သမုဒ္ဒရာထဲမှ ပလတ်စတစ်မှုန်များကို ကြက်ဥအကာအသုံးပြုဖယ်ရှားနိုင်မည့် နည်းလမ်းတွေ့

15/06/2023 16:19 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ကြက်ဥအကာဟာ ကြွက်သားတည်ဆောက်ဖို့နဲ့ ကိုလက်စထရောလျှော့ချဖို့အတွက် ကောင်းမွန်တာဖြစ်ပေမဲ့ ၎င်းတို့ဆီမှာ မီးဖိုချောင်ထက်စားစရာဆိုတာထက် သာလွန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိနေကြောင်း တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ Princeton တက္ကသိုလ်က သုတေသီတွေဟာ ကျွန်တော်တို့ရဲ့ နံနက်စာ (ကြက်ဥ)ကို  သမုဒ္ဒရာထဲမှ ပလတ်စတစ်အပိုင်းစအမှုန်ငယ်လေးများ (microplastics) ကို ဖယ်ရှားပစ်နိုင်တဲ့ ပစ္စည်းအသစ်အနေနဲ့ ပြောင်းလဲဖို့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။

ပလတ်စတစ် အပိုင်းစငယ်လေးတွေဟာ ဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားဖြစ်ထုတ်ကုန်တွေနဲ့ ပိုမိုကြီးမားတဲ့ ပလတ်စတစ်တွေ  ပြိုကွဲပျက်စီးကနေ ဖြစ်ပေါ်လာတဲ့ အလွန့်အလွန်သေးငယ်သော ပလတ်စတစ်အမှုန်လေးတွေ  ဖြစ်ပါတယ်။

ပလတ်စတစ်အမှုန်လေးတွေကို ကျွန်တော်တို့ရဲ့ အစားအစာနဲ့ ရေထဲမှာ ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့ကနေ ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်တာပါ။ ပလတ်စတစ်အမှုန်တွေဟာ နေရာတိုင်းမှာရှိနေတာဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေထဲမှာတော့ ပလတ်စတစ်အပိုင်းအစပေါင်း ၂၄ ထရီလီယံ (1 trillion = 1,000,000,000,000) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Princeton မှ သုတေသီအဖွဲ့ဟာ ပုံမှန်အတိုင်း စတိုးဆိုင်ကနေ ဝယ်ယူလာတဲ့ ကြက်ဥအကာတွေကို အသုံးပြုပြီး ရေစစ်ထုတ်ယူခြင်း၊ စွမ်းအင်သိုလှောင်ခြင်းနဲ့ အပူလျှပ်ကာများအတွက် အသုံးပြုနိုင်တဲ့ ပေါ့ပါးသောပစ္စည်းဖြစ်တဲ့ aerogel ဆိုတာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Princeton ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာလက်ထောက်ဌာနမှူး Craig Arnold ဟာ အသားညှပ်ပေါင်မုန့်ကို စားနေချိန်မှာပဲ အဆိုပါလုပ်ငန်းစဉ်အတွက် စိတ်ကူးရလာခဲ့တာ ဖြစ်ပါတယ်။

"အဲဒီမှာထိုင်ပြီး ကျွန်တော် အသားညှပ်ပေါင်မုန့်ကို စိုက်ကြည့်နေခဲ့တာ။ ပြီးတော့ 'ဒါက ငါတို့လိုအပ်တဲ့ ဖွဲ့စည်းပုံမျိုးပဲ' ဆိုပြီး ကိုယ့်ဘာသာကိုယ် တွေးခဲ့မိတယ်” လို့ Arnold က Phys.org ကို ပြောခဲ့ပါတယ်။

