COVID 19 ကပ်ရောဂါကြောင့် အီးယူကိုတင်ပို့နေတဲ့ မြန်မာ့ပဲတီစိမ်း ဈေးကွက်ထိခိုက်မှုမရှိနိုင်

07/01/2021 10:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    COVID – 19  ကပ်ရောဂါဖြစ်ပွားနေပေမယ့် အီးယူကိုတင်ပို့နေတဲ့ မြန်မာ့ပဲတီစိမ်း ဈေးကွက် ထိခိုက်မှုမရှိပဲ ပုံမှန်အတိုင်း တင်ပို့နိုင်မှာဖြစ်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှုးဖြစ်သူ ဒေါက်တာကျော်ဝင်းက Green Way ကိုပြောပါတယ်။ 

အီးယူက ပုံမှန်လောက်ပဲသွားမှာပါ။ သူတို့ ဝယ်နေသလောက် ပုံမှန်ဝယ်မယ့်သဘောရှိပါတယ်။ မဝယ်ဘူးဆိုတာလည်း မရှိဘူး။ ပိုများလာမယ်ဆိုတာလည်းမဖြစ်နိုင်ဘူး။ ပုံမှန်တော့ဝယ်မယ်။ သူ့ပေါက်ရာပေါက်ဈေးနဲ့ နဂိုဝယ်နေတဲ့ တန်ချိန်ဝန်းကျင်လောက်တော့ ဝယ်သွားလိမ့်မယ်

လို့ ဒေါက်တာကျော်ဝင်း ကပြောပါတယ်။ 

    ပဲပင်ပေါက်ဖောက်စားလေ့ရှိတဲ့ အီးယူနိုင်ငံများကို ပဲတီစိမ်းတင်ပို့ဖို့အတွက် သန်လျှင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွနဲ့ ပဲခူး၊ သနပ်ပင်၊ ကဝဒေသများမှထွက်ရှိလာသည့် ပဲတီစိမ်းများကို တင်ပို့လျှက်ရှိပါတယ်။ ဒီလိုတင်ပို့ရာမှာ ပဲတီစိမ်းများတွင် လူကို အသက်အန္တရယ်ကိုဖြစ်စေသည့် E.coli (STEC) နဲ့ Salmonella ကပ်ပါးပိုးမွှားတွေကို ထုတ်လုပ်ပေးသည့် ရှီဂါ (Shiga) အဆိပ်အတောက်မပါဝင်ပဲ အရည်အသွေးကောင်းပဲတီစိမ်းများ ထွက်ရှိလာအောင် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနက GAP, GHP စတဲ့ စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းတွေကို အထူးကြပ်မတ်ဆောင်ရွက်လျှက်ရှိပါတယ်။ ဒါ့အပြင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ပြည်ပသို့ ပဲတီစိမ်းတင်ပို့ရာမှာ နှောင့်နှေးကြန့်ကြာတာတွေ မဖြစ်ရအောင်  ပြည်ပတင်ပို့ဖို့အတွက် လိုအပ်တဲ့ ပိုးမွှားကင်းရှင်းကြောင်း အသိအမှတ်ပြုလက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် E-Certificate များရယူနိုင်ရန် ကုမ္ပဏီများကို သီးနှံကာကွယ်ရေးဌာနခွဲမှ ၃ ရက်တာသင်တန်းများ ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်း စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုလို ပဲတီစိမ်းရာသီအစမှာ GAP စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာ၏ လမ်းညွှန်ချက်များနဲ့အညီ ဆောင်ရွက်နေပြီး ၂၀၂၁ ပဲတီစိမ်းရာသီအတွက်  အီးယူကို မြန်မာ့ပဲတီစိမ်းတွေတင်ပို့သွားဖို့ ကုမ္ပဏီ ၈ ခုက လျှောက်ထားလျှက်ရှိကြောင်းနှင့် GAP, GHP အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါက်တာ စန်းစန်းဝင်း က Green Way ကိုပြောပါတယ်။ 

