Eco Village Farm School မှ လူငယ်ကျောင်းသားများအား လျောက်လွှာခေါ်ယူခြင်း

14/06/2017 14:20 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

NEED - အဖွဲ့အစည်းအား ၂ဝဝ၆ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဦးခိုင်ဓူဝံမှ တည်ထောင်ခဲ့ပြီး မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေး၊ အသက်မွေးလမ်းကြောင်း ရပ်တည်နိုင်ရေးနှင့် အကျိုးစီးပွား ရပိုင်ခွင့်များအား အကာအကွယ်ပေးနိုင်စေရန်အလို့ငှာ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းမှ မျိုးဆက်သစ် လူငယ်များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေး၊ လူထုအခြေပြု စိုက်ပျိုးရေး လုပ်ငန်းများ တိုးတတ်ဖွံဖြိုးရေး၊ သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲခြင်းတို့နင့် ပတ်သက်၍ လေ့ကျင့်သင်ကြားပေးခြင်း စွမ်းဆောင်ရည်မြင့် ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိပါသည်။ ၂ဝ၁၃-ခုနှစ်မှ စတင်၍ MFI- Program အား EVF - program (Eco Village Farm) အမည်ဖြင့် ပြောင်းလဲဖွင့်လှစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားလူမျိုးများမှ လူငယ်အယောက် ၄ဝ အား ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ EVF ကျောင်း၌ နှစ်စဉ်လေ့ကျင့် သင်ကြားပေးလျက်ရှိပါသည်။

မျှော်မှန်းချက်

 စီးပွားရေး၊သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ရေရည်တည်တံ့ခိုင်မြဲသော လုပ်ဆောင်ချက်များ၌ြ မြဲမြံစွာအမြစ်တွယ်သည့် လူထုအခြေခံသော “လူထုအခြေပြုဖွံဖြိုးရေး’’ နှင့် “ဘက်စုံဖွံဖြိုးရေးနည်းဗျျူဟာ” များကို ပူးပေါင်လုပ်ဆောင်ခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိစေရေးအတွက် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအား ပိုမိုအားကောင်းလာစေရန် စွမ်းရည်မြှင့်တင်ရေး၊ မြန်မာပြည်သူအားလုံး အခြေခံ အခွင့်အရေးများနှင့် လုံခြုံစိတ်ချရသောဘဝတိ့ိုကို ပိုင်ဆိုင်နိုင်စေရန် လူသားချင်းစာနာမှုနှင့် အစားအစာလုံလောက်စွာရရှိမှု တို့အတွက် ယုံယုံကြည်ကြည်ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ရည်မှန်းချက်ပန်းတိုင်

အခြေခံလူတန်းစားများအတွက် လုံလောက်သော စားနပ်ရိက္ခာရရှိမှု၊ စိတ်ချလုံခြုံမှုရှိသော လူနေမှုဘဝများ ပိုင်ဆိုင်နိုင်ရန် ပြည်သူလူထုတို့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ အစဉ်တိုးတတ်သော ဖွံဖြိုးရေးလမ်းကြောင်းတစ်ခု ဖော်ဆောင်ရန်။ မြန်မာနိုင်ငံတစ်ဝှမ်း၌ ရိုးရာဗဟုသုတများကို အခြေခံသည့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးလုပ်ငန်းများကို ပူးပေါင်းတိုးမြင့်လုပ်ဆောင်ခြင်းဖြင့် ရှေးရိုးရာ အစဉ်အလာ စိုက်ပျိုးရေး လုပ်ငန်းများအား သမားရိုးကျမဟုတ်သော နည်းပညာများ ပံ့ပိုးပေး၍ မြင့်တင်ရန်။

Eco Village Farm School

EVF သင်တန်းကျောင်းသည် NEED အဖွဲ့၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ၂၀၁၃ ဇွန်လတွင် သင်တန်းအမှတ်စဉ် (၁) ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အား စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ သင်တန်းအမှတ်စဉ်(၄) အား၂၀၁၇ မတ်လတွင် အောင်မြင်စွာ သင်ကြားပို့ချ ခဲ့ပြီးဖြစ်ပါသည်။ (www.facebook.com/need.organics သို့ ဝင်ရေ က်ကြည့်ရှု့ နိုင်ပါသည်။ )

မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဖွံဖြိုးရေးကွန်ယက် (NEED-Myanmar) ၊ EVF သင်တန်းကျောင်း၊ သင်တန်း အမှတ်စဉ် (၅) ၊၂၀၁၇ ပညာသင်နှစ် အတွက် မြန်မာနိုင်ငံ တဝှမ်းမှ သင်တန်း သားအယောက် (၄၀) အား ခေါ်ယူမည်ဖြစ်ပြီး ဇူလိုင် ၂၀၁၇ မှ ဒီဇင်ဘာ ၂၀၁၇ အထိ သင်ကြားပေးမည့် ခြောက်လတာသင်တန်း ဖြစ်ပါသည်။

