အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နော်ဝေအစိုးရ၏ အကူအညီဖြင့် ထိုင်နိုင်ငံရှှိ AIT ကျောင်းက ပညာသင်ဆုများပေးမည်

နော်ဝေအစိုးရ၏ အကူအညီဖြင့် ထိုင်နိုင်ငံရှှိ AIT ကျောင်းက ပညာသင်ဆုများပေးမည်

Green Way
Green Way • Greenovator • 25/01/2014

ထိုင်းနိုင်ငံရှိ Asian Institiute of Technology (AIT) ကျောင်းသည် နော်ဝေအစိုးရ၏ ကူညီထောာက်ပံ့မှုဖြင့် မြန်မာနိုင်ငံမှ ဘွဲ့လွန်သင်တန်းတက်ရန်  လျှောက်ထားသူများထဲမျ ကျောင်းသား ကျောင်းသူဦးရေ ၄၀ ခန့်အား NMFA Scholarship for Myanmar ၂၀၁၄ အမည်ရှိ ပညာသင်ဆု ကို ပေးအပ်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆုကို လျှောက်ထားလိုသူသည် တက္ကသိုလ်တစ်ခုခုမှ  ဘွဲ့ ရပြီးသူ ဖြစ်ရမည်ဖြစ်ပြီး GPA အနည်းဆုံး ၂.၇၅ ရှိရမည်လည် ဖြစ်သည်။  ထို့အပြင် အင်္ဂလိပ်စာ အရေးအပြော ကျွမ်းကျင်ပြီး လုပ်ငန်း အတွေ့အကြုံ တစ်နှစ်ရှိကာ အသက် ၄၀ အောက် အရွယ်လည်း ဖြစ်ရမည်ဖြစ်သည်။ NMFA (Norwegian Miistry of Foreign Affairs) သည် ရွေးချယ်ခံရသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းလခ အပါဝင် ပညာသင်စရိတ်အားလုံး ထောက်ပံ့မည်ဖြစ်သည်။

စိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူများသည် လျှောက်လွှာများကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း၊ ပုလဲကွန်ဒို (Building B) ပထမထပ်တွင်ရှိသော AIT AA Myanmar Chapter အခန်း F ၂၁၊ (KOE Dental Clinic) တွင် ရယူခြင်းနှင့် တင်းခြင်းများ ပြုလုပ်နိုင်ပြီး အသေးစိတ်အချက်များကိုလည်း စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်မေးမြန်းနိုင်သည် ဖုန်းနံပါတ်များမှာ ၀၉ ၂၅၀၀ ၈၈၈၈၆၊ ၀၉ ၅၁၁ ၉၈၅၈ တို့ဖြစ်ပြီး [email protected] သို့လည်း အီးမေးလ်ဖြင့် စုံစမ်းနိုင်ကြောင်းလည်း သိရသည်။

AIT ၏ တရားဝင် ဝက်ဆိုဒ်မှ http://www.ait.ac.th/admissions/Current_Scholarships/nmfa-scholarships-f...တွင်လည်း ပညာသင်ဆုနှင့် ပတ်သတ်ပြီး သိလိုသည့် အချက်အလက်များ ဆက်သွယ်စုံစမ်းနိုင်ပြီး ဖေဖော်ဝါရီလ ၂၁ ရက်တွင် နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆုများ ပေးအပ်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၃၁ ရက်၊ နံနက်ပိုင်းတွင်  နော်ဝေသံရုံး၌ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဦးချယ်

Credit: Journal and Facebook uploader

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

(အမျိုးအစားမှာ ပင်စိမ်းမတွေ့လို့ ခရမ်းချဉ်ထည့်ထားတာပါ) ပင်စိမ်းပင်အားလုံး အရွက်နုတွေတွန့်လိပ်ပြီး ပိုးတွေ့တယ်။ဆပ်ပြာရည်နဲ့ထိုးချလည်းမကုန်ဘူး ပြန်ဖြစ်တယ်။ ဘယ်လိုလုပ်ရမလဲ ကူညီပါဦးဆရာတို့ 🙏။ ပင်စိမ်းပင်ပါ။

ကို ငယ် • ဖြေကြားချက် 1 ခု

ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ

စောတိုးသူဝင်း • ဖြေကြားချက် 1 ခု

ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါပြီ

ဦးဝင်း • ဖြေကြားချက် 4 ခု

trichoderma ဖြန်းပီးနောက်ရက် နွားသေး နွားချေး တမာရွက်ဆေးရည်ဖြန်းလို့ရသလားဗျ အဲ့ဆေးရည်ဖော်စပ်ပီးဘယ်နှစ်ရက်ထိထားသိုနိုင်ပါသလဲဗျ သိချင်ပါတယ်

wai phyo naing • ဖြေကြားချက် 2 ခု

နှမ်းခင်းထဲကမှာ မြက်မရှိပါဘူး တောဇီးပူ ပဲရှိတာ တောဇီးပူ သေတဲ့ ရွေးချယ် ပေါင်းသတ်ဆေး‌ရှိပါသလားခဗျ လမ်းညွှန်ပေးပါကြဦး

khant zin • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။