြင်း စသည့် ပုံစံအမျိုးမျိုးတို့ဖြင့် နှစ်စဉ်ရောင်းချလာခဲ့ကြပြီး၊ ဈေးကွက်အခက်အခဲ များများစားစားမရှိခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့က အများဆုံးစိုက်ပျိုးကြတာက ကြော်အာလူး(ကြော်စားသည့်အာလူး)ပါ။ အာလူးက နှစ်မျိုးရှိတယ်လေ။ ချက်စားတဲ့အာလူးနဲ့ ကြော်စားတဲ့အာလူး မတူဘူး။ ကြော်အာလူးစိုက်တော့ အာလူးကြော်ဖိုတွေကို ရောင်းချရတာပေါ့။ ဒီကနေ အာလူးတူးပြီးတာနဲ့ ပွဲစားတွေကလည်း ဆင်းဝယ်တယ်။ လှမ်းဝယ်တဲ့ဆီတွေကိုလည်း ကျွန်တော်တို့က အိမ်မှာအထိုင်ပဲ ဖုန်းနဲ့တင် ရောင်းရုံပဲ။ ကားနဲ့တင်ပေးလိုက်တယ်ဆို ဝယ်လက်ဘက်က ကားခ၊ ကားပေါ်ကနေ အတင်အချ အလုပ်သမားခနဲ့ စရိတ်တွေကို အကုန်ရှင်းပေးကြတယ်။  ကျွန်တော်တို့က ကတ္တားပေါ်မှာတင်ပြီး ချိန်ပို့ပေးလိုက်ရုံပါပဲ။

ဟု ကိုနေမျိုးက ဆက်လက်ပြောသည်။ 

    အဆိုပါဒေသသည် ကျွန်းဒေသဖြစ်သဖြင့် ရေအတက်အကျနှင့် ရာသီဥတုအပေါ်မူတည်၍ အာလူးစိုက်ပျိုးရေးလုပ်ငန်းများကို မိုးရာသီကုန်ဆုံးပြီးနောက် ဆောင်းရာသီတွင် စတင်ကြမည်ဖြစ်ပြီး၊ နွေရာသီတွင် တူးဖော်ရောင်းချကြကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်