သင်တန်းသူ/ သားများသည် ရန်ကုန်တိုင်း၊ မှော်ဘီမြို့အပြင်ဘက၊် သဘာဝစိုက်ခင်းရှိ EVF သင်တန်းကျောင်း၌ နေထိုင်ပြီး လေ့လာသင်ယူကြရမည် ဖြစ်ပါသည်။

လျာက်ထားသူများ လိုအပ်သော အရည်အချင်း

• အသက် ၁၆ နှစ်နှင့် ၂၅ နှစ်ကြား ဖြစ်ရမည်။ မြန်မာ ဘာသာ (အရေး၊ အဖတ်၊ အပြော ) ကျွမ်းကျင်စွာ တက်မြောက်ရမည်။ •

• လူမျိုး၊ ဘာသာ၊ လိင်ကွဲပြားမှုများအားလေးစားသူ။ •

• လူမှုရေး လုပ်ငန်းများတွင် အနည်းဆုံးတစ်နှစ် ပါဝင်လုပ်ကိုင်ဖူးသူ။ •

• မိမိကိုယ်ကို ထိန်းကျောင်းနိုင်သောသူ။ •

• ကျန်းမာသန်စွမ်းသောသူ ဖြစ်ရမည်၊၊

• သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်သောသူ ဖြစ်ရပါမည်။ •

• မိမိဒေသ၌ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ လုပ်ဆောင်ရန် စိတ်အားထက်သန်သောသူ။

မည်သည့် အကြောင်းအရာများအား လေ့လာသင်ယူရမည်နည်း

 ရေရှည်တည်တံ့ ခိုင်မြဲသော စိုက်ပျိုးရေး ( Sustainable agriculture)

• သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေး ( Environmental Conservation)

• စီးပွားရေးနှင့် အစားအစာ လုံခြုံမှု ( Economic and Food Security)

• သဘာဝအရင်းအမြစ်များ စီမံခန့်ခွဲမှု ( Natural Resources management)

• ရပ်ရွာ လူထုနှင့် စီးပွားရေး ဖွံဖြိုးတိုးတတ်မှု (Community & Economic Development)

• ခေါင်းဆောင်မှု ( Leadership)

• စီမံကိန်းများရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း ( Basic Project design & Management)

တစ်နေ့တာ အချန်ဇယား

*တနလာၤေန႔ မွ ေသာၾကာ

• ၆းဝဝ အိပ်ရာထချိန် •

• ၇း၃၀ နံနက်စာစားချိန် •

• ၈းဝဝ-၁၁း၃၀ စာသင်ချိန်

• ၁၁း၃၀- ၁၃း၃၀ နေ့လည်စာစားချိန် •

• ၁၃း၃၀- ၄းဝဝ စာသင်ချိန် •

• ၁၇းဝဝ- ၁၈း၃၀ စိုက်ခင်းလုပ်အားပေး အားလပ်ချိန် •

• ၁၈း၃၀- ၁၉း၃၀ ညနေစာစားချိန် •

• ၁၉း၃၀- ၂၁းဝဝ အိမ်စာ နောက်နေ့ သင်ခန်းစာအတွက်ပြင်ဆင်ချိန် •

• ၂၂ းဝဝ အိပ်ရာဝင်ချိန်

*စေန --- တနဂၤေႏြ*

အားလပ်ရက်၊ အလုပ်ရုံ ဆွေးနွေးပွဲများ။

မည်ကဲ့သို့ သင်ကြားပေးမည်နည်း

NEED အဖွဲ့နှင့် အတူ ဆယ်နှစ်တာ ဖြတ်သန်းလာခြဲ့ကသော အတွေ့အကြုံရင့် ဝန်ထမ်းများ ပံ့ပိုးကူညီမှုဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လုပ်ငန်းအတွေ့အကြံုရှိသော ဒေသခံမြန်မာလူမျိုး သင်တန်းဆရာ များနှင့် နိုင်ငံတကာမှ သင်တန်းဆရာများ လေ့ကျင့် သင်ကြားပေးမည် ဖြစ်ပါသည်။

ကုန်ကျစာရိတ်

Eco Village Farm School သည် သင်တန်းသားများအတွက် သင်တန်းကြေးပေးစရာ မလိုသော အခမဲ့သင် တန်း ဖြစ်ပြီး၊ ကျောင်းသားများ အတွက် လိုအပ်သော စာရွက်၊ ဘောပင်စသော စာသင်ခန်းသုံးပစ္စည်း များအား ကျောင်းမှ အခမဲ့ ပေးဝေ ပေးမည်ဖြစ်ပါသည်။

ကျာင်းသားများသည် မိမိတို့ နေရပ်မှ ကျောင်းသို့ လာရောက်သော စာရိတ်အား ကိုယ်တိုင် ကုန်ကျခံရမည်ဖြစ်ပါသည်။ ကျောင်းပြီးဆုံးပါက ကျောင်းမှ မိမိ နေရပ်သို့ အပြန်ခရီးစာရိတ်အား ကျောင်းမှ ကုန်ကျခံပေးမည်ဖြစ်ပါသည်။ (** လေယာဉ် ခရီးစာရိတ်အား ကျခံမည်မဟုတ်ပါ **)

