ရော်ဘာမျိုးကိုင်းပွားနည်းလေး လေ့လာကြည့်ကြရအောင်

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

၁။ စိုက်ပျိုး တည်ထောင်ခြင်း                 

မျိုးသန့်အဖူးကူး ပျိုးပင်များအား ပျိုးထောင် ထုတ်လုပ်ရန်အတွက် လက်ခံပျိုးပင်များတွင် စိုက်ပျိုးလိုသည့် မျိုးသန့်မျိုးမှ အဖူးများကို အဖူးကူးရပါသည်။ မျိုးသန့်မျိုးမှ စံချိန်မှီ မျိုးကိုင်းနှင့် အဖူးများအား ရရှိနိုင်ရန်အတွက် မျိုးအလိုက် မျိုးသန့်ကိုင်းပွားခင်းကို တည်ထောင်ရပါသည်။ ရော်ဘာ စိုက်ပျိုးမည့် ဧရိယာတွင် အဖူးများ လုံလောက်စွာ ရရှိရန်အတွက် မျိုးကိုင်းပွားခင်းအား၂-၃နှစ် ကြိုတင်ပြီး တည်ထောင်ရပါသည်။                  

စိုက်ခင်းတွင် မြေပြင်သည့်အတိုင်း မြေပြုပြင်ပြီး ပင်ကြားတန်းကြား (၆ပေ×၃ပေ)၊ (၄ပေ×၄ပေ) စိုက်သင့်ပြီး စိုက်ပျိုးရာတွင် မျိုးမရောစေရန် ထိန်းသိမ်းပြုစုမှု လွယ်ကူရန်နှင့် မျိုးကိုင်းရရှိမှု၊ ခန့်မှန်းတွက်ချက်မှု လွယ်ကူရန် မျိုးအလိုက် အကွက်များခွဲပြီး အကွက်တစ်ခုနှင့်တစ်ခုကြားတွင် ၈ပေ အကျယ်ထားသင့်သည်။ ကိုင်းပွားခင်း တစ်ဧကတွင် ပျမ်းမျှအပင် အရေအတွက် (၂၀ဝဝ) အနည်းဆုံး ဝင်ဆန့်စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။   

၂။ မျိုးကိုင်းပွားခင်း ပြုစုထိန်းသိမ်းခြင်း             

စိုက်ပျိုးထားသည့် ပျိုးပင်အမျိုးအစားပေါ် မူတည်၍ ထိန်းသိမ်းပြုစုခြင်း လုပ်ငန်းများကို ဆောင်ရွက်ရပါသည်။  မျိုးကိုင်းပွားခင်းတွင် မြေဩဇာကျွေးခြင်း၊

   

    

၃။ မျိုးကိုင်းဖြတ်တောက် မွေးမြူခြင်း     

မျိုးကိုင်းဖြတ်တောက်မွေးမြူခြင်းကို အချိန်မီ ပြုလုပ်နိုင်ရန်အတွက် အဖူးကူးခြင်း အမျိုးအစားအလိုက် လက်ခံပင် သက်တမ်း၊ မျိုးကိုင်းသက်တမ်း၊ အဖူးကူးရာသီတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

     

မျိုးကိုင်းပွားခင်းမွေးမြူခြင်းတွင် ပထမနှစ်၌ အပင်ဘေးကိုင်းများ မထွက်စေဘဲအမြင့်(၇-၈)ပေ၊ ရွက်ဖုံရ-၈ဖုံနှင့် လုံးပတ် တစ်လက်မ ရသည်အထိမွေးမြူ ထားရမည်။ ပထမအဆင့်အနေဖြင့် သြဂုတ်၊ စက်တင်ဘာလတွင်မွေးမြူထားသော အပင်၏ ထိပ်ဆုံးအညွန့်ရွက်ဖုံကို ဖြတ်တောက်ခြင်း၊ ဖြတ်တောက် ထားသောအောက်ခြေမှ ထွက်လာသည့်ဘေးတက်များမှ ကျန်းမာသန်စွမ်းသော ဘေးကိုင်း၄-၅ကိုင်းကို ချန်ထားပြီး ကျန်ကိုင်းများကို ဖယ်ရှားပစ်ရမည်။ ဖြတ်တောက်မွေးမြူထားသော မျိုးကိုင်းများ၈-၁၀ပတ် ကြာသောအခါ အရွက်ဖုံများ ရင့်လာပြီး အဖူးနု၊ အဖူးစိမ်းကူးခြင်းအတွက် မျိုးကိုင်းများကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၄။ ဖူးနုနှင့် ဖူးစိမ်းအတွက် ကိုင်းမွေးမြူခြင်း                       