Arnold ဟာ မုန့်လုပ်နည်းအမျိုးမျိုးနဲ့ ကာဗွန်ကို ရောစပ်ခြင်းဖြင့် aerogel ရဲ့ ဖွဲ့စည်းပုံကို ပုံတူပွားများဖို့ သူ့အဖွဲ့ကို ပြောထားပါတယ်။ အဲ့ဒီနောက် သုတေသီအဖွဲ့ဟာ စမ်းသပ်မှုတစ်လျှောက်လုံးမှာ ကြက်ဥအကာများသာကျန်တော့တဲ့အထိ ပါဝင်ပစ္စည်းတွေကို  ထုတ်ယူပစ်လိုက်ကြတာ ဖြစ်ပါတယ်။

" ကျွန်တော်တို့ဟာ ပိုမိုရှုပ်ထွေးတဲ့ စနစ်တစ်ခုနဲ့ စတင်လိုက်ပြီး အဓိကလိုရင်းကိုရောက်တဲ့အထိ တဆင့်ပြီးတဆင့် လျှော့ချခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်" လို့ Arnold က Phys.org ကို ပြောကြားခဲ့ပါတယ်။

" ကြက်ဥအကာထဲမှာရှိနေတဲ့ ပရိုတင်းဓာတ်တွေဟာ ကျွန်တော်တို့လိုအပ်တဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေဆီကို ဦးတည်နေပါတယ်" လို့ သူကပြောပါတယ်။

ကြက်ဥအကာတွေဟာ ၎င်းတို့ထင်ထားတာထက် ပိုမိုရှုပ်ထွေးပြီး အပြန်အလှန်ချိတ်ဆက်ထားတဲ့ ကာဗွန်ဖိုင်ဘာတွေနဲ့ graphene အလွှာများအဖြစ် ပြောင်းလဲနိုင်တာ ဖြစ်ပါတယ်။ အဆိုပါအလွှာတွေဟာ အလွန်ပါးလွှာတဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး နောက်ဆုံးမှာ graphite အဖြစ်သို့ ပြောင်းလဲသွားနိုင်တာ ဖြစ်ပါတယ်။

သုတေသီတွေဟာ အဆိုပါ အသွင်ကူးပြောင်းမှုကို ပြီးမြောက်စေဖို့အတွက် အောက်စီဂျင်မရှိတဲ့ ပတ်ဝန်းကျင်မှာ ကြက်ဥအကာထဲက ပရိုတင်းတွေကို အေးခဲစေပြီးနောက် အခြောက်ခံကာ (freeze-dried) ၉၀၀ ဒီဂရီစင်တီဂရိတ် (၁၆၀၀ ဒီဂရီဖာရင်ဟိုက်အထက်) မှာ အပူပေးထားတာ ဖြစ်ပါတယ်။

Materials Today က ထုတ်ဝေတဲ့ စာတမ်းတစ်ခုမှာ Arnold နဲ့ သူရဲ့ တွဲဖက်စာတမ်းရေးသားသူတွေအနေနဲ့ သုတေသနကနေ နောက်ဆုံးရရှိလာတဲ့ပစ္စည်းဟာ ပင်လယ်ရေထဲက ဆားနဲ့ ပလတ်စတစ်အပိုင်းစငယ်တွေကို ၉၈ ရာခိုင်နှုန်းနဲ့ ၉၉ ရာခိုင်နှုန်း ထိရောက်စွာဖယ်ရှားနိုင်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရရှိလာတဲ့ ကြက်ဥအကာပစ္စည်းဟာ ထုတ်လုပ်ဖို့ ဈေးနှုန်းအားဖြင့် မများသလို စွမ်းအင်သက်သာပြီး ထိရောက်မှုလည်း မြင့်မားပါတယ်။

သုတေသနစာတမ်းရေးသားသူ တစ်ဦးပဲဖြစ်တဲ့ Sehmus Ozden က "  Activated carbon တွေဟာ ရေသန့်စင်ဖို့အတွက် အသုံးပြုရာမှာ ဈေးအသက်သာဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒါနဲ့ ဒီတွေ့ရှိမှုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တော့ ဒါကအများကြီးပိုကောင်းပါတယ်"  လို့ ဆိုလိုက်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.thecooldown.com/green-tech/egg-whites-microplastics-filter/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်