ဒီနှစ်မှာတော့ အီးယူကို ပဲတင်ပို့ဖို့အတွက် ကုမ္ပဏီ ၈ ခုက အဆိုတင်သွင်းထားပါတယ်။ အရင်တုန်းကဆိုရင်တော့ တောင်သူတွေကို ပဲတင်ပို့ဖို့အတွက် ပဲစိုက်မယ့်ရာသီမတိုင်ခင်မှာ အီးယူကိုတင်ပို့ဖို့ လိုက်နာရမယ့် စည်းကမ်းတွေ၊ GAP, GHP အကုန်လုံးကို ကျွန်မတို့က အသိပညာပေးရပါတယ်။ ဒီနှစ်ကတော့ ကိုဗစ်ဖြစ်တဲ့အတွက် MOHS ရဲ့လမ်းညွှန်ချက်နဲ့အညီ လူ ၃၀ ထက်မပိုရဘူးဆိုတဲ့ အတွက် ရွာမှာရှိတဲ့အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုခေါ်ပြီးတော့ သင်တန်းတွေပေးပါတယ်။ သင်တန်း ပေးတယ်ဆိုတာ ပဲသက်တမ်းတစ်လျှောက်မှာကျတဲ့ ပိုး၊ ရောဂါတွေ၊ ဓာတ်ကြွင်းအာနိသင်အနည်းဆုံးဖြစ်တဲ့ ပိုးရောဂါသတ်ဆေးတွေကိုသုံးဖို့ အသိပညာပေးပါတယ်။ ဒီနှစ်မှာတော့ အရင်လို တွင်တွင်ကျယ်ကျယ်မလုပ်နိုင်တဲ့အတွက် ပန်းဖလက်တွေကိုပဲ ပိုလုပ်ပြီးတော့ သူတို့ကို ဝေပေးနိုင်ခဲ့တယ်

လို့ ဒေါက်တာစန်းစန်းဝင်းက ပြောပါတယ်။ 

    ၂၀၁၇ ခုနှစ် စာရင်းဇယားများအရ ကျပ်ငွေ ၆၈ ဘီလီယံကျော် တန်ဖိုးရှိတဲ့ စုစုပေါင်း ပဲတီစိမ်းတန်ချိန် သုံးသောင်းခြောက်ထောင်ကျော်တင်သွင်းခဲ့တဲ့ ဥရောပပဲတီစိမ်းဈေးကွက်ကိုတင်ပို့ဖို့ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီနောက် မြန်မာ့ပဲများတင်ပို့ရေး လုပ်ငန်းကြီးကြပ်အဖွဲ့ကို ဆက်လက်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ စတင်တင်ပို့နိုင်ခဲ့ပါတယ်။  

    ၂၀၁၅ ခုနှစ်ကစပြီး ဥရောပဈေးကွက်ကို စတင်တင်ပို့ခဲ့ပြီးတဲ့နောက် ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာလအထိ စုစုပေါင်းပဲတီစိမ်းတန်ချိန် လေးသောင်းခုနှစ်ထောင်ကျော်ကို ဥရောပပဲပင်ပေါက်စားသုံးသူများဈေးကွက်အတွက် တင်ပို့နိုင်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ ပဲတီစိမ်းကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်များမှာ စိုက်ပျိုးထုတ်လုပ်နေကြပါတယ်။ ၂၀၁၈-၂၀၁၉ စိုက်ပျိုးရေးဦးစီးဌာနနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ရဲ့ ထုတ်ပြန်ချက်အရ ပဲတီစိမ်းစုစုပေါင်းစိုက်ဧကမှာ ၂.၈ သန်းကျော်ရှိပြီး တစ်နိုင်ငံ လုံးပျှမ်းမျှအထွက်နှုန်းမှာ တစ်ဧကကို ၁၅.၃ တင်းဖြစ်ပါတယ်။ စုစုပေါင်းအထွက်နှုန်းမှာ တန်ချိန် ၁.၄ သန်းကျော်ရှိပြီး စုစုပေါင်းပြည်ပတင်ပို့မှုမှာ တန်ချိန် သုံးသိန်းလေးသောင်းနီးပါးရှိပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ သန်းပေါင်းသုံးရာနီးပါး ရရှိထားပါတယ်။ 

    မြန်မာ့ပဲတီစိမ်းတွေကို အီးယူနိုင်ငံများအပြင် တရုတ်၊ စင်္ကာပူ၊ ၊ ဗီယက်နမ်၊  အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေကိုလည်း တင်ပို့နေပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်