မှက်ချက၊်၊ ။ အကယ်၍ ခရီးစာရိတ်အတွက် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက ကျောင်းမှ တာဝန်ရှိသူများထံ ကြိုတင် အကြောင်းအကြားနိုင်ပါသည။် ထောက်ပံ့ကြေး

သင်တန်းသားများ၏ ရေချိုးခန်းသုံးပစ္စည်းများ (ခေါင်းလျော်ရည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး) အတွက် ရည်ရွယ်၍ လစဉ်ထောက်ပံ့ကြေး (၁၀၀၀၀)ကျပ် ပေးဆောင်မည်ဖြစ်ပါသည်။

ထောက်ခံချက်

လျှာက်ထားသူအတွက် ထောက်ခံစာအား လျှောက်လွှာနှင့် အတူ ပူးတွဲပါရှိသည့် ထောက်ခံချက် ပုံစံအား ရေးသွင်းပေးရမည်ဖြစ်ပါသည်။ ထောက်ခံစာအား မြန်မာ၊ အင်္ဂလိပ် ကြို

က်နှစ်သက်ရာ ဘာသာဖြင့် ရေးသား နိုင်ပါသည်။ ထောက်ခံစာအား ကျောင်းဆရာ/မ၊ ရက်ကွက်/ရပ်ရွာ အုပ်ချုပ်ရေးမှူး၊ မိမိဒေသရှိ အများကြည်ညို လေးစားရသော ပုဂ္ဂိုလ၊် မိမိ အဖွဲ့ အစည်း၏ ခေါင်းဆောင်များ ရေးသားနိူင်ပါသည်။ ထောက်ခံစာအား Email [email protected] (သို့) အိပ်ပိတ်၍ စာတိုက်မှဖြစ်စေ အထက်ပါ လိပ်စာသို့ တိုက်ရိုက်ပေးပို့နိုင်ပြီး၊ လျှောက်လွှာနှင့် အတူပေးပို့ လျောက်ထားနိုင်ပါသည်။ အနည်းဆုံး ပုဂ္ဂိုလ်နှစ်ဦးမှ ထောက်ခံရပါမည်။ ထောက်ခံစာအား မိမိ မိသားစုဝင်များ၊ ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်းများအား ရေးသားခွင့် မပြုပါ။

နေရာ ထိုင်ခင်း

သင်တန်းသားများအတွက် သင်တန်းကျောင်းဝန်း၌ အမျိုးသား/ အမျိုးသမီး လူနေဆောင် သီးသန့်ဖြင့် နေထိုင် စေမည်ဖြစ်ပါသည။် ကျောင်းသား/သူများသည် သဘာဝနှင့် လိုက်လျောညီထွေမှု ရှိသော အဆောက်အဦးများ ( Eco home) များ၌ နေထိုင်ကြရမည်ဖြစ် ပါသည။်

အစားအသောက်

အစားအသောက်အား ကျောင်းမှ အခမဲ့ ကျွေးမွေးမည် ဖြစ်ပါသည်။ စိုက်ခင်းမှ ထွက်ရှိသော ဓာတုလွတ် အသီး အနှံ များနှင့် လတ်ဆက်သော အသား ငါးများ၊ စိတ်ချ လုံခြုံမှု ရှိသော အစားအစာများကိုသာ ကျွေးမွေး မည်ဖြစ်ပါသည်။ ကျောင်းသား/သူများသည် EVF တည်ရှိရ သဘာဝစိုက်ခင်း၌ ဝန်ထမ်းများ၏ ကူညီမှုဖြင့် မိမိ တို့၏ အစားအစားအတွက် ကိုယ်တိုင်စိုက်ပျိုးကြ ရပါမည်။

သင်တန်းပြီးဆုံးပြီးနောက်

ကျောင်းသား/သူများ သင်တန်းပြီးဆုံးပြီးနောက် မိမိတို့၏ နေရပ်၌သော်လည်းကောင်း၊ မိမိတို့၏ အဖွဲ့ အစည်းတွင်သော်လည်းကောင်း၊ လူထု ဖွံ့ဖြိုးရေး လုပ်ငန်းများကို အနည်းဆုံးတစ်နှစ်လုပ်ဆောင်ကြရပါမည်။ မိမိတို့ NEED-Myanmar အနေဖြင့်လည်း နိုင်ငံတကာ အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်း၊ နည်းစနစ် အကြံဉာဏ်များပေးခြင်း စသောကျောင်းသားများ၏ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများအား အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

Program အကြောင်း ပိုမိုသိလိုပါက ဆက်သွယ်မေးမြန်းရန်

EVF- School နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက [email protected] (သို့) 09421769254, 0933547191 သို့ ရုံးချိန် အတွင်း တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည။်

အောက်ပါ link များတွင် လျောက်လွှာများကို download ရယူနိုင်ပါတယ်။

/sites/greenwaymyanmar.org/files/2.%20EVF%20Application%20B-5%20%282017%29%20%283%29_0.doc

/sites/greenwaymyanmar.org/files/3.%20EVF%20%20recommendation%20form%20in%20burmese%202017%20%282%29.doc

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်