                                                       

ဖြတ်ထားသောပင်စည်မှ ထွက်လာသည့် ကျန်းမာပြီး သန်စွမ်းသော ဆန့်ကျင်ဘက် ကိုင်း၂ခုကိုသာ ချန်ထားပြီး ကျန်အတက်များအား ငယ်စဉ်မှာပင် ဖြတ်ပေးရပါမည်။ မျိုးကိုင်းပွားခင်းသည် အနည်းဆုံး ၁၄လ-၁၈လ ဖြစ်ရပါမည်။ ပထမဆုံး ပုံသွင်းဖြတ်ထားသော အချိန်သည် မတ်လဖြစ်ပါက မွေးမြူထားသည့်ကိုင်းသည် စက်တင်ဘာလတွင် ရွက်ဖုံ၄-၅ဖုံ အနည်းဆုံးရှိရပါမည်။            

အကယ်၍ ဆန့်ကျင်ဘက် ၂ကိုင်းအား ဖူးစိမ်းအတွက်မွေးပါက စက်တင်ဘာလကုန်တွင် ခေါင်နှိမ်ခြင်း၊(Topping) ပြုလုပ်လျှင် ထွက်လာသောကိုင်းအား နိုဝင်ဘာ၊ ဒီဇင်ဘာတွင် အဖူးနုကူးနိုင်ပါသည်။

                                                              

နိုဝင်ဘာလတွင် အဖူးကူးခြင်းဆောင်ရွက်ပြီးပါက ပင်စည်မကြီးမှ ဆန့်ကျင်ဘက် ၂ကိုင်းကို (၁၅) စင်တီမီတာ(၆ လက်မ) အရှည်ချန်လှပ်ပြီး ဖြတ်တောက်ရပါသည်။ ၎င်းမှ ဆန့်ကျင်ဘက် နှစ်ကိုင်းစီ မွေးမြူ ရပါမည်။

                                                            

ကျန်ရှိသော ကိုင်းနုများအားနောက်တစ်ကြိမ် ဩဂုတ်၊ စက်တင်ဘာလရောက်သည်ထိ ဖြတ်ပစ်ရပါမည်။ ၎င်းအဆင့်တွင် စုစုပေါင်း မျိုးကိုင်း(၄) ကိုင်းမွေးမြူပြီး ဖြစ်ပါသည်။ (၄) ကိုင်းမှ ၁၅စင်တီမီတာ(၆လက်မ) ချန်လှပ်ပြီး ဖြတ်တောက် အသုံံးပြုရပါသည်။ ၎င်း(၄)ကိုင်းစီမှ ဆန့်ကျင်ဖက်(၂)ကိုင်းစီ ထပ်မွေး ရပါသည်။ အများဆုံး(၈)ကိုင်း အထိမွေးမြူအသုံးပြုခြင်းသည် သန်စွမ်းသောကိုင်းများကို ရရှိနိုင်မည်ဖြစ်သည်။ ၎င်းထက် ပိုများပါက ကိုင်းများအရွယ်အစား စံချိန်မမှီသော ကိုင်းညှက်များ ဖြစ်နေတတ်သည်။

                                              

၅။ အဖူးညိုအတွက် ကိုင်းမွေးမြူခြင်း       

အဖူးညိုအတွက် အသုံးပြုမည့်မျိုးကိုင်းကို အညိုရောင်ပြောင်းသည်ထိ ရွက်ဖုံ(၇-၈)ဖုံ ထိဘေးကိုင်း မထွက်စေဘဲ မွေးမြူရပါသည်။ ကိုင်းမဖြတ်မှီ (၇)ရက် ကြိုတင်ပြီး အရွက်များ ဖြတ်ချကာ မျိုးကိုင်းကို(၁) ပတ်အတွင်း အသုံးပြုနိုင်ပါသည်။

မျိုးကိုင်းများ ဖြတ်ယူအသုံးပြုရာတွင် ဓားထက်ထက် သို့မဟုတ် ကိုင်းဖြတ်ကတ်ကြေးဖြင့် ပင်စည်မကြီးမှ ရွက်ဖုံတစ်ဖုံချင်းအလိုက် အဆင့်ဆင့်ဖြတ်ကာ အသုံးပြုပြီး နောက်ဆုံးအဖူးကူးနေရာမှ ၄၅စင်တီမီတာ (၁ ပေခွဲ) အမြင့်တွင် လက်လွှဖြင့် ဖြတ်တောက်ပေးရပါသည်။

နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေး ဌာန (မော်လမြိုင်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်